- ပင်မစာမျက်နှာ
- ကားသတင်းများ
- Marc Anthony က ဒေးဗစ်ဘက်ခမ်းကို ဒေါ်လာ ၂၆ သန်းတန် luxury ကားတစ်စင်းလက်ဆောင်ပေးပြီး surprise အကြီးကြီးတိုက်
Marc Anthony က ဒေးဗစ်ဘက်ခမ်းကို ဒေါ်လာ ၂၆ သန်းတန် luxury ကားတစ်စင်းလက်ဆောင်ပေးပြီး surprise အကြီးကြီးတိုက်
- 263 views
အချစ်ရဆုံးသူငယ်ချင်းဟူသော စကားကို အကောင်းဆုံးသာဓကပြပါဟုဆိုပါက Marc Anthony နှင့် ဒေးဗစ်ဘက်ခမ်းတို့နှစ်ဦးကို ဆွဲထုတ်ပြလျှင် ရနိုင်ကောင်းသည်။
၎င်းတို့နှစ်ဦးသည် တစ်ဦး၏ အရေးပါသော ဘဝအခိုက်အတန့်တိုင်းတွင် တစ်ဦးရှိနေခဲ့ရာ မင်္ဂလာဆောင်များမှသည် သားသမီးမွေးဖွားခြင်းများအထိ ဖြစ်၏။
ယခုလည်း Marc က ဘက်ခမ်းကို ဒေါ်လာ ၂၆ သန်းတန် luxury ကားတစ်စင်းလက်ဆောင်ပေးကာ surprise အကြီးကြီးတိုက်ခဲ့သည်ဟု သိရသည်။
(Marc က သူ၏ သူငယ်ချင်းကို luxury လက်ဆောင်တစ်ခု ပေးခဲ့သည်)
ဗြိတိန်ကားထုတ်လုပ်သူ Hedley Studios ထုတ်ကားတစ်စင်းဖြစ်ပြီး လက်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ကာ ကျွမ်းကျင်ပညာရှင်များ စုပေါင်းထုတ်လုပ်ထားသည့် အနုပညာလက်ရာဟုလည်း ဆိုနိုင်သည်။
ယခုကားသည် ကားဝါသနာအိုးတို့၏ အိပ်မက်များတွင် ပါဝင်ပြီး ဖြတ်သန်းမောင်းနှင်သွားရာ လမ်းတလျှောက် လူတိုင်း ရင်သပ်ရှုမောဖြစ်စေရမည်ဟု အာမခံထားသည့် ကားတစ်စင်းဖြစ်သည်။
Marc နှင့် ဘက်ခမ်းတို့ မိသားစုများအကြား မကျေမလည်ဖြစ်နေသည်ဟူသော ကောလာဟလများ မကြာသေးမီက ထွက်ပေါ်ခဲ့ရာ Marc ၏ လက်ဆောင်ကိုကြည့်လျှင် ကောလာဟလများ မမှန်ကြောင်း ပြသနေသည်။
(Marc က ဘက်ခမ်းကို လက်ဆောင်ပေးခဲ့သောကား)
((ဘာကြောင့် အရမ်းဈေးကြီးတာလဲ))
Hedley Studios သည် လက်ဖြင့် ထုတ်လုပ်ထားသော အနုပညာလက်ရာတစ်ခု ဖြစ်သည်။
အင်္ဂလန်ပစ္စည်းများအားလုံးသာ အသုံးပြုထားပြီး အလွန်နည်းပါးသော အရေအတွက်သာ အကန့်အသတ်ဖြင့်သာ ထုတ်လုပ်သည်။
Bugatti နှင့် Aston Martin တို့ကဲ့သို့ ကမ္ဘာကျော် brand များနှင့် တရားဝင်မိတ်ဘက်လက်တွဲကာ ထုတ်လုပ်ထားပြီး high-end အင်ဂျင်များ အသုံးပြုထားသည်။
((Marc နှင့် ဘက်ခမ်းတို့၏ စည်းနှောင်မှု))
Marc နှင့် ဘက်ခမ်းတို့၏ ခင်မင်ရင်းနှီးမှုမှာ Marc ၏ ဂီတမှ အစပျိုးသည်။
ဘက်ခမ်းနှင့် ဇနီးဖြစ်သူ ဗစ်တိုးရီးယားတို့မှာ Marc ၏ သီချင်းများကို အလွန်နှစ်သက်သူများ ဖြစ်သည်။
၎င်းတို့သည် အတူတကွ အချိန်ကုန်လွန်ဖြတ်သန်းခဲ့ကြဖူးပြီး ဘက်ခမ်း၏ သားများဖြစ်သော Cruz နှင့် Harper တို့မှာ Marc ကို ၎င်းတို့၏ godfather အဖြစ် သတ်မှတ်ထားကြသည်။
Marc ၏ သားငယ် Marquitos မွေးဖွားချိန်တွင်လည်း ဘက်ခမ်းကို အဆိုပါကလေး၏ godfather အဖြစ် သတ်မှတ်ခဲ့သည်။
(ဘက်ခမ်းနှင့် Marc ၏ သားငယ် Marquitos တို့ကို Marc က ရိုက်ကူးပေးထားသောဓာတ်ပုံ)
ဘက်ခမ်းက မိုင်အမ်မီသို့ ပြောင်းရွှေ့လာချိန်တွင် Marc နှင့် ဘက်ခမ်းတို့ကြား ခင်မင်မှု ပိုမိုခိုင်မာလာခဲ့သည်။
(Marc တို့ဇနီးမောင်နှံသည် အင်တာမိုင်အမ်မီ၏ ပွဲစဉ်များကို မကြာခဏ လာရောက်ကြည့်ရှုလေ့ရှိသည်)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Marc Anthony surprises David Beckham with a stunning $26 million luxury car gift (hola)