အရှေ့တောင်အာရှနှင့် ကမ္ဘာ့ဈေးကွက်များသို့ GAC ထုတ် ဈေးချိုလှသော Aion UT hatchback စတင်ဝင်ရောက်လာ

  • 408 views

img_20250305_154302-768x445.jpg

GAC Aion ၏ compact hatchback ဖြစ်သော Aion UT သည် တရုတ်ပြည်ပြင်ပ ကမ္ဘာ့ဈေးကွက်များသို့ စတင်ဝင်ရောက်လာသည်။

၂၀၂၅ ခုနှစ်၊ GIIAS ကားပြပွဲကြီးအတွင်း အင်ဒိုနီးရှားတွင် Pre-sales စတင်ရောင်းချပေးနေခြင်းဖြစ်သည်။ စတင်ချပြခဲ့သည်မှာ ထိုင်းနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ကျင်းပခဲ့သော ကားပြပွဲတွင် ဖြစ်သည်။

img_20250305_153523-768x409.jpg

GAC Aion က Aion UT ဖြင့် အရှေ့တောင်အာရှအပြင် နိုင်ငံတကာဈေးကွက်သို့ ချဲ့ထွင်ရန် ရည်မှန်းထားသည်။Aion UT သည် ထိရောက်မှုကောင်းမွန်ပြီး digital ခေါင်းခန်း feature များပါဝင်ကာ အားသွင်းမြန်ဆန်သည့် ဈေးသက်သာသော EV ရှာဖွေနေသူများကို ပစ်မှတ်ထားသည်။

ပြည်မကြီးတွင် Aion UT ကို trim ၅ မျိုး ဝယ်ယူရရှိနိုင်ပြီး CLTC range အနေဖြင့် ကီလို ၃၃၀ နှင့် ၄၂၀ ကီလိုဟု ရွေးစရာ ၂ မျိုးရှိသည်။ဈေးတန်းမှာ ယွမ် ၆၉၈၀၀ မှ ၁၀၁၈၀၀ ကြား (ကန်ဒေါ်လာ ၉၇၄၀ မှ ၁၄၂၀၀ ကြား) သာရှိရာ အခြားကားများ ပုံမှန်ပေါက်ဈေးအောက် ထက်ဝက်ခန့်သာရှိသည်။

img_20250305_153856-768x409.jpg

ကမ္ဘာ့ဈေးကွက်အနေဖြင့် ညာမောင်းဈေးကွက်များသို့ ဖြန့်ချိရန် ရည်မှန်းထားပြီး ကနဦးတွင် အရှေ့တောင်အာရှ ဈေးကွက်ကို ရည်ရွယ်ထားသည်။ထို့အပြင် အင်ဒိုနီးရှားရှိ GAC ၏ စက်ရုံကဲ့သို့ ပြည်ပထုတ်လုပ်ရေး စက်ရုံများတွင်လည်း ထုတ်လုပ်သွားရန် စီစဉ်ထားသည်။

LED မီး ၁၉ လုံးဖြင့် ဖွဲ့စည်းထားသော daytime running light များ၊ အင်္ဂလိပ်အက္ခရာ D ပုံသဏ္ဌာန် ရှေ့မီးကြီးများ၊ C ပုံသဏ္ဌာန် နောက်မီးများဖြင့် လူငယ်ဆန်ဆန် ပုံဖော်ထားသည်။

img_20250305_154023-768x418.jpg

Dimensions မှာ အလျား 4,270 mm ၊ ဗျက် 1,850 mm ၊ အမြင့် 1,575 mm တို့ရှိကာ wheelbase မှာ 2,750 mm ရှိသောကြောင့် အတွင်းခန်း ကျယ်ကျယ်ဝန်းဝန်းရှိသည်။

ဒက်ရှ်ဘုတ်တွင် ၁၄ ဒသမ ၆ လက်မ central touchscreen နှင့် ၈ ဒသမ ၈ လက်မ digital instrument panel တို့ ရှိသည်။ Connectivity feature များအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဆော့ဖ်ဝဲ အဆင့်မြှင့်တင်နိုင်ခြင်း၊ in-car WiFi တို့အပြင် မိုဘိုင်းဖုန်း ရီမုတ်ကွန်ထရိုးတို့ကို standard အနေဖြင့် ထည့်ပေးထားသည်။

img_20250305_153538-768x432.jpg

Trim အပေါ်မူတည်ပြီး စပီကာ ၂ လုံးမှ ၆ လုံးအထိ အမျိုးမျိုးရှိသည်။Level 2 Advanced Driving Assistance မှာမူ top trim တွင်သာ ရနိုင်သည်။ကားရှေ့ဘက်တွင် 100 kW (134 hp) မော်တာ တပ်ဆင်ထားရာ မြို့တွင်းစီးအတွက် လုံလောက်သည့် အမြန်နှုန်းရနိုင်သည်။

Fast charging စွမ်းဆောင်နိုင်ရည်မှာ ၎င်း၏ အတန်းအစားတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ၃၀ မှ ၈၀ ရာခိုင်နှုန်းကို ၂၄ မိနစ်အတွင်း ရရှိနိုင်သည်။

img_20250305_153743-800x450.jpg

img_20250305_153804-768x432.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com 

Ref: Aion UT: GAC’s compact hatchback targets Southeast Asia and global markets  (carnewschina)