- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဒွန်နီယန်းရဲ့ ဝင်ငွေလမ်းကြောင်း၊ ဓနအင်အားနှင့် ၎င်းစီးသော ကားများ
ဒွန်နီယန်းရဲ့ ဝင်ငွေလမ်းကြောင်း၊ ဓနအင်အားနှင့် ၎င်းစီးသော ကားများ
- 708 views
ဒွန်နီယန်းသည် Ip Man ရုပ်ရှင်ဇာတ်လမ်းတွဲများဖြင့် ဝက်ဝက်ကွဲအောင်မြင်ခဲ့ကာ ဝင်ချွန်းကို ကမ္ဘာသို့ မိတ်ဆက်ပေးခဲ့သူ ဖြစ်သည်။
(ဒွန်နီယန်းသည် သမိုင်းတလျှောက် အထင်ရှားဆုံး ဟောင်ကောင်ကြယ်ပွင့်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ဓာတ်ပုံ-@donnieyenofficial/ Instagram)
အာရှ၏ သရုပ်ဆောင်ကြေး အမြင့်မားဆုံး ရုပ်ရှင်မင်းသားများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး မီရှဲယို၊ ဂျက်လီ၊ ဂျက်ကီချန်းတို့နှင့် ရင်ဘောင်တန်းနေသည်။
အောက်တွင် ၎င်း၏ ကြွယ်ဝမှု၊ ဝင်ငွေလမ်းကြောင်းနှင့် ၎င်းပိုင်ဆိုင်ထားသော တန်ဖိုးကြီးပစ္စည်းများအကြောင်း ဖော်ပြထားပါသည်။
((ကြွယ်ဝမှု))
(ဒွန်နီယန်းသည် Ip Man ရုပ်ရှင်ဇာတ်ကားများဖြင့် လျှမ်းလျှမ်းတောက်ခဲ့သည်။ ဓာတ်ပုံ-Jonathan Wong)
ဒွန်နီယန်း၏ ကြွယ်ဝမှုမှာ ၂၀၂၅ ခုနှစ်၊ ဧပြီလ အချက်အလက်များအရ ကန်ဒေါ်လာ သန်း ၅၀ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
သူ၏ ဓနအင်အားမှာ ဂျက်ကီချန်း (ဒေါ်လာ သန်း ၄၀၀) နှင့် ဂျက်လီ (ဒေါ်လာ သန်း ၂၅၀) တို့လောက် မများပြားသော်လည်း ဒွန်နီယန်းမှာ အခြားလုပ်ငန်းနယ်ပယ်များထက် ရုပ်ရှင်လောကဝင်ငွေအပေါ်တွင်သာ မှီတည်သူ ဖြစ်သည်။
(ဒွန်နီယန်း၏ ကြွယ်ဝမှုမှာ ဒေါ်လာ သန်း ၅၀ ခန့် ဖြစ်သည်။ ဓာတ်ပုံ-@donnieyenofficial/ Instagram)
ဒွန်နီယန်း၏ ဝင်ငွေလမ်းကြောင်းများကို ကြည့်မည်ဆိုလျှင်
■ ရုပ်ရှင်များ
(ဒွန်နီယန်းကို လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ရှိ ရုပ်ရှင်ရုံတစ်ခုတွင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလက တွေ့ရပုံ။ ဓာတ်ပုံ- EPA)
(ဒွန်နီယန်းနှင့် ဂျက်ကီချန်းတို့မှာ ဟောလိဝုဒ်အထိ ထိုးဖောက်နိုင်ကြသူများ ဖြစ်သည်။ ဓာတ်ပုံ- IMDB)
သူ၏ အကျော်ကြားဆုံး ရုပ်ရှင်ဇာတ်ကားများတွင် Ip Man ဇာတ်လမ်းတွဲများ၊ Crouching Tiger, Hidden Dragon၊ Shanghai Knights၊ Once Upon a Time in China II၊ Raging Fire ၊ Xxx: Return of Xander Cage၊ Star Wars’ Rogue One နှင့် John Wick 4 တို့ ပါဝင်သည်။
(Ip Man 4: The Finale တွင် ဒွန်နီယန်းကို တွေ့ရပုံ။ ဓာတ်ပုံ-Mandarin Motion Pictures)
Ip Man 4 ဇာတ်ကားတစ်ခုတည်းအတွက်ပင်လျှင် ဒေါ်လာ ၁၂ ဒသမ ၈ သန်း ရရှိခဲ့သည်ဟု ဆိုသည်။
■ ဖက်ရှင်အမှတ်တံဆိပ်များ
(ဒွန်နီယန်းက သူ၏ ပထမဆုံး ဖက်ရှင်အမှတ်တံဆိပ်ဖြစ်သော DY Edition ကို ၂၀၂၀ ပြည့်နှစ်တွင် စတင်မိတ်ဆက်ခဲ့သည်။ ဓာတ်ပုံ-@dy_edition/Instagram)
(DonniEye အမည်ရှိ မျက်မှန်အမှတ်တံဆိပ်ကို ၂၀၁၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ ဓာတ်ပုံ-@donnieyenofficial/Instagram)
DonniEye အမှတ်တံဆိပ် မျက်မှန်များမှာ ဈေးနှုန်း ကန်ဒေါ်လာ ၁၈၀ မှစကာ ၁၅၂၅ ဒေါ်လာအထိရှိသည်။
■ ရုပ်ရှင်ထုတ်လုပ်ရေး
(ဒွန်နီယန်းကို ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ဇွန်လ ၁၄ ရက်က တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-SIFF)
ဒွန်နီယန်းသည် ရုပ်ရှင်ထုတ်လုပ်ရေး ၂ ခုလည်း တည်ထောင်ထားရာ ပထမတစ်ခုမှာ Bullet Films ဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ်က အလွန်အောင်မြင်ခဲ့သော Raging Fire ဇာတ်ကား အပါအဝင် အောင်မြင်သော ရုပ်ရှင်များစွာ ထုတ်လုပ်နိုင်ခဲ့သည်။
(Raging Fire ဇာတ်ကားတွင် ဒွန်နီယန်းကို တွေ့ရပုံ။ ဓာတ်ပုံ-Quistography Limited)
ဒုတိယ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Super Hero Films ကို ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး နိုင်ငံတကာအဆင့် ရုပ်ရှင်များ ထုတ်လုပ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
■ အိမ်ခြံမြေများ
(ဒွန်နီယန်းနှင့် ဒုတိယဇနီး စစ်စီဝမ် ။ ဓာတ်ပုံ- @donnieyenofficial/ Instagram)
ဒွန်နီယန်းသည် ဟောင်ကောင်တွင် အိမ်ခြံမြေ ၆ လုံးခန့် ပိုင်ဆိုင်ထားရာ တန်ကြေးမှာ ဒေါ်လာ ၁ ဒသမ ၅ သန်း ဝန်းကျင်စီ ရှိသည်။
ဒွန်နီယန်းက ဇနီးဖြစ်သူ စစ်စီဝမ်အတွက် လက်ဆောင်အနေဖြင့် ဝယ်ယူပေးခဲ့သည့်အိမ်မှာမူ ဒေါ်လာ ၁၇ သန်း ပေးရသည်ဟု ဆိုသည်။
(ဒွန်နီယန်းတွင် အိမ်ခြံမြေအများအပြားလည်း ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-@donnieyenofficial/ Instagram)
■ မော်တော်ကားများ
(သန်းကြွယ်သူဌေးဖြစ်သူ ဒွန်နီယန်းတွင် ကားအစင်းရေ အများအပြား ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-@donnieyenofficial/ Instagram)
(Lamborghini Veneno Roadster။ ဓာတ်ပုံ- Lamborghini)
((ဒွန်နီယန်း ပိုင်ဆိုင်ထားသော တန်ဖိုးကြီး ပြိုင်ကားများ))
Lamborghini Veneno Roadster in White
Lamborghini Veneno Coupe Grey white stripe
Lamborghini Sesto Elemento
Lamborghini Centenario white
Lamborghini Centenario Green Verde Bronte
Lamborghini SIÁN FKP 37 Verde Bronte
Lamborghini Reventon
Lamborghini Aventador LP 750-4 SUPERVELOCE ROADSTER
McLAren P1 GTR
McLaren Speedtail Memphis Red
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Inside Donnie Yen’s crazy rich life: as a Hong Kong martial arts icon and one of Asia’s highest-paid actors, the John Wick 4 actor splurges on BMWs, Rolexes – and a US$17 million mansion for his wife
Photo Credit-@donnieyenofficial/ Instagram, Lamborghini, Quistography Limited, SIFF, Mandarin Motion Pictures, dy_edition/Instagram, EPA, IMDB