အမေရိကန်ပြည်တွင် လမ်းကြုံကားတားစီးသူများကို ကားရပ်မပေးပါက ဒဏ်ငွေဆောင်ရမည်ဟူသော ကောလာဟလများ ပျံ့နေ

  • 288 views

JB_HITCH_OFF_PLATFORM-copy.jpg

အမေရိကန်ပြည်၊ အလက်စ်ကားပြည်နယ်တွင် ကားပိုင်ရှင်တို့က လမ်းကြုံတားကာ ကားစီးသူများကို ရပ်မပေးလျှင် ဒဏ်ငွေချမှတ်ခံရမည်ကို စိုးရိမ်နေကြသည်။

အလက်စ်ကားသည် ကြီးမားကျယ်ဝန်းလှသော ပြည်နယ်ကြီးဖြစ်ပြီး လမ်းကြုံကားတားစီးသူများကို ကားပေါ်တင်ခေါ်ရန် ဥပဒေအရ တရားဝင်ခွင့်ပြုထားပြီး ထိုသို့ ခေါ်ဆောင်ရန်လည်း အားပေးထားသည်။

ရာသီဥတု ဆိုးရွားပြင်းထန်ကာ ရေမြေကြမ်းလှသော အလက်စ်ကားတွင် ခြေလျင်ခရီးသွားခြင်းမှာ အလွန်အန္တရာယ်ကြီးသည်။

အလက်စ်ကားပြည်နယ်သည် ရေခဲအတိပြီးသော ပြည်နယ်ကြီးဖြစ်ပြီး မြန်မာနိုင်ငံအကျယ်အဝန်းထက် ၃ ဆ နီးပါး ရှိသည်။ အလက်စ်ကားပြည်နယ်၏ အကျယ်အဝန်းမှာ ၆၆၃၂၆၈ စတုရန်းမိုင် (၁၇၁၇၈၅၆ စတုရန်းကီလိုမီတာ) ဖြစ်ပြီး မြန်မာနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၂၆၁၂၂၈ (၆၇၆၅၇၈ စတုရန်း ကီလိုမီတာ) ဖြစ်သည်။

blonde-girl-braid-green-backpack-1012029704_61361c.jpg
(အမေရိကတွင် ကားကြုံစီးလိုသူတို့ အချက်ပြပုံမှာ လက်မတစ်ချောင်းထောင်ပြခြင်းဖြစ်သည်။ ဓာတ်ပုံ-Getty)

 

driving-alaska-1012029015.jpg

(အလက်စ်ကားမှ လမ်းများမှာ ရှည်လျားလှကာ ကားဆက်ပြတ် လူသူဝေးလံခေါင်သီသောကြောင့် ခြေလျင်သွားသူများအတွက် အန္တရာယ်ကြီးသည်။ ဓာတ်ပုံ-Getty)

no-hitchhiking-sign-next-road-1012029945.jpg

(အမေရိကန်ရှိ ပြည်နယ် ၆ ခုတွင်မူ ကားကြုံစီးခြင်းကို ဥပဒေအရ ခွင့်မပြုချေ။ ဓာတ်ပုံ-Getty)


လက်ရှိအားဖြင့် အကူအညီလိုအပ်နေသူများကို ကားရပ်မပေးပါက ဒဏ်ငွေချမှတ်ခံရမည်ဟူသော ကောလာဟလများ ပျံ့နှံ့နေသည်။

သို့သော် အလက်စ်ကားပြည်နယ်၏ ဥပဒေတွင် ကားမောင်းသူတို့အနေဖြင့် ကားကြုံစီးရန် လက်ပြသူတို့ကို ရပ်မပေးခြင်းမှာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြဌာန်းမထားချေ။

သူစိမ်းတစ်ယောက်ကို ကားပေါ်ခေါ်တင်ခြင်းအပါအဝင် မည်သူမဆို အန္တရာယ်မကင်းသ်ည့ အခြေအနေမျိုး မလုပ်ဆောင်သင့်။ 

အလက်စ်ကားပြည်နယ်တွင် လမ်းကြုံကားတားစီးခြင်းကို တရားဝင်ခွင့်ပြုထားသော်လည်း ခြေလျင်ခရီးသွားသူတို့ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ရှိသည်။

ကားမောင်းသူ ဒုက္ခရောက်စေမည့် ပုံစံမျိုး ကားတားခြင်းကို ခွင့်မပြုချေ။

အလက်စ်ကားတွင် ကားကြုံစီးသူတို့က လက်မ ထောင်ပြကာ ကားတားလေ့ရှိကြသည်။ ပြည်နယ်ဥပဒေအရ ကားမောင်းသူအား လမ်းကို အာရုံမစိုက်နိုင်လောက်အောင် လုပ်ဆောင်ခြင်းမျိုးကို တားမြစ်ထားသည်။

ကားကြုံစီးသူများအနေဖြင့် ကားမောင်းသူတို့ထံမှ အလုပ်တောင်းခြင်း၊ ငွေကြေးတောင်းခံခြင်းများ မလုပ်ရန်လည်း ဥပဒေက တားမြစ်ထားသည်။

ကားလမ်းဘေးတွင် လူသွားလမ်းရှိနေပါက လမ်းဖြတ်ကူးရန် ကြိုးစားချိန်မှအပ အဝေးပြေးလမ်းမပေါ် တက်ကာ လမ်းလျှောက်ခွင့် မရှိချေ။

အကယ်၍ လူသွားလမ်းသီးသန့်မရှိပါက ခြေလျင်ခရီးသွားသူတို့သည် လမ်းပခုံး (သို့မဟုတ်) လမ်းနှုတ်ခမ်းတွင်သာ ဖြစ်နိုင်သမျှ ယာဉ်ကြောနှင့်ဝေးဝေးတွင် လမ်းလျှောက်ရမည် ဖြစ်သည်။

အလွန်တရာ အေးစက်ကာ ရာသီဥတုဆိုးရွားပြင်းထန်လှသော အလက်စ်ကားတွင် ဆောင်းတွင်း၌ ခြေလျင်ခရီးသွားခြင်းမှာ အလွန်တရာ အန္တရာယ်ကြီးသည်။

((အမေရိကတွင် ကားကြုံစီးခြင်း တားမြစ်ထားသည့် ပြည်နယ်များ))

● နီဗားဒါး
● နယူးဂျာစီ 
● နယူးယောက်
● ပန်ဆယ်ဗေးနီးယား
● ယူတား
● ဝိုင်ယောမင်း

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Truth behind rule where ‘drivers get ticket for not stopping for hitchhikers’ even though pedestrians are breaking law (the-sun)