ပင်လယ်ရေအောက် ပေ ၁၃၀၀ အနက်တွင် ဒေါ်လာ ၂ ဘီလီယံသုံးစွဲဖောက်လုပ်မည့် ကမ္ဘာ့အနက်ရှိုင်းဆုံး ကားဥမင်ကြီး

  • 252 views

1734051698248.jpg

ပင်လယ်ရေအောက် ပေ ၁၃၀၀ အနက်တွင် ကန်ဒေါ်လာ ၂ ဘီလီယံ သုံးစွဲကာ ဖောက်လုပ်မည့် ကားဥမင်ကြီးမှာ ကမ္ဘာ့အနက်ရှိုင်းဆုံး ကားဥမင်အဖြစ် စံချိန်တင်ဖွယ်ရှိနေသည်။

Rogfast ဥမင်ဟု အမည်ပေးထားသော ကားဥမင်ကြီးကို နော်ဝေနိုင်ငံတွင် ဖောက်လုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး စီစဉ်ထားမှုများအတိုင်းသာ ချောချောမွေ့မွေ့လုပ်ဆောင်နိုင်ပါက ၂၀၃၃ ခုနှစ်တွင် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားသည်။

0_Rogfast-project.jpg

(▲ ၂၀၃၃ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားသည်။ ဓာတ်ပုံ-SKANSA)

နက်ရှိုင်းသော ပင်လယ်ရေအောက်မှ ကားများ ဖြတ်သန်းမောင်းနှင်နိုင်မည့် ယခုဥမင်ကြီးနှင့် စပ်လျဉ်းပြီး နော်ဝေနိုင်ငံသားများ စိတ်လှုပ်ရှားနေကြသည်။ကားဥမင်ကြီး ဆောက်လုပ်ရန်အတွက် ကျောက်တုံးပေါင်း ကုဗမီတာ ၈ သန်းခန့် ရွှေ့ပြောင်းသယ်ယူခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

Rogfast ကားဥမင်ကြီးမှာ အလျား ၂၇ ကီလိုမီတာ (၁၆ ဒသမ ၇ မိုင်) ရှိမည်ဖြစ်ပြီး ပင်လယ်ရေအောက် ပေ ၁၃၀၀ အနက်တွင် ဆောက်လုပ်မည်ဖြစ်သည်။ပင်လယ်ရေအောက် ကားဥမင်ကြီး ဖောက်လုပ်ရသည့် ရည်ရွယ်ချက်မှာ နော်ဝေအနောက်ပိုင်း ကမ်းရိုးတန်းရှိ အဝေးပြေးလမ်းမကြီးနှင့် ချိတ်ဆက်နိုင်ရန် ဖြစ်ပြီး ခရီးကြာချိန်ကို ပုံမှန်အောက် များစွာလျှော့ချပေးနိုင်ရန် ဖြစ်သည်။

Stavanger နှင့် Bergen ကဲ့သို့ မြို့ကြီး ၂ မြို့ကြား သွားလာရမည့်ကြာချိန် များစွာတိုတောင်းသွားမည်ဖြစ်ရာ ကားမောင်းသူတိုင်း၏ အိပ်မက်တစ်ခုလည်း ဖြစ်သည်။သို့သော် ပင်လယ်ရေအောက်တွင် ဥမင်ကြီးဖောက်ရသည့်ကိစ္စမှာ အကုန်အကျအလွန်ကြီးသည်။ ယခုဥမင်ကြီး၏ ဆောက်လုပ်စရိတ်မှာ ဒေါ်လာ ၂ ဘီလီယံကုန်ကျမည်ဟုဆိုသည်။လာမည့် ၂၀၃၃ ခုနှစ်တွင် ဖွင့်လှစ်နိုင်မည်ဟုဆိုရာ ယခင်က ၂၁ နာရီသွားခဲ့ရသော ခရီးမှာ ၃ နာရီမျှဖြင့် ရောက်ရှိနိုင်တော့မည် ဖြစ်သည်။

Featured-Image-2025-07-08T095029649.jpg(▲ ကားဥမင်မှာ ပေါင် ၁ ဒသမ ၅ ဘီလီယံကုန်ကျမည်ဖြစ်သည်။)

ယခုကားဥမင်ကြီးသည် ကမ္ဘာ့အရှည်လျားဆုံး ရေအောက်ဥမင်ကြီးအဖြစ် စံချိန်တင်မည့်အပြင် ကမ္ဘာ့အနက်ရှိုင်းဆုံး ၄ လမ်းသွား ဥမင်၊ ကမ္ဘာ့အနက်ရှိုင်းဆုံး လမ်းဆုံအဖြစ်လည်း စံချိန်တင်မည်ဖြစ်သည်။ ယခုဥမင်ကြီးအပြင် လန်ဒန်မှ နယူးယောက်သို့ ဆက်သွယ်မည့် သံလိုက်စက်ကွင်းတွန်းအားသုံး ဥမင်ကြီးကို ကန်ဒေါ်လာ ၁၉ ထရီလီယံ အကုန်အကျခံဖောက်လုပ်ရန် ကြံဆနေမှုလည်း ရှိနေသည်။

rogfast1-(1).jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Deepest car tunnel in world costing $2 billion to build will have cars travelling 27km beneath the sea

Photo Credit-mirror