- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်တွင် Mazda EZ-60 စတင်ထုတ်လုပ်၊ အစင်းရေ ၃၈၀၀၀ ကျော် ကြိုတင်အမှာစာ ရရှိထားပြီ
တရုတ်ပြည်တွင် Mazda EZ-60 စတင်ထုတ်လုပ်၊ အစင်းရေ ၃၈၀၀၀ ကျော် ကြိုတင်အမှာစာ ရရှိထားပြီ
- 222 views
Mazda သည် တရုတ်ပြည်နှင့် ဖက်စပ်ထုတ်လုပ်သော ပထမဆုံး mid-size electric SUV ကို စတင်ထုတ်လုပ်ပြီ ဖြစ်သည်။
Mazda EZ-60 ကားများကို တရုတ်ပြည်၊ နန်ကျင်းမြို့ရှိ Changan Mazda ကားစက်ရုံမှ သြဂုတ်လ ၄ ရက်တွင် ကားသစ်များ စတင်ထုတ်လုပ်နေပြီး ဈေးကွက်သို့တင်ပို့မည့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သြဂုတ် ၄ ရက်အထိ အစင်းရေ ၃၈,၀၀၀ ကျော် ကြိုတင်အမှာစာများ လက်ခံရရှိထားပြီဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်သည်။
EZ-6 ဆီဒင်ပြီးလျှင် EZ-60 သည် Changan Mazda ၏ ဒုတိယမြောက် export model လည်း ဖြစ်သည်။
Mazda ၏ “Kodo” ဒီဇိုင်းကို အသုံးပြုထားပြီး လေခွင်းအား ပိုမိုကောင်းမွန်လာစေရန် ထုတ်လုပ်ထားသည်။
EZ-60 ထုတ်လုပ်ရာတွင် တရုတ်၊ ဂျပန်နျင့် ဥရောပတို့မှ အင်ဂျင်နီယာအဖွဲ့များ ပါဝင်သည်။
4nm automotive-grade chip ကို အသုံးပြုထားပြီး Doubao AI, Mianbi Intelligent နှင့် Alibaba ၏ Qianwen တို့ဖြင့် ထုတ်လုပ်ထားကာ multi-modal interaction system များကို support ပေးသည်။
First EZ-60 rolls off production line.
Safety feature ကို ကြည့်မည်ဆိုလျှင် အလျားလိုက် ရက်မ ၇ခုနှင့် ဒေါင်လိုက် ၅ ခု ၊ 2,000 MPa အဆင့်ရှိ ခိုင်မာမှု အလွန်အားကောင်းသော သံမဏိတို့ဖြင့် ကိုယ်ထည်တောင့်တင်းခိုင်မာစေရန် ထုတ်လုပ်ထားသည်။
နန်ကျင်းရှိ စက်ရုံကို EZ-60 ၏ လေခွင်းအားကောင်းစေမည့် ဒီဇိုင်းထုတ်လုပ်နိုင်ရန် အဆင့်မြှင့်တင်မှုများ ထုတ်လုပ်ထားကြောင်း Changan Mazda ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နန်ကျင်းစက်ရုံကို ယွမ် သန်း ၂၀၀ (ကန်ဒေါ်လာ ၂၇ ဒသမ ၆ သန်း) နီးပါး ရင်းနှီးမြှုပ်နှံထားသည်။
EZ-60 ကို ကီလိုမီတာ ၃ သန်းကျော် စမ်းသပ်မောင်းနှင်ထားပြီးဖြစ်ကာ ကြံ့ခိုင်မှု စစ်ဆေးခြင်းအတွက် ကီလိုမီတာ ၅၀၀,၀၀၀ စမ်းသပ်ထားပြီးဖြစ်သည်ဟု ဆိုသည်။
EZ-60 ကို ကြိုတင်အမှာစာဖြင့် မှာယူလိုပါက deposit အဖြစ် ၁၀ ယွမ် (၁ ဒသမ ၄ ဒေါ်လာ) ပေးသွင်းကာ မှာယူနိုင်ကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Mazda EZ-60 enters production in China, over 38,000 reservations reported (carnewschina)