Vanilla ရေခဲမုန့်စားရင် စက်နှိုးလို့မရတဲ့ Pontiac ကားတစ်စင်းရဲ့ ဖြစ်ရပ်မှန် ဇာတ်ကြောင်း

  • 335 views

001.jpg

အကယ်၍ သင်သည် Vintage ကားများ စိတ်ဝင်စားသည့် ဝါသနာအိုးတစ်ဦးဆိုပါက ထူးခြားသော Pontiac အကြောင်း သိထားမည် သေချာသည်။

General Motors ထုတ် Pontiac သည် သတ္တု၊ မှန်၊ ရာဘာတို့ ပေါင်းစပ်ထားသည့် အစုအဝေးတစ်ခုမျှသာ မဟုတ်။၎င်းတွင် ခံစားမှု အသက်ဝိညာဉ်၊ ယနေ့တိုင် ကားလောက၌ ပြောစမှတ်တွင်နေဆဲ တာရှည်ခံ ဒီဇိုင်းတို့ ရှိနေသည်။

ကားအမှတ်တံဆိပ်၏ အမည်မှာ နာမည်ကျော် ottawa chief ကို အစွဲပြုကာ အမည်ပေးထားခြင်းဖြစ်သည်။ ………..

ကားထုတ်လုပ်သည့် အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်၊ Pontiac မြို့မှာလည်း ၎င်း၏ အမည်ကို ပေးထားခြင်းဖြစ်သည်။Pontiac ထုတ်လုပ်မှု ရပ်ဆိုင်းသွားသည့်တိုင် ထာဝရ မမေ့ပျောက်နိုင်ကြ။Pontiac နှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုလည်း ရှိနေသည်။ထိုအကြောင်းကို Daily Social သတင်းဌာနက ဖော်ထုတ်တင်ပြခဲ့ခြင်းဖြစ်သည်။

((Pontiac ၏ စိတ်ဝင်စားဖွယ် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်))

တစ်နေ့သ၌ General Motors ကုမ္ပဏီကြီး၏ Pontiac ကားများထုတ်လုပ်သော ဌာနခွဲက customer တစ်ဦးထံမှ complaint စာတစ်စောင် လက်ခံရရှိခဲ့သည်။စာတွင် ရေးသားဖော်ပြထားသည်မှာ “ကျွန်တော့်ရဲ့ Pontiac ကားက vanilla ရေခဲမုန့် မကြိုက်ဘူး” ဟု ဆိုသည်။General Motors က ထို customer ၏ ပထမအကြိမ် စောဒကတက်မှုကို မသိကျိုးကျွံပြုလိုက်သည်။

မိမိအကြောင်းကြားသည့်စာမှာ ရူးကြောင်ကြောင်နိုင်ကြောင်းလည်း ထို customer က သိသည်။ထို့ကြောင့် ဒုတိယအကြိမ် ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲ ရေးသားအကြောင်းကြားရန် ဆုံးဖြတ်ခဲ့သည်။ဒုတိယ ရေးသားခဲ့သောစာတွင် ဖော်ပြထားသည်မှာ မိမိ၏ မိသားစုသည် ညစာစားပြီးလျှင် နေ့တိုင်း ရေခဲမုန့် စားကြောင်း၊ နေ့တိုင်း တစ်နေ့လျှင် အရသာတစ်မျိုး ပြောင်းလဲဝယ်ယူခဲ့ကြောင်း၊ သို့သော် Pontiac ကားသစ် ဝယ်ယူပြီးချိန်တွင် ဆန်းကြယ်သည့် ပြဿနာတစ်ရပ်နှင့် ရင်ဆိုင်ရကြောင်း ဖော်ပြထားသည်။

Vanilla ရေခဲမုန့် ဝယ်သောနေ့များတွင် ကားစက်နှိုး၍ မရချေ။ အခြားအရသာ ရေခဲမုန့်များ ဝယ်လျှင် မည်သည့် ပြဿနာမှ မပေါ်။အများစုကမူ ၎င်းအား ရူးနေပြီဟု ပြောကြမည်ဖြစ်သော်လည်း General Motors ကမူ အင်ဂျင်နီယာတစ်ဦးစေလွှတ်ကာ ပြဿနာ၏ ဇာစ်မြစ်ကို ဖော်ထုတ်ရန် ဆုံးဖြတ်ခဲ့သည်။ထိုအခါ customer ၏ စောဒကတက် အကြောင်းကြားစာမှာ မှန်ကန်နေကြောင်း အင်ဂျင်နီယာလည်း အံ့ဖွယ် တွေ့ရှိသွားသည်။ အင်ဂျင်နီယာက vanilla ရေခဲမုန့် သွားရောက် ဝယ်ယူချိန်တွင် ကားမှာ အမှန်တကယ် စက်နှိုး၍ မရချေ။

အင်ဂျင်နီယာက အသုံးပြုသည့်ဆီ၊ ကားမော်ဒယ် အစရှိသည်တို့ စစ်ဆေးသည့်အပြင် ရှေ့တိုးနောက်ဆုတ် အမျိုးမျိုး စမ်းသပ်၏။နောက်ဆုံးတွင်ကား အင်ဂျင်နီယာက ပြဿနာ၏ အရင်းခံအကြောင်းရင်းကို တွေ့ရှိသွားသည်။

Customer ဝယ်သော ဆိုင်သည် အခြားရေခဲမုန့်များ ဝယ်လျှင် အချိန်ပိုမို ကြာမြင့်သည်။ Vanilla ရေခဲမုန့်မှာမူ ဆိုင်ရှေ့တွင် ထားရှိခြင်းဖြစ်သောကြောင့် ဝယ်ယူချိန် တိုတောင်းသည်။ပြဿနာမှာ ရေငွေ့ဖြင့် ပိတ်ဆို့နေခြင်းကြောင့် ဖြစ်သည်။ကားစက်သပ်ပြီး ချက်ချင်းစက်ပြန်နှိုးသောကြောင့် ရေငွေ့များ မပြယ်သေးဘဲ စက်နှိုး၍ မရခြင်းဖြစ်သည်။

Vanilla ရေခဲမုန့် ဝယ်လျှင် အချိန်အနည်းငယ်သာကြာရာ အင်ဂျင်မှာ အအေးခံရန် လုံလောက်သည့် အချိန်မရချေ။ထိုအချက်ကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ဆန်းကြယ်သော ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။ နောင်အခါတွင် ထိုပြဿနာမရှိစေရန် General Motors က မွမ်းမံနိုင်ခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com  

Ref: This car of General Motors doesn’t allow people to eat only vanilla ice-cream (auto)