- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရုပ်ချောချောလေး တစ်ယောက်လောက် လာရှင်းပြပါလား။ အမေရိက ဆီဆိုင်တွေမှာ ပိုက်ခေါင်း ၂ ခုပဲရှိပေမယ့် ဘာကြောင့် ဆီ ၃ မျိုး ဝယ်လို့ရတာလဲ
ရုပ်ချောချောလေး တစ်ယောက်လောက် လာရှင်းပြပါလား။ အမေရိက ဆီဆိုင်တွေမှာ ပိုက်ခေါင်း ၂ ခုပဲရှိပေမယ့် ဘာကြောင့် ဆီ ၃ မျိုး ဝယ်လို့ရတာလဲ
- 337 views
အမေရိကန်တွင် အမျိုးသားတစ်ဦးက ဆီဆိုင်တစ်ခုတွင် ဆီထည့်ရာ၌ မြေအောက်ဆီကန်မှ ပိုက် ၂ ခုသာ ထုတ်ထားပြီး ဆီအမျိုးအစား ၃ မျိုး ဝယ်ယူရရှိနိုင်သည်ကို သတိထားမိခဲ့သည်။
ပိုက် ၂ ခုတည်းဖြင့် မည်သို့မည်ပုံ ဆီ ၃ မျိုးထွက်သည်ကို ၎င်းက လူမှုကွန်ရက်တွင် မေးမြန်းခဲ့သည်။၎င်း အံ့သြမည်ဆိုပါကလည်း အံ့သြစရာပင်။
TikTok လူမှုကွန်ရက်တွင် ဂျက်စီ မေလာ Jesse Miller (@jess_m603) အမည်ရှိအကောင့်က တင်ခဲ့သော ဗွီဒီယိုဖိုင်မှာ ကြည့်ရှုမှုအကြိမ်ရေ ၃ သန်းကျော် ရှိနေသည်။ဗွီဒီယိုထဲတွင် ၎င်းက မြေအောက်ဆီကန်မှ အဘယ်ကြောင့် ပိုက် ၂ ခုတည်းသာ ထုတ်ထားသည်ကို သိလိုနေခဲ့သည်။
“တစ်ယောက်ယောက်လောက် ကျွန်တော့်ကို ရှင်းပြပါလား။ ပိုက်က ၂ ခုထဲ ထွက်ထားတယ်။ ဆီက ၃ မျိုး (3 octane) ရွေးလို့ရနေတယ်” ဟု ၎င်းက မေးမြန်းထားသည်။ဂျက်စီမေလာ အမှတ်မထင် သတိပြုမိသည့်အရာမှာ လက်ရှိအားဖြင့် အမေရိကန်ပြည်တစ်လွှားရှိ ဆီဆိုင်အများစု လည်ပတ်လုပ်ကိုင်နေသည့် ပုံစံဖြစ်သည်။
ဆီ grade ၃ မျိုး ရွေးချယ်စရာရှိသော်လည်း (ပုံမှန်အားဖြင့် 87, 89 နှင့် 91 သို့မဟုတ် 93 octane ဖြစ်) ဆီဆိုင်အများစုတွင် မြေအောက်ဆီကန်၌ ပုံမှန်ဆီ (87 octane) နှင့် premium (91 သို့မဟုတ် 93 octane) ၂ မျိုးတည်းသာ သိုလှောင်ထားရှိသည်။
အလယ်လတ်တန်း midgrade ဆီကို သိုလှောင်ထားရှိခြင်းမရှိချေ။Midgrade ဆီ ဝယ်ယူပါက ဆီထုတ်ပေးချိန်တွင် ဆီအမျိုးအစား ၂ ခုကို ရောစပ်ကာ midgrade အဖြစ် ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ ဆီဆိုင်လောကတွင် လုပ်ရိုးလုပ်စဉ်မျိုးသာ ဖြစ်သည်။ထိုသို့ ရောစပ်ရာတွင် hardware, software များဖြင့် အတိအကျ ထိန်းချုပ်လုပ်ဆောင်ခြင်း ဖြစ်သည်။
Midgrade အဖြစ် ရောစပ်မှုကို အများအားဖြင့် ပန့်၏ မီတာ ချိန်ဘာခန်း (သို့မဟုတ်) ပန့်ခေါင်းဆီသို့လာသည့် ဆီလိုင်းထဲတွင် လုပ်ဆောင်သည်။ရောစပ်မှုအချိုးကို ဆီထုတ်ပေးသည့်စက်၏ ဆော့ဖ်ဝဲဖြင့် ထိန်းချုပ်ထားပြီး customer ရွေးချယ်သည့် octane အမျိုးအစားရစေရန် ချိန်ညှိရောစပ်ပေးသည်။
Mid-grade အတွက်ဆိုလျှင် ပုံမှန်ဆီ ၅၀ ရာခိုင်နှုန်းနှင့် ပရီမီယံ ၅၀ ရာခိုင်နှုန်း ရောစပ်လေ့ရှိသည်။ရောစပ်မှု ရာခိုင်နှုန်း အတိအကျမှာမူ အသုံးပြုသည့် ဆီတို့၏ grade အပေါ်တွင် မူတည်သည်။ရောစပ်လိုက်သော ဆီမှာ အစိုးရက သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် တင်းကျပ်ထားသည်။
ထိုစံချိန်စံညွှန်းများ ပြည့်မီမှု ရှိ၊မရှိကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများက ပုံမှန်ဝင်ရောက် စစ်ဆေးလေ့ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: ‘Can Anyone Explain?:’ Man Pumps Gas at Shell Station. Then He Takes a Closer Look at Where His Fuel Is Coming From (motor1)