• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • BYD Song Plus လျှပ်စစ်ကားတစ်စင်းကို မိုးကြိုး ၃ ကြိမ်ပစ်ရာ ကားပိုင်ရှင်နှင့် ကားတွင် ထိခိုက်မှု တစုံတရာ မရှိခဲ့သည့် အံ့ဖွယ်ဖြစ်ရပ်

BYD Song Plus လျှပ်စစ်ကားတစ်စင်းကို မိုးကြိုး ၃ ကြိမ်ပစ်ရာ ကားပိုင်ရှင်နှင့် ကားတွင် ထိခိုက်မှု တစုံတရာ မရှိခဲ့သည့် အံ့ဖွယ်ဖြစ်ရပ်

  • 203 views

e59bbee78987-84-e1754633528197-768x432.jpg
တရုတ်ပြည် အနောက်တောင်ပိုင်း ကွမ်ရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပေဟိုင်မြို့တွင် လမ်းမပေါ်၌ မောင်းနှင်နေသော BYD Song Plus EV တစ်စင်းကို ၃ ကြိမ်ဆက်တိုက် မိုးကြိုးပစ်ခံရမှု မကြာသေးမီက ဖြစ်ပွားခဲ့သည်။

အဆိုပါ မိုးကြိုးပစ်မှုဖြစ်ရပ်ကို အနီးတွင်ရှိနေသော ကားများ၏ Dashcam ဗွီဒီယိုမှတ်တမ်းတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ဗွီဒီယိုဖိုင်တွင် တွေ့မြင်ရမှုအရ မိုးကြိုးက ကားအမိုးပေါ် ရောက်ရှိချိန်တွင် မီးပွားများ၊ လျှပ်စီးကြောင်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။

e59bbee78987-88-800x444-(1).jpg

ထိုသို့ ပြင်းထန်သည့် မိုးကြိုးပစ်မှုများ ရင်ဆိုင်ရသော်လည်း ကားပိုင်ရှင်မှာ ကားထဲတွင် ဘေးကင်းစွာရှိနေခဲ့ပြီး ကားထဲမှ အန္တရာယ်ကင်းစွာ ထွက်လာသည်ကို တွေ့ရသည်။

ကား၏ အရေးပါသည့် အစိတ်အပိုင်း ၃ ခုဖြစ်သော ဘက်ထရီ၊ လျှပ်စစ်ထိန်းချုပ်မှုစနစ်နှင့် မော်တာတို့မှာ မည်သည့်ထိခိုက်မှုမှ မရှိခဲ့ကြောင်း သိရသည်။

 (BYD Song Plus ကို မိုးကြိုးပစ်ခဲ့ပုံ ဗွီဒီယိုဖိုင်ကို ပြည်မကြီးအခြေစိုက် TVBS သတင်းဌာနက ဖော်ပြခဲ့ရာ ကြည့်ရှုလိုသူများအနေဖြင့် https://youtu.be/eWcQSuxmCuk လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်)

BYD Song Plus ၏ အမိုးပေါ် ကုန်ပစ္စည်းတင်ဆောင်သည့်နေရာသို့ အကြိမ်ကြိမ် မိုးကြိုးပစ်ခဲ့ရာ လျှပ်စီးတန်းများ ဖြာထွက်နေပုံကို ကွင်းကွင်းကွက်ကွက် မြင်ခဲ့ရသည်။

e59bbee78987-86-800x450.jpg

အရောင်းစင်တာမှ နည်းပညာရှင်တို့၏ စစ်ဆေးချက်အရ ကား၏ အဓိက အစိတ်အပိုင်း ၃ ခုဖြစ်သော ဘက်ထရီ၊ လျှပ်စစ်ထိန်းချုပ်စနစ်နှင့် မော်တာတို့တွင် short circuit ဖြစ်ပေါ်ခဲ့သည်ကို မတွေ့ရကြောင်း Sanyan Tech သတင်းဌာနက ဖော်ပြသည်။

အမိုးပေါ်တွင် မိုးကြိုးပစ်ခံရသည့် နေရာ ၂ ခုကို ထင်ရှားစွာတွေ့ရသော်လည်း ကားအတွင်းပိုင်းမှာမူ မည်သည့် ထိခိုက်မှုမှ မရှိခဲ့ချေ။

ကားကို မိုးကြိုးပစ်လိုက်ချိန်တွင် လျှပ်စစ်စီးကြောင်းမှာ သတ္တုကိုယ်ထည်မှတဆင့် မြေကြီးထဲသို့ စီးဝင်သွားသည်။ ကားအတွင်းတွင် လိုက်ပါလာသူများမှာလည်း ကားကိုယ်ထည်နှင့် တူညီသော လျှပ်စစ် ပိုတန်ရှယ်ရှိသောကြောင့် ဓာတ်မလိုက်ဘဲ ဘေးကင်းခဲ့ခြင်း ဖြစ်သည်။

e59bbee78987-87-800x448.jpg

မိုးကြိုးပစ်ခံရချိန်တွင် ကားပေါ်လိုက်ပါလာသူများအနေဖြင့် ကားထဲမှ ချက်ချင်းမထွက်သင့်ကြောင်း ပညာရှင်တို့က အကြံပေးထားသည်။

ကားထိခိုက်မှု စစ်ဆေးခြင်းကို ပညာရှင်များဖြင့် စစ်ဆေးသင့်ကြောင်းလည်း အကြံပေးထားသည်။

မိုးကြိုးမုန်တိုင်းအတွင်း ရောက်ရှိနေကာ မိုးကြိုးပစ်ခံရပါက ကားပေါ်ရှိ အင်ဂျင်၊ audio စနစ်နှင့် ရေဒီယိုတို့ အပါအဝင် လျှပ်စစ်ပစ္စည်းအားလုံးကို ချက်ချင်းပိတ်ပစ်ရမည် ဖြစ်သည်။

ကား၏ antenna အားလုံးကို ထောင်ထားရမည်ဖြစ်ပြီး ကားကို အလုံပိတ်ဖြစ်နေစေရန်အတွက် မှန်အားလုံးကို အပြည့်ပိတ်ထားရမည် ဖြစ်သည်။

မီးလောင်ခြင်းနှင့် အခြားသော အသက်အန္တရာယ်ရှိသည့် အခြေအနေမျိုးမရှိပါက မိုးကြိုးပစ်ခြင်းများ ငြိမ်သက်သွားချိန်အထိ ကားထဲတွင်သာ ထိုင်နေရမည် ဖြစ်သည်။

e59bbee78987-87-800x448.jpg

e59bbee78987-85-800x448.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: A BYD Song Plus EV survives triple lightning strikes unscathed, owner and core systems intact  (carnewschina)