Tesla က တရုတ်ပြည်တွင် လျှပ်စစ်မီး မပြတ်စေရန်အတွက် တရုတ်ပြည်၏ အကြီးမားဆုံး ဘက်ထရီ station ကြီး တည်ဆောက်မည်

  • 330 views

tesla-china20energy-battery20storage.jpg

Tesla သည် တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် ဒေါ်လာ ၅၅၇ သန်းတန်ကြေးရှိ ဘက်ထရီ station ကြီး ဆောက်လုပ်ရန် စီစဉ်နေရာ ၎င်းတို့၏ မဟာဗျူဟာတွင် ကြီးမားသည့်အရွေ့တစ်ခုရှိလာမှုကို ပြသနေသည်။

Tesla နှင့် တရုတ်ပြည်အကြား မိတ်ဘက်လက်တွဲမှုမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၏ အနာဂတ်အား မည်သို့ ပုံဖော်နိုင်မည်ကို လေ့လာကြပါစို့။

Tesla က တရုတ်ပြည်နှင့် လက်တွဲကာ တရုတ်ပြည်၏ အကြီးမားဆုံး ဘက်ထရီကို တည်ဆောက်ရန် စီစဉ်နေမှုမှာ ကားများသာ ထုတ်လုပ်နေရာမှ ပိုမိုကြီးမားသည့် အခန်းကဏ္ဍသို့ ဝင်ရောက်ရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့် စပ်လျဉ်းပြီး တရုတ်ပြည်၏ စီမံကိန်းများတွင် ပါဝင်ရန် Tesla ၏ ခြေလှမ်းပြောင်းလဲလာမှုကို ပြသနေသည်။

Tesla က ရှန်ဟိုင်းတွင် တည်ဆောက်မည့် ဘက်ထရီ station ကြီးမှာ ယွမ် ၄ ဘီလီယံ (ကန်ဒေါ်လာ ၅၅၇ သန်း) ကုန်ကျမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။


((Tesla နှင့် တရုတ်ပြည်၏ စွမ်းအင်ကွန်ရက် ခေတ်သစ်))

ယခု တည်ဆောက်မည့် ဘက်ထရီ station ကြီးသည် တရုတ်ပြည်၏ လျှပ်စစ်ဓာတ်အားကွန်ရက်တွင် game changer တစ်ခုဖြစ်လာမည် ဖြစ်သည်။

တရုတ်ပြည်သည် လျှပ်စစ်ဓာတ်အားကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များအပေါ်တွင်သာ တစထက်တစ အသုံးပြုလာသည်။

Tesla ၏ ယခု ဘက်ထရီစွမ်းအင်သိုလှောင်စခန်းကြီးမှာ လက်ရှိစံချိန်တင်ထားသော ရှန်တုံမှ 1 GWh ဘက်ထရီ station ထက်ပိုမိုကြီးမားမည်ဟု ဆိုသည်။

(မှတ်ချက်။ ဘက်ထရီ station ၏ လုပ်ဆောင်ပုံမှာ နေအိမ်များကို တိုက်ရိုက်လျှပ်စစ်မီးပေးရန်၊ EV များကို အားသွင်းပေးရန်မဟုတ်ဘဲ နေစွမ်းအင်၊ လေစွမ်းအင်စခန်းများမှ ပိုလျှံလာသော ဓာတ်အားများကို ယာယီသိုလှောင်ပေးခြင်း၊ သုံးစွဲမှုများပြားသောကြောင့် ဓာတ်အား လိုအပ်ချိန်များတွင် ပြန်လည်ထုတ်လွှတ် ပေးခြင်း အစရှိသည့် လျှပ်စစ်ဓာတ်အား ထိန်းညှိသည့်အလုပ် လုပ်ဆောင်ပေးခြင်း ဖြစ်သည်)

ဓာတ်အားပိုလျှံနေချိန်များတွင် လျှပ်စစ်ဓာတ်အားကို ဝယ်ယူသိုလှောင်ပေးထားမည်ဖြစ်ပြီး သုံးစွဲမှု များပြားချိန်တွင် ပြန်လည်ရောင်းချပေးမည် ဖြစ်သည်။

Tesla ၏ ဘက်ထရီ station မှာ တရုတ်ပြည်၏ လျှပ်စစ်ဓာတ်အားကွန်ရက် လုပ်ဆောင်ချက် တည်ငြိမ်စေရန် ထိန်းသိမ်းပေးခြင်းမျိုး ဖြစ်ကာ တနည်းဆိုရလျှင် “အလွန်ကြီးမားသော စွမ်းအင် shock absorber ကြီးတစ်ခု” ဟု ဆိုနိုင်သည်။

Tesla ၏ ဘက်ထရီ station ကြီးတွင် 3.9 MWh အားရှိသော ကြီးမားသည့် Megapack ဘက်ထရီကြီးများ တပ်ဆင်ထားမည် ဖြစ်သည်။

Tesla ၏ Megapack ကြီးများက တရုတ်ပြည်တွင် လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရန် ကြီးမားသည့် အထောက်အကူဖြစ်လာမည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com  

Ref: Tesla is no longer a car company: China just paid it $557 million to build the country’s largest battery (thenewswheel)