ဖာဂူဆန် မန်ယူကို ဦးဆောင်ခဲ့တဲ့အချိန်က လူငယ်ကစားသမားတွေကို Corvette စီးခွင့် မပေးခဲ့တဲ့ အကြောင်းရင်း

  • 1746 views

article-2194720-14B6BA43000005DC-464_634x399.jpg

မန်ချက်စတာ ယူနိုက်တက်သည် ဆာအဲလက်စ်ဖာဂူဆန် ဦးဆောင်ခဲ့ချိန်က Chevrolet ထံမှ စပွန်ဆာအဖြစ် ကားအသစ်စက်စက်များ ရခဲ့သော်လည်း ဖာဂူဆန်က လူငယ်ကစားသမားများကို စီးခွင့်မပေးခဲ့ချေ။

အမေရိကန် ကားကုမ္ပဏီကြီး Chevrolet သည် မန်ယူနှင့် ပေါင်သန်းပေါင်းများစွာ တန်ကြေးရှိ စာချုပ်ချုပ်ဆိုခဲ့ရာ ၂၀၁၄-၁၅ ဘောလုံးရာသီမှစတင်ပြီး မန်ယူကစားသမားများ၏ အင်္ကျီများတွင် Chevrolet အမည် ဖော်ပြခွင့်ရခဲ့သည်။Chevrolet က မန်ယူနှင့် လက်တွဲခွင့်ရသောကြောင့် ကျေးဇူးတင်သည့်အနေဖြင့် မန်ယူ ပထမအသင်း ကစားသမားများအား Chevrolet ထုတ် luxury ကားများကို စိတ်ကြိုက်ရွေးချယ် စီးခွင့်ပေးခဲ့သည်။ထိုအခါ မန်ယူကြယ်ပွင့်များစွာမှာ ဆွဲအား 198 mph ရှိသော Corvette ပြိုင်ကားကို ရွေးချယ်ခဲ့ကြသည်။

ထိုအချိန်တွင် ဖာဂူဆန်က အသက် ၂၃ နှစ်အောက် ကစားသမားများအနေဖြင့် အသင်းထဲတွင် မည်သည့်အဆင့်ရှိသည်ဖြစ်စေ ပြိုင်ကားမှာခွင့်မပေးကြောင်း အမိန့်ထုတ် တားမြစ်ခဲ့သည်။သို့အတွက် လူငယ်တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘက် (၂၁ နှစ်)၊ ခံစစ်ကစားသမားများဖြစ်သော ဖီးလ်ဂျုန်းစ် (၂၀ နှစ်)၊ ခရစ္စ စမောလင်း (၂၂ နှစ်) နှင့် ရာဖဲလ် ဒါ ဆေးလ်ဗား (၂၂ နှစ်) တို့မှာ ဖာဂူဆန်၏ ခွင့်ပြုချက်မရသည့် မည်သည့်ကားကိုမဆို မောင်းခွင့်မရှိချေ။

ထိုအချိန်က ပေါင် ၃၂၀၀၀ တန်ကြေးရှိသည့် Corvette ကို ရီယို ဖာဒီနန် (၃၃ နှစ်)၊ ရိုင်ယန်ဂစ် (၃၈ နှစ်) တို့ကဲ့သို့ ကားမောင်းသမ္ဘာရင့်သူများကိုသာ မောင်းခွင့်ပေးခဲ့သည်။

၂၀၀၉ ခုနှစ်တွင် မန်ယူ ကွင်းလယ်လူ ခရစ္စတီယာနို ရော်နယ်ဒိုသည် မန်ယူလေ့ကျင့်ရေးကွင်းသို့ သူ၏ ပေါင် ၂၀၀၀၀၀ တန် Ferrari 599 GTB Fiorano ဖြင့် သွားခဲ့စဉ် ဥမင်တစ်ခု၏ နံရံကို ဝင်တိုက်မိကာ ကားခေါင်း ကြေမွသွားခဲ့သည်။

၂၀၀၃ ခုနှစ်အတွင်းကလည်း အရန်တိုက်စစ်မှူး ဂျင်မီ ဒေးဗစ်သည် မီးခိုးရောင် BMW ဖြင့် M40 အဝေးပြေးလမ်းမကြီးပေါ်တွင် မနက်စောစော မောင်းနှင်စဉ် လော်ရီကားကြီးနှင့် တိုက်မိကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။

ဖာဂူဆန်သည် သူ၏ ကစားသမားများကို အသေးအဖွဲအထိ လိုက်လံကွပ်ကဲသူဟု လူသိများရာ လူငယ်ကစားသမားများကို စိတ်ကြီးဝင်ခြင်းများ မဖြစ်စေလိုချေ။ဖာဂူဆန်သည် မန်ယူကို ၁၉၈၆ တွင် စတင်ကွပ်ကဲခဲ့ပြီး ကစားသမားများကို ကောင်းစွာ ထိန်းကွပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ခေတ်ကာလ အခြေအနေများ ပြောင်းလဲလာသည်ကို သတိပြုမိခဲ့ပြီး ယခင်ကဲ့သို့ ကစားသမားများ၏ ဘဝကို ထိန်းချုပ်နိုင်မှု မရှိတော့သည်ကို လက်ခံလာသည်။

article-2194720-14B6BA43000005DC-464_634x399.jpg(မန်ယူ၏ လူငယ်ကစားသမားများမှာ Chevrolet Corvettes ကို မောင်းခွင့် မရှိခဲ့ချေ။)

 

Capture.jpg

(တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘက်ခ်နှင့် ခံစစ်သမား ဖီးလ်ဂျုန်းစ်တို့ကဲ့သို့ လူငယ်ကစားသမားများမှာ ဖာဂူဆန်၏ ခွင့်မပြုသည့် မည်သည့်ကားမှ မောင်းခွင့်မရှိချေ။)

ထို့အပြင် ဖာဂူဆန် ကွပ်ကဲစဉ်က လူငယ်ကစားသမားများကို ရောင်စုံ ဖိနပ်များ စီးရန် ခွင့်မပြုခဲ့။ဝိန်းရွန်နီ၊ ဘာဘာတော့နှင့် ရိုင်ယန်ဂစ်တို့ကဲ့သို့ ပထမအသင်းမှ ကစားသမားများသာ စိတ်ကြိုက်အရောင် ဝတ်ဆင်ခွင့် ရှိခဲ့သည်။

ထိုသို့ ဝတ်ဆင်ခွင့်ပြုရခြင်းမှာ ၎င်းတို့ကို sponsor ပေးထားသူများ၏ တောင်းဆိုမှုများအတိုင်း ဝတ်ဆင်ရခြင်း ဖြစ်သောကြောင့်ဖြစ်သည်။သို့သော် လူငယ်အသင်းနှင့် အကယ်ဒမီမှ ကစားသမားများမှာမူ အနက်ရောင်ဖိနပ်သာ ဝတ်ရမည်ဟု ဖာဂူဆန်က စည်းကမ်းထုတ်ထားသည်။

article-2194720-14B884F2000005DC-301_634x396.jpg

(၂၀၀၉ ခုနှစ်တွင် မန်ယူ ကွင်းလယ်လူ ခရစ္စတီယာနို ရော်နယ်ဒိုသည် မန်ယူလေ့ကျင့်ရေးကွင်းသို့ သူ၏ ပေါင် ၂၀၀၀၀၀ တန် Ferrari 599 GTB Fiorano ဖြင့် သွားခဲ့စဉ် ဥမင်တစ်ခု၏ နံရံကို ဝင်တိုက်မိကာ ကားခေါင်း ကြေမွသွားခဲ့သည်။)

 

[Corvette စီးခွင့်မပေးသည့် ရည်ရွယ်ချက်]

ဖာဂူဆန်က လူငယ်ကစားသမားများကို Corvette စီးခွင့်မပေးခြင်း၊ ရောင်စုံဖိနပ်စီးခွင့်မပြုခြင်း၏ ရည်ရွယ်ချက်မှာ…

● အာရုံမပျံ့လွင့်စေရန်= ဘောလုံးထက် luxury ပစ္စည်းများကို အာရုံထားနေခြင်း မဖြစ်စေလိုသောကြောင့်ဖြစ်သည်။

● မာနထောင်လွှားမှု= ကစားသမားဘဝ အစောပိုင်းကတည်းက ကစားသမားများ မာန်မာနထောင်လွှားနေခြင်းကို ဖာဂူဆန် မနှစ်သက်ချေ။

● အသင်းစည်းလုံးမှု= အသင်းဖော်များအကြား မနာလိုစိတ်များ မရှိစေရန်

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Sir Alex Ferguson bans young Manchester United players from driving team sponsor Chevrolet's iconic Corvette supercar