- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD က မကြာမီ ချပြလာမည့် Ti 3 ဝူခုန်း special edition လျှပ်စစ် SUV အကြောင်း
BYD က မကြာမီ ချပြလာမည့် Ti 3 ဝူခုန်း special edition လျှပ်စစ် SUV အကြောင်း
- 278 views
BYD က ထုတ်လုပ်ထားသော ဖန်းချန်းပေါင် (Fangchengbao) Tai 3 ကို အတိုကောက်အားဖြင့် FCB Ti3 ဟုခေါ်ကြသည်။
FCB Ti3 သည် BYD ၏ off-road အနေဖြင့် ထုတ်လုပ်သော အမှတ်တံဆိပ်ခွဲ လျှပ်စစ် SUV ဖြစ်သည်။
ယခုအခါ FCB Ti3 ကို Black Myth: Wukong နှင့် တွဲဖက်ကာ Special Edition အနေဖြင့် ထုတ်လုပ်မည့် မော်ဒယ်သစ်အကြောင်း BYD က ထုတ်ဖော်ကြေညာလာသည်။
Black Myth: Wukong သည် အနောက်သို့ ခရီးသွားခြင်း ဇာတ်လမ်းကို အခြေတည်ထားသည့် ဗွီဒီယိုဂိမ်း ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် စတင်ဖြန့်ချိခဲ့ကာ လက်ရှိအချိန်အထိ ကမ္ဘာတလွှားတွင် ၂၅ သန်းကျော် ရောင်းချထားရသည်။
FCB Ti3 ဝူခုန်းအထူးထုတ်မော်ဒယ် လျှပ်စစ်ကားကို ChinaJoy 2025 ပြပွဲကြီးတွင် စတင်မိတ်ဆက်မည်ဟု ဆိုသည်။
ChinaJoy 2025 သည် အာရှ၏ အကြီးမားဆုံး ဒစ်ဂျစ်တယ် entertainment expo များတွင် တစ်ခုအပါအဝင် ဖြစ်ပြီး ရှန်ဟိုင်းမြို့တွင် နှစ်စဉ်ကျင်းပသည်။
ယခု special edition တွင် ဒဏ္ဍာရီလာ မျောက်မင်း စွန်းဝူခုန်း၏ မှော်အစွမ်းကို inspire ယူကာ ထုတ်လုပ်ထားခြင်း ဖြစ်သည်။
အရောင်မှာ အနက်ရောင်ကို အခြေပြုထားပြီး ရွှေရောင်များ ရောစပ်ထားသည်။
အထူးထုတ်မော်ဒယ်တွင် အနက်နှင့်ရွှေ ၂ ရောင်စပ် ဘီးများ၊ နောက်ဘက်တွင် Fangchengbao တံဆိပ်နှင့် ရွှေရောင်စာလုံးဖော်ထားသော ဝူခုန်း (Wukong) တံဆိပ်တို့ ပါဝင်မည် ဖြစ်သည်။
Fangchengbao ၏ အကြမ်းခံနိုင်သော ကြွားကြွားထည်ထည်ဒီဇိုင်းကို ဆက်လက်ရယူကာ game-themed visual တို့ဖြင့် ပေါင်းစပ်ထားသည်။
မူရင်း Ti 3 ကို ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် စတင်မိတ်ဆက်ခဲ့ပြီး သိပ္ပံဆန်းကြယ်ဒီဇိုင်းများကို inspire ယူကာ ထုတ်လုပ်ထားသည့် compact SUV ဖြစ်သည်။
ရှေ့ပိုင်းတွင် အနက်ရောင် sealed grille, LED daytime running light များ၊ အနားမပြိုင် စတုဂံပုံသဏ္ဍာန် ရှေ့ဘန်ပါတို့ ရှိသည်။
Variant ၂ မျိုးလာရာ standard model နှင့် အမိုးပေါ်တွင် ဒရုန်းထားရှိနိုင်သည့် drone version တို့ ဖြစ်သည်။
Base model ၏ dimension အနေဖြင့် 4,605 mm (အလျား)၊ 1,900 mm (ဗျက်)၊ 1,720 mm (အမြင့်) နှင့် wheelbase မှာ 2,745 mm ရှိသည်။
အမြန်နှုန်းတင်နိုင်စွမ်းအနေဖြင့် 0 to 100 km/h ကို ၄ ဒသမ ၉ စက္ကန့်အတွင်းရနိုင်ပြီး အမြင့်ဆုံးမြန်နှုန်းမှာ 201 km/h ဖြစ်သည်။
မောင်းနိုင်သော CLTC range မှာ 501 km ဖြစ်သည်။
ဘက်ထရီမှာမူ မော်ဒယ်အလိုက် ကွဲပြားရာ နောက်ယက်မော်ဒယ်များတွင် 65.28 kWh ဘက်ထရီ အသုံးပြုထားပြီး AWD တွင် 72.96 kWh ဘက်ထရီဖြစ်ကာ drone version တွင် 78.72 kWh ဘက်ထရီကို သုံးထားသည်။
Ti 3 ၏ ဈေးတန်းမှာ ယွမ် ၁၃၃၈၀၀ မှ ၁၉၃၈၀၀ ကြား (ကန်ဒေါ်လာ ၁၈၇၀၀ မှ ၂၇၀၀၀ ကြား) ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD’s FCB Ti 3 “Black Myth: Wukong” special edition revealed ahead of debut (carnewschina)