- ပင်မစာမျက်နှာ
- ကားသတင်းများ
- အားကုန်သွားရင် သူ့အလိုလို အားပြန်ပြည့်လာတဲ့ ဘက်တီးရီးယားဘက်ထရီ သိပ္ပံပညာရှင်များ တီထွင်နိုင်ပြီ
အားကုန်သွားရင် သူ့အလိုလို အားပြန်ပြည့်လာတဲ့ ဘက်တီးရီးယားဘက်ထရီ သိပ္ပံပညာရှင်များ တီထွင်နိုင်ပြီ
- 376 views
((ဘက်ထရီအိုးက သူ့ဟာသူ အားပြန်သွင်း))
တရုတ်ပြည်မှ သိပ္ပံပညာရှင်များသည် မိမိဘာသာ အားပြန်ပြည့်နိုင်သည့် ဇီဝဘက်ထရီကို ချပြလာသည်။ ဘက်ထရီ၏ ထိရောက်မှုမှာ ၉၉ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိသည်ဟု ဆိုသည်။
အရာအားလုံးကို ပြောင်းလဲပစ်မည့် ယခုနည်းပညာကို ရှန်ကျန်း အဆင့်မြင့်နည်းပညာသိပ္ပံက တီထွင်လိုက်ခြင်းဖြစ်ပြီး လျှပ်စစ်သတ္တိကြွ အနုဇီဝတို့က ၎င်းတို့၏ metabolism လုပ်ငန်းစဉ်မှတဆင့် လျှပ်စစ်ဓာတ်ကို ထုတ်လုပ်ပေးခြင်း ဖြစ်သည်။
((အလိုအလျောက် အားပြန်ပြည့်မည့် ဘက်ထရီ၏ သိပ္ပံပညာ))
ယခုတီထွင်လိုက်သော ဇီဝဘက်ထရီသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးနိုင်သော စွမ်းအင်သိုလှောင်မှုကဏ္ဍတွင် ကြီးမားသည့် နောက်တစ်ဆင့် တက်လှမ်းနိုင်မှုကြီးလည်း ဖြစ်သည်။
လီသီယမ်နှင့် ကိုဘော့တို့ကဲ့သို့ အရေးပါသော ပစ္စည်းများကိုသာ အရင်းခံသည့် သမားရိုးကျ ဘက်ထရီများနှင့် မတူသည့်အချက်မှာ ယခုနည်းပညာသစ်တွင် သက်ရှိ ဘက်တီးရီးယား ဟိုက်ဒရိုဂျယ်များကို စွမ်းအင်ရင်းမြစ် အဖြစ် အသုံးပြုခြင်း ဖြစ်သည်။
ပင်လယ်ရေညှိကို အခြေခံထုတ်လုပ်ထားသော ဂျယ်လီများထဲတွင် လျှပ်စစ်ဓာတ် ထုတ်လွှတ်သည့် ဘက်တီးရီးယားများ ထည့်သွင်းပေးထားခြင်း ဖြစ်ပြီး အဆိုပါ ဘက်တီးရီးယားတို့ ရှင်သန်နိုင်သည့် နေရာမျိုးဖြစ်အောင်လည်း ဖန်တီးပေးထားသည်။
ဇီဝဘက်ထရီသည် လူက မည်သို့မှ လုပ်ဆောင်စရာ မလိုဘဲ ၎င်းဘာသာ အလိုအလျောက် အားပြန်ပြည့်နိုင်မှု ၁၀ ကြိမ်အထိ ဖြစ်နိုင်သည်ဟု ဆိုသည်။
ဘက်တီးရီးယားတို့၏ သဘာဝအလျောက် metabolism ဖြစ်စဉ်မှတဆင့် အီလက်ထရွန်များ အဆက်မပြတ် ထုတ်လုပ်နေပြီး လျှပ်စစ်ဓာတ်အား ပေါ်ပေါက်စေခြင်း ဖြစ်သည်။
ဘက်ထရီ၏ အသုံးပြုနိုင်မှုမှာ အထင်ကြီးစရာ စွမ်းဆောင်မှုရှိသည်။
- ပုံမှန်အတိုင်း စွမ်းအားပြည့် အသုံးပြုလျှင် ဘက်တီးရီးယားတို့၏ အသက်ရှင်သန်နှုန်းမှာ ၇၀ ရာခိုင်နှုန်းကျော် ဖြစ်သည်။
- ဘက်ထရီ အားကုန်သွားချိန်တွင် ဘက်တီးရီးယားတို့ ရှင်သန်နှုန်းမှာ ၉၇ ဒသမ ၆ ရာခိုင်နှုန်း ရှိသည်။
- အကြိမ် ၅၀ ဆက်တိုက် မပြုမပြင် သုံးနိုင်သည်။
-
စွမ်းအင်ထိရောက်မှုနှုန်း ၉၉ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။
ဘက်တီးရီးယား ရှင်သန်နှုန်း မြင့်မားသောကြောင့် ဇီဝဘက်ထရီမှာ ကာလကြာရှည် အသုံးပြုနိုင်မည်ဖြစ်ပြီး ထွန်းသစ်လာနေသော ဇီဝစွမ်းအင်ကဏ္ဍတွင် အရေးပါသည့် စိန်ခေါ်မှုများအနက်တစ်ခုကို ဖြေရှင်းပေးနိုင်မည်လည်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: “It Recharges Itself”: China Unveils Revolutionary Battery Powered by Bacteria With 99% Efficiency (paris2018)