- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်တွင် သြဂုတ်လမှစပြီး အလွန်နှေးကွေးစွာ ကားမောင်းသူများ ထောင်ဒဏ် ၁ လချမှတ်မည်ဟုဆို
အမေရိကန်တွင် သြဂုတ်လမှစပြီး အလွန်နှေးကွေးစွာ ကားမောင်းသူများ ထောင်ဒဏ် ၁ လချမှတ်မည်ဟုဆို
- 240 views
အမေရိကန်တွင် နှေးကွေးလွန်းစွာ ကားမောင်းသူများကို ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်ရန် စီစဉ်နေသည်။
ထပ်တလဲလဲ ကျူးလွန်သူများအနေဖြင့် ထောင်ဒဏ်ချမှတ်ခံရခြင်းနှင့်ပင် ရင်ဆိုင်ရနိုင်သည်။
(ယခုဥပဒေသစ်အရ မလိုက်နာသူများမှာ လမ်းစည်းကမ်းချိုးဖောက်မှုဖြင့် အပြစ်ပေးခံရမည် ဖြစ်သည်။ ဓာတ်ပုံ-Getty)
ယခုဥပဒေအရ ဘယ်ကြောတွင် အလွန်နှေးကွေးစွာ မောင်းနှင်သူများကို ချမှတ်မည့် ဒဏ်ငွေမှာ ယခင်ထက် မြင့်မားလာတော့မည်လည်း ဖြစ်သည်။
အမေရိကန်တွင် ဘယ်ကြောမှာ ကျော်တက်မည့်သူများ အသုံးပြုသည့် ယာဉ်ကြောဖြစ်သည်။
ယခုဥပဒေသစ်အရ အလွန်နှေးကွေးစွာ မောင်းနှင်ကြောင်း တွေ့ရှိပါက ဒေါ်လာ ၁၅၀ အထိ ဒဏ်ငွေ ချမှတ်ခံရမည် ဖြစ်သည်။
ယခင်က ဒေါ်လာ ၁၀၀ သတ်မှတ်ခဲ့ရာမှ ယခုအခါ ဒဏ်ငွေ ပိုမိုများပြားလာခြင်း ဖြစ်သည်။
နှေးကွေးစွာ ကားမောင်းသူများကို ထောင်ဒဏ်ချမှတ်မည်ဆိုသည့် လမ်းစည်းကမ်းဥပဒေမှာ အသစ်အဆန်းတစ်ခု မဟုတ်ချေ။
ယခင် ဥပဒေဟောင်းကတည်းက ပြဌာန်းထားသည်။ ယခင်ဥပဒေဟောင်းတွင်ဆိုလျှင် ပထမအကြိမ် ကျူးလွန်သူများကိုပင်လျှင် ထောင်ဒဏ် ၁ လချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
သို့သော် လက်တွေ့ကျင့်သုံးမှု မရှိခဲ့။ ဆိုလိုသည်မှာ ထောင်ဒဏ် ၁ လ လက်တွေ့ချမှတ်ခြင်းများ မရှိခဲ့ချေ။
ယခုဥပဒေသစ်တွင်မူ တိတိကျကျ ပြဌာန်းသတ်မှတ်လိုက်ခြင်းဖြစ်ပြီး ဒဏ်ငွေကိုလည်း ပိုမိုမြှင့်တင်လာသည်။
ယခုဥပဒေသစ်တွင် ၁၂ လအတွင်း ဒုတိယအကြိမ် ကျူးလွန်သူများကို ဒေါ်လာ ၂၅၀ ဒဏ်ငွေချမှတ်မည်ဟု ပြဌာန်းထားသည်။
၁ နှစ်အတွင်း တတိယအကြိမ် ကျူးလွန်ကြောင်း တွေ့ရှိလျှင်မူ ဒဏ်ငွေ ဒေါ်လာ ၃၅၀ (သို့မဟုတ်) ထောင်ဒဏ် ရက် ၃၀ ချမှတ်မည်ဖြစ်ကြောင်း ပြဌာန်းလာခြင်း ဖြစ်သည်။
ယာဉ်မောင်းသူတို့သည် တစ်နာရီ ၁၀ မိုင်နှုန်းမျှဖြင့် မောင်းနေပါက ညာကြောတွင်သာ မောင်းရမည် ဖြစ်သည်။
ယခုဥပဒေသစ်ကို လူဝီစီယာနာ ပြည်နယ်တွင် စတင်ကျင့်သုံးမည် ဖြစ်သည်။
ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်အထက်လွွှတ်တော်အမတ် Jay Luneau က တင်သွင်းခဲ့သော ဥပဒေဖြစ်သည်။
ဘယ်ကြောတွင် အလွန်နှေးကွေးစွာ ကားမောင်းနေသူများကို တွေ့လာရသောကြောင့် Luneau က ယခုဥပဒေကြမ်းကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း Louisiana Illuminator က ဖော်ပြသည်။
“ဒါမျိုးတွေကို ကျွန်တော်တို့တွေ အမြဲတွေ့နေရတယ်လို့ ထင်ပါတယ်” ဟု Luneau က ပြောသည်။
ယာဉ်မောင်းသူများအနေဖြင့် ဘယ်ဘက်သို့ ကွေ့လိုသောအခါ (သို့မဟုတ်) ကားများကို ကျော်တက်လိုသောအခါတွင်သာ ဘယ်ကြောကို သုံးရမည် ဖြစ်သည်။
မွန်တားနားပြည်နယ်တွင်လည်း လာမည့်နှစ်တွင် စတင်ကျင့်သုံးမည်ဖြစ်ပြီး မလိုက်နာသူများကို ၁၄၂ ဒေါ်လာ ဒဏ်ငွေချမှတ်ရန် စီစဉ်ထားသည်။
ဗားမွန့်ပြည်နယ်တွင်ဆိုလျှင် ဘယ်ကြောတွင် နှေးကွေးစွာ မောင်းနှင်ပါက အနည်းဆုံး ၄၇ ဒေါ်လာ ဒဏ်ငွေ ချမှတ်ကြောင်း Vermont Judicial Bureau က ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Drivers face 30 days in jail for driving too slowly from tomorrow after lawmaker says it’s ‘something we all see weekly’ (the-sun)