iCar V27 ကို နိုင်ငံတကာဈေးကွက်တွင် စတင်မိတ်ဆက်၊ ခရီးဝေးစီးနိုင်သည့် off-road အလတ်စား SUV ဖြစ်

  • 251 views

w800_m1_yichecar_71dbc0a2-e8a0-4e40-99f7-0e4b3b734d5djpg-picsart-aiimageenhancer-2-768x443.jpg

Chery ၏ iCar အမှတ်တံဆိပ်သည် ခရီးဝေးသွားနိုင်သည့် mid-to-large size/ off-road SUV မော်ဒယ်သစ် ဖြစ်သော iCar V27 ကို ဒူဘိုင်းတွင် တရားဝင်စတင်ချပြကာ နိုင်ငံတကာဈေးကွက်သို့ ခြေချလာသည်။

ထိုမော်ဒယ်ကို တရုတ်ပြည်တွင်းတွင်ပင် မိတ်မဆက်ရသေးချေ။

iCar ၏ ကိုယ်ပိုင်လက္ခဏာဖြစ်သော လေးထောင့်ဆန်ကာ ကြွားကြွားဝင့်ဝင့်ရှိသည့် ဒီဇိုင်းကို ဆက်လက်အသုံးပြုထားပြီး ခရီးဝေးသွားနိုင်သော extended-range system ကို သုံးထားသည်။ တရုတ်ပြည်တွင်မူ ၂၀၂၅ ခုနှစ်၊ စတုတ္ထ ၃ လပတ်တွင်မှ မိတ်ဆက်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

ce90d2d1-d27a-4159-a1ce-ec710a37e9a5-picsart-aiimageenhancer-768x427-(1).jpg

The V27 has a flat roofline and bold fender flares.

V27 ၏ ဈေးတန်းမှာ ယွမ် ၂၀၀၀၀၀ မှ ၂၅၀၀၀၀ ကြား (ကန်ဒေါ်လာ ၂၈၀၀၀ မှ ၃၅၀၀၀ ကြား) ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း Yiche က ဖော်ပြသည်။ရှေ့မျက်နှာစာတွင် ၂ ရောင်စပ် grille ၊ ဘဲဥပုံLED ရှေ့မီးကြီးများ၊ တောင့်တင်းသော ဘန်ပါတို့ရှိကာ ကြွားကြွားထည်ထည် ရုပ်ထွက်ရှိသည်။Dimension ကို ကြည့်မည်ဆိုလျှင် အလျားမှာ ၅ မီတာနီးပါးရှိရာ Mercedes-Benz G-Class နှင့် Land Rover Defender 110 တို့၏ အရွယ်အစားခန့်ရှိသည်။

w800_m1_yichecar_811d002a-9b9a-4748-83dd-4e464b642955jpg-picsart-aiimageenhancer-800x621.jpg

V27 has a 1.5T extended-range setup with rear and all-wheel drive options. Credit: Weibo

 

w800_m1_yichecar_0b953e27-9c67-41c2-b444-7d3b58816047jpg-picsart-aiimageenhancer-800x773.jpg

V27 has a 1.5T extended-range setup with rear and all-wheel drive options. Credit: Weibo

 

001ijz7kly1i3zaoixhdnj616o1kw4in02-large-800x799.jpg

V27 has a 1.5T extended-range setup with rear and all-wheel drive options. Credit: Weibo

Powertrain ပိုင်းကိုကြည့်လျှင် 1.5-litre turbocharged အင်ဂျင်ကို လျှပ်စစ်မော်တာတစ်လုံးနှင့် ပေါင်းစပ်ပေးထားရာ ခရီးဝေးသွားလိုသူများအတွက် extended-range ရရှိစေမည် ဖြစ်သည်။နောက်ယက်နှင့် 4WD ၂ မျိုးလာပြီး 4WD တွင် အထွက်အား 335 kW (မြင်းကောင်ရေ ၄၄၉ အားခန့်) ရှိသည်။ လျှပ်စစ်သီးသန့်ဖြင့် မောင်းမည်ဆိုလျှင် CLTC range ကီလို ၂၀၀ ခန့် ဖြစ်သည်။

iCar lineup တွင် iCar V27 မှာ flagship ဖြစ်ပြီး တရုတ်ပြည်တွင်းဈေးကွက်သို့ ယခုနှစ်ကုန်တွင် ဝင်ရောက်လာမည် ဖြစ်သည်။

 

weixin-image_2025-07-25_164541_078-picsart-aiimageenhancer-800x496.jpg

V27 spy shots. Credit: Weibo

 

weixin-image_2025-07-25_164554_281-picsart-aiimageenhancer-800x446.jpg

V27 spy shots. Credit: Weibo

 

weixin-image_2025-07-25_164545_981-picsart-aiimageenhancer-800x473.jpg

V27 spy shots. Credit: Weibo

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: iCar V27 makes international debut in Dubai as mid-size extended-range off-road SUV (carnewschina)