- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဘီလျံနာကြီးများနှင့် ၎င်းတို့စီးသော ကားများ
ဘီလျံနာကြီးများနှင့် ၎င်းတို့စီးသော ကားများ
- 412 views
သင်သာ ဘီလျံနာတစ်ဦးဆိုပါက မည်သို့သော ကားစီးမည်နည်း။
ဒေါ်လာ ၃ သန်းတန် Rolls-Royce လား (သို့မဟုတ်) ဒေါ်လာ ၅၇၄၀၀၀ တန် Lamborghini Aventador SVJ လား (သို့မဟုတ်) မထင်မရှား သွားလာနိုင်မည့် Honda Accord တစ်စင်းလား။
အချို့ ဘီလျံနာကြီးများမှာ တန်ဖိုးကြီးကားများ ဝယ်စီးကြသော်လည်း အချို့ကမူ ဈေးဖိုးသင့်ကားများသာ စီးကြသည်။
အောက်တွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစီးသော ကားအချို့ကို ဖော်ပြထားပါသည်။
■ ဂျက်ဘေးဇော့စ်
(Amazon ကို တည်ထောင်သူ၊ စီအီးအို Jeff Bezos နှင့် ၁၉၉၆ မော်ဒယ် Honda Accord ။ ဂျက်ဘေးဇော့စ်က Amazon ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပြီးနောက် Honda Accord ဝယ်စီးခဲ့ခြင်း ဖြစ်သည်)
ဂျက်ဘေးဇော့စ်သည် ၂၀၁၉ ခုနှစ်အတွင်းက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာသို့ ရောက်ရှိခဲ့ဖူးသည်။
■ ဒပ်စတင် မော့စ်ကိုဗစ်ဇ်
(ဒပ်စတင် မော့စ်ကိုဗစ်ဇ်နှင့် Volkswagen R32 ဓာတ်ပုံ-Associated Press)
Facebook နှင့် Asana တို့၏ ပူးတွဲတည်ထောင်သူ Dustin Moskovitz ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၉ ဒသမ ၂ ဘီလီယံခန့်ရှိသည်။
မော့စ်ကိုဗစ်ဇ်သည် Facebook တွင် ရှယ်ယာ ၃ ရာခိုင်နှုန်းပိုင်ဆိုင်ထားသူဖြစ်သော်လည်း ခြိုးခြံချွေတာစွာ နေထိုင်ပြီး ၎င်းစီးသောကားမှာ Volkswagen R32 ဖြစ်ကြောင်း The Seattle Times သတင်းဌာနက ဖော်ပြဖူးသည်။
■ ဂျက်မား
( ဂျက်မားနှင့် သူ၏ Roewe RX5 SUV ။ ဓာတ်ပုံ-Reuters/Associated Press)
ဂျက်မားသည် ယခုအခါ မည်သည့်နေရာတွင် အခြေစိုက်နေထိုင်သည်ကို မသိရချေ။ သို့သော် လွန်ခဲ့သော ၇ နှစ်ခန့်ကမူ ၎င်းစီးသောကားမှာ Roewe RX5 SUV ဖြစ်ကြောင်း တွေ့ခဲ့ကြဖူးသည်။ RX5 ၏ infotainment system မှာ Alibaba ၏ YunOS operating system ဖြင့် လည်ပတ်ခြင်းဖြစ်သည်။
■ လယ်ရီ ပေ့ချ်
(လယ်ရီပေ့ချ်နှင့် သူ၏ fourth-generation Toyota Prius ။ ဓာတ်ပုံ-Associated Press)
Larry Page စီးသည်မှာ Toyota Prius ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြဖူးသည်။ ၂၀၁၉ မော်ဒယ် Prius ၏ ဈေးနှုန်းမှာ ဒေါ်လာ ၂၃၇၇၀ ခန့် ရှိသည်။
■ Warren Buffett
(Warren Buffett သည် ၂၀၁၄ မော်ဒယ် Cadillac XTS စီးသည်ဟု သိထားကြသည်။ ဓာတ်ပုံ- Associated Press/Reuters)
ဝါရင်ဘတ်ဖက်စီးသည်မှာ ၂၀၁၄ မော်ဒယ် Cadillac XTS ဖြစ်ပြီး ထုတ်လုပ်သူက အကြံပြုသည့် ရည်ညွှန်းဈေးမှာ အသစ်တစ်စင်းလျှင် ဒေါ်လာ ၂၃၅၀၀ ဖြစ်သည်။ ထိုကားမတိုင်မီက ဘတ်ဖက်သည် ၂၀၀၆ မော်ဒယ် Cadillac DTS စီးသည်ဟု ဆိုသည်။
■ Elon Musk
(Elon Musk နှင့် second-generation Tesla Roadster ။ ဓာတ်ပုံ- Reuters)
Tesla and SpaceX တို့၏ စီအီးအို Musk သည် ၎င်း၏ ကုမ္ပဏီမှ ထုတ်လုပ်သော ကားများကိုသာ စီးသည်။
■ စတိဗ် ဘောမား
(စတိဗ် ဘောမားနှင့် ၎င်းစီးသော ၂၀၁၀ မော်ဒယ် Ford Fusion Hybrid ။ ဓာတ်ပုံ-Reuters/Associated Press)
Steve Ballmer သည် မိုက္ကရိုဆော့ဖ်၏ စီအီးအိုဟောင်းဖြစ်ပြီး Los Angeles Clippers ဘတ်စ်ကက်ဘောအသင်း၏ ပိုင်ရှင်ဖြစ်ပြီး သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၄၆ ဘီလီယံ ဖြစ်သည်။
စတိဗ်ဘောမားစီးသော Fusion Hybrid ၏ ရည်ညွှန်းဈေးနှုန်းမှာ ဒေါ်လာ ၁၉၅၀၀ ဖြစ်သည်။
■ အဲလစ် ဝေါလ်တန်
(Alice Walton နှင့် ၎င်းစီးသော ၂၀၁၀ မော်ဒယ် Ford F 150 King Ranch ။ ဓာတ်ပုံ-Reuters/ Associated Press)
အဲလစ်ဝေါလ်တန်သည် Walmart ၏ အမွေဆက်ခံသူများအနက် တစ်ဦးဖြစ်ပြီး ယခင်က ကမ္ဘာ့ဒုတိယအချမ်းသာဆုံး အမျိုးသမီးအဖြစ် ရပ်တည်ခဲ့ဖူးသည်။
အဲလစ်စီးသော ၂၀၀၆ မော်ဒယ် Ford F-150 King Ranch ၏ ရည်ညွှန်းဈေးနှုန်းမှာ ဒေါ်လာ ၄၀၉၃၀ ခန့်ရှိသည်။
■ ဘီလ်ဂိတ်
(Bill Gates နှင့် ၎င်းစီးသော ကားများအနက်မှ ၁၉၈၈ မော်ဒယ် Porsche 959 ။ ဓာတ်ပုံ-Reuters/ Wikimedia)
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်တွင် ၁၉၈၈ မော်ဒယ် Porsche 959 အပြင် ကားအစင်းရေ အများအပြား ပိုင်ဆိုင်ထားသည်။
959 ကို ၁၉၈၈ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပြီး တန်ကြေး ဒေါ်လာ ၃၀၀၀၀၀ ရှိကာ တချိန်က ကမ္ဘာ့အမြန်ဆုံးကား ဖြစ်ခဲ့သည်။
■ Mark Zuckerberg
(Mark Zuckerberg နှင့် ၎င်းစီးသော Pagani Huayra ။ ဓာတ်ပုံ-Reuters/Wikimedia)
Facebook တည်ထောင်သူ Mark Zuckerberg သည် Pagani Huayra ပြိုင်ကားကို ၂၀၁၄ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး Acura TSX, Honda Fit နှင့် Volkswagen Golf GTI တို့လည်း ပိုင်ဆိုင်ထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Mark Zuckerberg drives a US$1.4 million Pagani Huayra supercar – what do these other 9 billionaires drive?
Photo Credit- Reuters/Wikimedia, Reuters/ Associated Press