ထိုင်းတွင် မိန်းကလေးတစ်ဦးက တက္ကစီမောင်းသည့် လူငယ်အား ကားခ ဘတ် ၄၀ အစား မိမိနှင့် အတူအိပ်ရန် ကမ်းလှမ်း

  • 348 views

rider.jpg
ထိုင်းတွင် မိန်းကလေးတစ်ဦးက ကားခ ဘတ် ၄၀ အစား မိမိနှင့် အတူအိပ်ရန် ကမ်းလှမ်းခဲ့ရာ တက္ကစီသမားလူငယ်မှာ အလွန်အံ့သြတုန်လှုပ်သွားခဲ့သည်။

ထိုင်းသတင်းမီဒီယာတစ်ခုဖြစ်သော Khaosod ၏ ဖော်ပြချက်အရ အဆိုပါဖြစ်ရပ်မှာ ဇွန်လ ၂၆ ရက်၊ ည ၇း၃၀ အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တက္ကစီမောင်းသည့် အသက် ၂၃ နှစ်အရွယ် မစ္စတာ နာရာဝစ်က ထိုဖြစ်ရပ်ကို ရဲတပ်ဖွဲ့ထံ သတင်းပို့ခဲ့သည်။

နာရာဝစ်က ပြောသည်မှာ ထိုမိန်းကလေးက ဥဒုံသနီမြို့ရှိ အဆောင်တစ်ခုသို့ ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သွားလိုသည့်နေရာသို့ ရောက်ရှိချိန်တွင် မိန်းကလေးက ပြောသည်မှာ မိမိတွင် ငွေမရှိကြောင်း၊ ကားခအနေဖြင့် မိမိနှင့် အတူအိပ်မည်လောဟု မေးမြန်းခဲ့သည်။

ထို့နောက် မိန်းကလေးက အဆောင်ထဲသို့ ဝင်သွားခဲ့ပြီး ပြန်ထွက်မလာချေ။
ခေတ္တအကြာတွင် app မှတဆင့် တက္ကစီသမားလူငယ်ထံ မက်ဆေ့ပို့လိုက်ပြီး မိမိအခန်းထဲသို့လာရန် ဖိတ်ခေါ်ခဲ့ပြန်သည်။

နာရာဝစ်က ငြင်းပယ်ခဲ့ပြီး ကားခမပေးပါက ရဲတပ်ဖွဲ့သို့ တိုင်တန်းမည်ဟု ပြောဆိုခဲ့သည်။

မကြာမီတွင် အဆောင်ထဲမှ အမျိုးသားတစ်ဦးထွက်လာပြီး တောင်းပန်ခဲ့ပြီး ငှားခပေးခဲ့သည်။

သို့သော် မကြာမီတွင် ရဲအရာရှိများ ရောက်လာခဲ့သည်။

Khaosod သတင်းဌာနက ထိုမိန်းကလေး၏ အမည်ကို A ဟု အမည်ဝှက်ဖြင့် ဖော်ပြထားသည်။

နာရာဝစ်က ရဲတပ်ဖွဲ့သို့ပြောသည်မှာ A သည် မိမိကားကို ငှားသည်မှာ ၃ ကြိမ်မြောက်ဖြစ်ကြောင်း၊ ယခင် ၂ ကြိမ်ကလည်း ကားခကို လွယ်လင့်တကူ ချက်ချင်းမပေးကြောင်း၊ သို့သော် ကားခအတွက် လိင်ဝန်ဆောင်မှုပေးရန် ကမ်းလှမ်းခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ပြောပြခဲ့သည်။

ရဲအရာရှိများက အဆောင်သို့သွားကာ မိန်းကလေးအတွက် ကားခပေးခဲ့သော မစ္စတာ ဒေးအမည်ရှိ အသက် ၂၉ နှစ်အရွယ် အမျိုးသားထံ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

မစ္စတာဒေးက ပြောသည်မှာ A ကို ယခင်ကလည်း ယခုဒေသဝန်းကျင်တွင် တွေ့ခဲ့ဖူးကြောင်း၊ လူချင်းမသိကြောင်း၊ ကားခပေးခြင်းမှာ စာနာစိတ်ဖြင့် ဖြစ်ကြောင်း၊ မိမိအခန်းတွင် နေထိုင်ခွင့်မပြုကြောင်း ပြောသည်။

ရဲအရာရှိများက စစ်ဆေးမေးမြန်းချိန်တွင် A မှာ ရှေ့နောက်မညီသော အဖြေမျိုးစုံ ပေးနေခဲ့သည်။

A ကပြောသည်မှာ မိမိတွင် ငွေမရှိသောကြောင့် မစ္စတာဒေးကို အကူအညီတောင်းခဲ့ကြောင်း၊ နာရာဝစ်ကို အခန်းထဲသို့ ခေါ်သည်မှာ မှန်ကြောင်း၊ သို့သော် အပျော်အလည်အပတ်အတွက်သာဖြစ်ကြောင်း ပြောသည်။

နာရာဝစ်ကို ကားခအတွက် အတူအိပ်ရန်၊ မူးယစ်ဆေးသုံးရန် ကမ်းလှမ်းခဲ့သည်ဆိုခြင်းကိုမူ A က ငြင်းဆိုပြီး တစ်ဦးဦးနှင့် စကားစမြည်ပြောလိုခြင်းသာဖြစ်ကြောင်း ပြောသည်။

ရဲအရာရှိများက A ၏ အဘွားကို မေးမြန်းရာတွင် A သည် မူးယစ်ဆေးသုံးစွဲပြီး စိတ်ကျန်းမာရေး ပြဿနာရှိကြောင်း ပြောပြသည်။

ယခင်က ဆေးရုံသို့ပို့ကာ ဆေးကုသမှု ခံယူစေခဲ့သော်လည်း တိုးတက်မှု အနည်းငယ်သာရှိခဲ့သည်ဟု ဆိုသည်။

ထိုနေ့ကလည်း A က အိမ်မှ မထွက်မီ ပိုက်ဆံတောင်းကြောင်း၊ ယင်းနောက် Delivery ပို့သူများနှင့်အတူ သွားလာခဲ့ကြောင်း အဘွားဖြစ်သူက ပြောသည်။
ငွေမပါဘဲ အပြင်မထွက်ရန် အကြိမ်ကြိမ်သတိပေးသော်လည်း တားမရကြောင်း အဘွားက ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com 

Ref: Woman in Thailand allegedly offers sex to private-hire rider instead of paying S$1.60 fare