- ပင်မစာမျက်နှာ
- ကားသတင်းများ
- Tesla ရဲ့ ပထမဆုံးသော လျှပ်စစ်ကားကြီး - Roadster
Tesla ရဲ့ ပထမဆုံးသော လျှပ်စစ်ကားကြီး - Roadster
- 186 views
Tesla လို့ ပြောလိုက်တာနဲ့ လူတော်တော်များများက Model S, Model 3 ဒါမှမဟုတ် Elon Musk ကို ပြေးမြင်ကြမှာပါ။ ဒါပေမဲ့ Tesla ရဲ့ အစဦးဆုံး ခြေလှမ်းနဲ့ သူတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို စတင်ဖော်ပြခဲ့တဲ့ ကားကတော့ Tesla Roadster ပဲ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ ဒီကားဟာ ကမ္ဘာ့ပထမဆုံး လမ်းမပေါ်မှာ တရားဝင်မောင်းနှင်နိုင်တဲ့ လျှပ်စစ်အားနဲ့ ပြေးဆွဲတဲ့ အားကစားကား (sports car) အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီမတိုင်ခင်က လျှပ်စစ်ကားတွေဟာ အားနည်းတယ်၊ ခရီးတိုပဲ သွားနိုင်တယ်ဆိုတဲ့ အယူအဆတွေကို Roadster က ချိုးဖျက်ပြနိုင်ခဲ့ပါတယ်။
Roadster ဟာ ဗြိတိန်အားကစားကားထုတ်လုပ်သူ Lotus ရဲ့ Elise ကားပုံစံကို အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အင်ဂျင်နဲ့ လောင်စာဆီသုံးအစိတ်အပိုင်းတွေကို ဖြုတ်ထုတ်ပြီး Tesla ရဲ့ ကိုယ်ပိုင် ဘက်ထရီနဲ့ မော်တာတွေကို တပ်ဆင်ခဲ့တာပါ။
0-100 km/h ကို ၄ စက္ကန့်အောက်နဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်ပြီး အားအပြည့်သွင်းထားရင် ကီလိုမီတာ ၃၉၀ လောက်အထိ မောင်းနှင်နိုင်စွမ်းရှိတာဟာ အဲ့ဒီခေတ်ကာလအတွက် စွမ်းဆောင်ရည်ကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါဟာ လျှပ်စစ်ကားတွေလည်း စွမ်းဆောင်ရည်မြင့် Sport Type ကားတွေလို အရှိန်အဟုန်ပြင်းပြင်း မောင်းနှင်နိုင်တယ်ဆိုတာကို လက်တွေ့ပြသခဲ့တာပါပဲ။
Tesla Roadster ဟာ ၂၀၁၂ ခုနှစ်အထိ စုစုပေါင်း အစီးရေ ၂,၅၀၀ ကျော် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။
ဒီကားရဲ့ အောင်မြင်မှုဟာ Tesla ကို ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်မှာ နေရာတစ်နေရာရရှိစေခဲ့ပြီး၊ နောင်မှာထွက်ရှိလာမယ့် Model S နဲ့ အခြားမော်ဒယ်တွေအတွက် လမ်းပွင့်စေခဲ့ပြီးRoadster ဟာ Tesla ရဲ့ Missionဖြစ်တဲ့ "ကမ္ဘာကြီးကို ရေရှည်တည်တံ့တဲ့ စွမ်းအင်ဆီသို့ အရှိန်မြှင့်တင်ရန်" ဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ သမိုင်းဝင်ကားတစ်စီးအဖြစ် အမြဲတမ်းရှိနေမှာပဲ ဖြစ်ပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com