- ပင်မစာမျက်နှာ
- ကားသတင်းများ
- မလေးရှားတွင် အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦး BMW တစ်စင်း ဝယ်ယူရာ၌ ရင်းဂစ် ၇,၀၀၀ ငွေလိုနေသောကြောင့် ကားရောင်းသည့်သူဌေးကို မိမိနှင့်အိပ်မလားဟု ကမ်းလှမ်းခဲ့မှု ဂယက်ထနေ
မလေးရှားတွင် အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦး BMW တစ်စင်း ဝယ်ယူရာ၌ ရင်းဂစ် ၇,၀၀၀ ငွေလိုနေသောကြောင့် ကားရောင်းသည့်သူဌေးကို မိမိနှင့်အိပ်မလားဟု ကမ်းလှမ်းခဲ့မှု ဂယက်ထနေ
- 634 views
မလေးရှားတွင် အမျိုးသမီးတစ်ဦးက Facebook ၌ သူဌေးတစ်ဦး အရောင်းတင်ထားသော BMW တစ်စင်းကို အလွန်သဘောကျကာ လိုချင်နေသော်လည်း ရင်းဂစ် ၇,၀၀၀ (၁၆၄၈ ဒေါ်လာ) ခန့် ငွေလိုနေခဲ့သည်။ ထိုအမျိုးသမီးက ကားဝယ်ယူရေး လက်မလျှော့ဘဲ အရောင်းတင်သည့် သူဌေးကို မက်ဆန်ဂျာမှတစ်ဆင့် ဆက်သွယ်ကာ ကားဖိုးလိုနေသည့်ငွေ ရင်းဂစ် ၇,၀၀၀ အတွက် မိမိနှင့် အတူအိပ်စက်ရန် ကမ်းလှမ်းခဲ့သည်။
ကားအရောင်းတင်သည့် သူဌေးမှာ မလေးရှားတွင် နာမည်ကြီးသူဖြစ်ပြီး Facebook တွင်လည်း follower များပြားသည့် Bluemark အကောင့်ပိုင်ရှင်ဖြစ်သည်။သူဌေး၏ အကောင့်အမည်မှာ “Mfabob Mohd Fitri Ahmad” ဖြစ်သည်။အရောင်းတင်သည့် သူဌေးက ထိုအမျိုးသမီး၏ ကမ်းလှမ်းမှုကို အလွန်အံ့အားသင့်သွားခဲ့ပြီး မက်ဆန်ဂျာတွင် ပြောဆိုထားမှုများကို screenshot ရယူကာ Facebook တွင် တင်ခဲ့ရာ ချက်ချင်းနာမည်ကြီး ဂယက်ရိုက်သွားသည်။
((လိုငွေအတွက် ခန္ဓာကိုယ် ပေးအပ်လာခြင်း))
သူဌေး Ahmad က ၎င်းပိုင် BMW ကားကို ရင်းဂစ် ၁၈,၀၀၀ (၄၂၃၉ ဒေါ်လာ) ဖြင့် သူ၏ Facebook အကောင့်မှတစ်ဆင့် အရောင်းတင်ခဲ့သည်။အရောင်းတင်ပြီး မကြာမီတွင်ပင် အမျိုးသမီးတစ်ဦးက သူဌေး Ahmad ထံ ဆက်သွယ်လာပြီး ကားဝယ်ရန် စိတ်ဝင်စားကြောင်း ပြောလာသည်။
(သူဌေး Ahmad ရောင်းချမည့် BMW ကား။ ဓာတ်ပုံ-Source: Mfa Bob on Facebook)
ထိုအမျိုးသမီးက ဆက်လက်ပြောခဲ့သည်မှာ ၎င်းထံတွင် ရင်းဂစ် ၁၁,၀၀၀ (ဒေါ်လာ ၂၅၉၀) သာရှိကြောင်း၊ ကျန်ငွေကို လိင်ဆက်ဆံမှုဖြင့် ပေးချေရန် ဆန္ဒရှိကြောင်း ကမ်းလှမ်းခဲ့သည်။
(သူဌေး Ahmad ကို ထိုအမျိုးသမီးက မက်ဆန်ဂျာမှတစ်ဆင့် လာရောက်ပြောဆိုခဲ့ပုံ။ ဓာတ်ပုံ-Source: Mfa Bob on Facebook)
ယင်းနောက်ပိုင်း အမျိုးသမီးက ဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့ပြီး ၎င်းမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းလည်း အတည်ပြု ပြောကြားခဲ့သည်။
ထိုနောက်ပိုင်း သူဌေး Ahmad က အခြားပို့စ်တစ်ခုတွင် ဆက်လက်ဖော်ပြထားသည်မှာ ယခုကဲ့သို့ ကျန်ငွေကို အတူအိပ်ကာ ပေးချေမည်ဟု ကမ်းလှမ်းခြင်းအား ခင်ပွန်းဖြစ်သူ သိ၊ မသိ မေးမြန်းရာတွင် ခင်ပွန်းဖြစ်သူ သိရှိသည်ဟု ထိုအမျိုးသမီးက ပြောသည်ဟု ဆိုသည်။ထိုအမျိုးသမီးက သူဌေး Ahmad ထံ ထပ်မံဖုန်းခေါ်ဆိုခဲ့ပြီး ဘဏ်အကောင့်တောင်းကာ အကောင့်ထဲသို့ ငွေလွှဲပေးမည်ဟု ပြောလာခဲ့သည်။
“ကျွန်မ တကယ်ပြောတာပါ။ အစ်ကိုကြီး ကျွန်မနဲ့ ဆန္ဒရှိလား” ဟု မေးမြန်းခဲ့သည်။
(သူဌေး Ahmad နှင့် မက်ဆန်ဂျာတွင် ပြောဆိုထားပုံ။ ဓာတ်ပုံ-Source: Mfa Bob on Facebook)
“သူက ဂုဏ်သိက္ခာကို ချရောင်းလိုနေတာ ဖြစ်ပါတယ်” ဟု သူဌေးက ဆိုသည်။ထို အမျိုးသမီးက ထူးခြားသော ကမ်းလှမ်းမှု ပြုလုပ်ခဲ့သော်လည်း သူဌေး Ahmad ကမူ ငွေသာလိုချင်ကြောင်း ပြောကြားခဲ့သည်။“ရင်းဂစ် ၁၈၀၀၀ ပေးမယ့်သူပဲ ကျွန်တော့်ကို ဆက်သွယ်ပါ” ဟု သူဌေးက ပြောသည်။
ယင်းနောက် ထပ်မံတင်ခဲ့သော ပို့စ်တစ်ခုတွင်မူ သူဌေးက စီးပွားရေးကျပ်တည်းနေသည့် လက်ရှိကာလတွင် ကားရောင်းရသည်မှာ မလွယ်ကြောင်း၊ အကယ်၍ နောက်တစ်ပတ်ခန့်အထိ ရောင်းမထွက်ပါက ထိုအမျိုးသမီး၏ ကမ်းလှမ်းချက်ကို စဉ်းစားရမလို ဖြစ်နေကြောင်း အရွှန်းဖောက် ပြောကြားထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: ‘Do you not want sex?’: Married woman in M’sia offers body to make up for S$2.1K shortfall in BMW purchase. Would you accept? (sammyboy)