• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဘယ်လ်ဂျီယမ်တွင် ချစ်သူမိန်းကလေးနှင့် တွေ့ရန် မိုင် ၅၀၀ ကားမောင်းသွားခဲ့သော အမျိုးသားမှာ မိန်းကလေး၏ ယောက်ျားနှင့် တွေ့လိုက်ရသည့်ဖြစ်ပုံ

ဘယ်လ်ဂျီယမ်တွင် ချစ်သူမိန်းကလေးနှင့် တွေ့ရန် မိုင် ၅၀၀ ကားမောင်းသွားခဲ့သော အမျိုးသားမှာ မိန်းကလေး၏ ယောက်ျားနှင့် တွေ့လိုက်ရသည့်ဖြစ်ပုံ

  • 1754 views

9oj5ijuk_sophie-vouzelaud_625x300_19_July_25.jpg

ဘယ်လ်ဂျီယန် အမျိုးသားတစ်ဦးသည် အချစ်ရေးအတွက် မိုင် ၅၀၀ နီးပါး ကားမောင်းသွားရောက်ခဲ့သော်လည်း မထင်မှတ်သည့် ထိပ်တိုက်တွေ့ရမှုနှင့် ရင်ဆိုင်လိုက်ရသည်။

ထိုအဖြစ်မှာ ၎င်းအတွက် ကြက်သေသေစရာ ဖြစ်ခဲ့ပြီး ပြင်သစ်မော်ဒယ်မိန်းကလေးနှင့် သူမ၏ ခင်ပွန်းတို့အတွက်မူ …..စရာဖြစ်ခဲ့ကြောင်း Fox News သတင်းဌာနက ဖော်ပြသည်။

မိုက်ကယ်ဟု အမည်ရသော ဘယ်လ်ဂျီယမ်အမျိုးသားသည် အနာဂတ်ဇနီးလောင်းဟု ၎င်းကသတ်မှတ်ထားသူ ပြင်သစ်မော်ဒယ် ဆိုဖီ ဗူဇလို (Sophie Vouzelaud) ၏ အိမ်သို့ ၄၇၂ မိုင် ကားမောင်းကာ သွားရောက်ခဲ့ခြင်း ဖြစ်သည်။သို့သော် မမျှော်လင့်ထားသည်များ ဖြစ်လာသည်။အိမ်တံခါးဝတွင် ၎င်းအား ကြိုဆိုနေသည်မှာ ဆိုဖီတစ်ဦးတည်းမဟုတ်။ဆိုဖီ၏ ခင်ပွန်းဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဖာဘီယန် ဘူတာမင် (Fabien Boutamine) လည်းရှိနေကြောင်း Fox News က ဖော်ပြသည်။
မိုက်ကယ်နှင့် ဆိုဖီတို့ တွေ့ဆုံကြပုံကို ဗွီဒီယို ရိုက်ကူးထားသူမှာ ဖာဘီယန် ဖြစ်သည်။

“ကျွန်တော် ဗွီဒီယိုရိုက်ထားရတဲ့ အကြောင်းရင်းကတော့ တံခါးမှာ ဘဲလ်လာတီးပြီး ….ကျွန်တော်က ဆိုဖီရဲ့ အနာဂတ် ခင်ပွန်းလောင်းပါ….လို့ ပြောလာတာကြောင့်ပါ” ဟု ဖာဘီယန်က ဗွီဒီယိုထဲတွင် ပြောပြသည်။

“ကဲ..ကျွန်တော်က လက်ရှိခင်ပွန်းပါ။ ပြဿနာကတော့ ရှိလာပါလိမ့်မယ်”
ယင်းနောက်တွင်ကား စိတ်မသက်သာဖွယ် ပြောဆိုရှင်းလင်းရမှုများ ပေါ်ပေါက်လာရတော့သည်။

မိုက်ကယ်က မိမိ၏ ပြောဆိုချက်မှာ အမှန်ဖြစ်ကြောင်း ပြောနေပြီး ဖာဘီယန်က ပြဿနာဇာစ်မြစ်ကို နားလည်နိုင်ရန် ကြိုးစားနေသည်။ဖာဘီယန် ရိုက်ကူးထားသော ဗွီဒီယိုကို ဆိုဖီက အင်စတာဂရမ်တွင် ပြင်သစ်စာ caption ရေးသားကာ တင်ခဲ့သည်။

“ဒီလူ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ အကောင့်တုတွေကို သတိထားကြပါ။ လူတိုင်း သတိရှိကြဖို့ တိုက်တွန်းပါတယ်။ မိမိကိုယ်ကို ဂရုစိုက်ကြပါ” ဟု ရေးသားထားသည်။

နောက်ဆုံးတွင်မူ ဆိုဖီတွင် ခင်ပွန်းရှိနေသည်မှာ မငြင်းနိုင်သည့် အချက်ဖြစ်သောကြောင့် မိုက်ကယ်က တစ်ခုခု မှားနေကြောင်း ကောက်ချက်ချလိုက်သည်။ထိုအဖြစ်အပျက်မှာ ပါဝင်ပတ်သက်သူများအကြား ဒွိဟသံသယများ ဖြစ်ပေါ်လာစေခဲ့သည်။

“သူ (ဆိုဖီ) က ကျွန်တော့်ကို ညစ်ညစ်ပတ်ပတ်လှည့်စားသွားတာလို့ ထင်ပါတယ်” ဟု မိုက်ကယ် ပြောဆိုလိုက်သံကို ဗွီဒီယိုထဲတွင် ကြားရသည်။

“ကျွန်တော့် မိန်းမလား…မဟုတ်ပါဘူး။ အဲဒါက အကောင့်တုတွေပါ။ ခင်ဗျားအနေနဲ့ သတိထားဖို့ လိုပါတယ်” ဟု ဖာဘီယန်က ပြောဆိုခဲ့သည်။

မိုက်ကယ်က ရှင်းပြသည်မှာ မိမိသည် မော်ဒယ် ဆိုဖီဟု အွန်လိုင်းတွင် သိရသူထံ ဒေါ်လာ ၃၅၀၀၀ ပို့ပေးခဲ့ကြောင်း ပြောသည်။

မော်ဒယ် ဆိုဖီသည် ၂၀၀၇ ခုနှစ် Miss France ပြိုင်ပွဲတွင် first runner-up ရရှိခဲ့သူလည်း ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com 

Ref: Belgian Man Drives 500 Miles To Meet 'Future Wife', But Finds Her Husband Instead