ထိုင်း EV ဈေးကွက်သို့ Jaecoo 5 EV နှင့် Jaecoo 6T တို့ ဝင်လာရန်ရှိနေ

  • 493 views

editors_images_1754019380839-1754019380839.jpg

ထိုင်းနိုင်ငံ၏ လျှပ်စစ်ကားဈေးကွက်မှာ အပြိုင်အဆိုင် ပိုမိုပြင်းထန်လာဖွယ်ရာ ရှိနေသည်။

တရုတ်ပြည်မှ Chery ၏ အမှတ်တံဆိပ်တစ်ခုဖြစ်သော Jaecoo က ၎င်း၏ နောက်ဆုံးထုတ် လျှပ်စစ်ကား မော်ဒယ်များဖြစ်သော Jaecoo 5 EV နှင့် Jaecoo 6T တို့ကို ဈေးကွက်သို့ပို့ရန် ပြင်ဆင်နေသည်။ ဈေးနှုန်းကိုမူ ယခုသြဂုတ်လအတွင်း ထုတ်ပြန်ကြေညာဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။ထိုင်းဈေးကွက်သို့လည်း တင်ပို့ရန် စီစဉ်နေရာ လျင်မြန်စွာ ဖွံ့ဖြိုးလာနေသော ထိုင်း EV ဈေးကွက်တွင် ယှဉ်ပြိုင်ရန် အသင့်ဖြစ်နေကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။

((Jaecoo 5 EV အကြောင်း))

Jaecoo 5 EV သည် လျှပ်စစ်ကားစစ်စစ်ဖြစ်ပြီး မြို့တွင်းစီးနှင့် အပေါ့စား off-road သွားလာမှုများအတွက် ရည်ရွယ်သည်။ဒီဇိုင်းမှာ သားနားပြီး စွဲမက်ဖွယ် feature များစွာ ထည့်သွင်းပေးထားသည်။Dimension မှာ အလျား ၄၃၈၀ မီလီမီတာ၊ ဗြက် 1860 mm ရှိကာ wheelbase မှာ 2,620 mm ရှိသည်။

editors_images_1754019380723-1754019380723.jpg

(အချို့သတင်းရင်းမြစ်တို့ကမူ 2,700 mm ဟု ဖော်ပြမှုများရှိသည်။)

Performance ပိုင်းကို ကြည့်မည်ဆိုလျှင် 69.8 kWh ဘက်ထရီအသုံးပြုထားပြီး အမြင့်ဆုံးအထွက်အား 279 hp (208 kW) ရှိကာ ရုန်းအားမှာ 385 Nm ရှိသည်။အမြန်နှုန်း တင်နိုင်စွမ်းအနေဖြင့် 0 to 100 km/h ကို ၆ ဒသမ ၅ စက္ကန့်အတွင်း ရရှိနိုင်ကာ WLTP range မှာ ၄၇၀ ကီလိုမီတာ ဖြစ်သည်။

DC fast charging ကို support ပေးထားပြီး ၃၀ မှ ၈၀ ရာခိုင်နှုန်းအထိရရန် အားသွင်းကြာချိန်မှာ မိနစ် ၂၀ မှ ၂၈ မိနစ်ကြား ဖြစ်သည်။ခေါင်းခန်းတွင် ၁၅ ဒသမ ၆ လက်မ touchscreen အသုံးပြုထားပြီး Apple CarPlay နှင့် Android Auto တို့ သုံးနိုင်သည်။အခြား amenities များအနေဖြင့် ကျယ်ပြောသော sunroof ၊ အရည်အသွေးမြင့်မားသော audio system နှင့် ADAS စနစ်တို့ ပါသည်။

((Jaecoo 6T အကြောင်း))

editors_images_1754019380478-1754019380478.jpg

Jaecoo 6T မှာ Plug-in Hybrid Electric Vehicle (PHEV) ဖြစ်မည်ဟု မျှော်လင့်ရသည်။အဆိုပါမော်ဒယ်မှာ အားကောင်းသော performance နှင့် off-road စွမ်းရည်များရှိသော ကားအဖြစ် ထုတ်လုပ်ထားခြင်းဖြစ်သည်။ Intelligent All-Wheel Drive (AWD) ဖြစ်ပြီး မော်တာ ၂ လုံးအသုံးပြုထားသည်။Jaecoo 6T ၏ ဒီဇိုင်းမှာ သေတ္တာပုံးဆန်သည်။

ခေါင်းခန်းတွင် ၁၅ ဒသမ ၆ လက်မ central touchscreen နှင့် premium sound system တို့ ထည့်သွင်းပေးထားသည်။Jaecoo 6T သည် လျှပ်စစ်သီးသန့်ဖြင့် မောင်းလျှင်လည်း range ကောင်းမွန်မည်ဟု ခန့်မှန်းရသည်။

Jaecoo 5 EV နှင့် Jaecoo 6T တို့မှာ ယခုသြဂုတ်လအတွင်း ထိုင်းဈေးကွက်သို့ ဝင်ရောက်လာတော့မည် ဖြစ်ရာ ထိုင်းပြည်သူတို့အနေဖြင့် မိမိတို့လိုအပ်ချက်အလိုက် ရွေးချယ်စရာအသစ်များ ရှိလာတော့မည်လည်း ဖြစ်သည်။
Jaecoo သည် ထိုင်းနိုင်ငံ၊ ရယောင်း ပြည်နယ်တွင် EV စက်ရုံတစ်ခု တည်ထောင်ရန်လည်း စီစဉ်ထားသည်ဟု ဆိုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Jaecoo 5 EV and Jaecoo 6T Ready to Invade Thai EV Market, Prices Expected in August! (motorist)