- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဒေးဗစ်ဘက်ခမ်းဝယ်ယူထားသော ကားကုမ္ပဏီအကြောင်း
ဒေးဗစ်ဘက်ခမ်းဝယ်ယူထားသော ကားကုမ္ပဏီအကြောင်း
- 340 views
ဒေးဗစ်ဘက်ခမ်းသည် ဘောလုံးကြယ်ပွင့်၊ ဖက်ရှင် icon ဖြစ်သည့်အပြင် မော်တော်ကားများကို အလွန်ဝါသနာကြီးသူတစ်ဦးလည်း ဖြစ်သည်။
ဘက်ခမ်းတွင် ဂန္ထဝင် Aston Martin V8 Volante မှသည် McLaren 720S ကားများအထိ ပိုင်ဆိုင်ထားသည်။
ဘက်ခမ်းသည် ကားလောကသို့ တဖြည်းဖြည်းချင်းတိုးဝင်နေကာ သူ၏ ကားဝါသနာကို next level သို့ လှမ်းတက်လာနေသည်။သူသည် အီတလီ ကားထုတ်လုပ်သူ Maserati ၏ brand ambassador ဖြစ်ပြီး အဆိုပါအမှတ်တံဆိပ်၏ မျက်နှာဖုံးလည်း ဖြစ်သည်။ဘက်ခမ်းသည် မကြာသေးမီနှစ်ပိုင်းက ကားကုမ္ပဏီတစ်ခုတွင် ရှယ်ယာများ အလုံးအရင်း ဝယ်ယူလိုက်သည်။အတိအကျဆိုရလျှင် ဗြိတိန် လျှပ်စစ်ကားကုမ္ပဏီ Lunaz ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းအထိ ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
ဘက်ခမ်းသည် ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူခြင်းမဟုတ်သော်လည်း ၎င်းကဲ့သို့ high-profile တစ်ဦးက ရင်းနှီးမြှုပ်နှံမှု အလုံးအရင်းပြုလုပ်ခြင်းမှာ Lunaz ၏ တိုးတက်မှုအတွက် ကြီးစွာသော သက်ရောက်မှု ရှိလာနိုင်ရာ ကြီးမားသော အရောင်းအဝယ်တစ်ခုအသွင် သက်ရောက်စေသည်။ထိုကုမ္ပဏီမှာ ဂန္ထဝင် ဆီကားများကို ကာဗွန်မထုတ်လွှတ်သော EV များအဖြစ် ပြောင်းလဲကာ ရောင်းချနေသည့်ကုမ္ပဏီ ဖြစ်သည်။
“Lunaz ဟာ နည်းပညာနဲ့ ဒီဇိုင်းပိုင်းမှာ ဗြိတိန်ရဲ့ အကောင်းဆုံးတွေထဲမှာ ပါပါတယ်။ အလှပဆုံး ဂန္ထဝင်ကားတချို့ကို လျှပ်စစ်ကားအဖြစ် သူတို့ဆီမှာ ပြောင်းလဲရင်း ဒီကုမ္ပဏီကို သဘောကျခဲ့တာပါ။ David Lorenz နဲ့ သူ့ရဲ့ ကမ္ဘာ့အဆင့်အင်ဂျင်နီယာတွေဟာ တကယ်မိုက်တဲ့အရာတွေ လုပ်ဆောင်နေကြတယ်။ ကျွန်တော်က သူတို့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်ပါတယ်” ဟု ဘက်ခမ်းက ပြောသည်။
Lunaz ကို ၂၀၁၈ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ အနောက် နော့သမ်တန်ရှိုင်းယားခရိုင် Silverstone ကျေးရွာ၌ စတင်တည်ထောင်ခဲ့ပြီး Range Rover Classic, Bentley S3 Continental Flying Spur, Rolls-Royce Phantom V နှင့် Rolls-Royce Silver Cloud တို့ကို လျှပ်စစ်ကားအဖြစ် ပြောင်းလဲရောင်းချမှုများ ပြုလုပ်ခဲ့သည်။
Lunaz သည် ဂန္ထဝင်ကားများကို လျှပ်စစ်ကားအဖြစ် ပြောင်းလဲမှုသာမက ထရပ်ကားများကဲ့သို့ ကားကြီးများကိုပါ လျှပ်စစ်ကားအဖြစ် ပြောင်းလဲရောင်းချပေးရန် စီစဉ်နေသည်။လျှပ်စစ်ကားများအဖြစ် ပြောင်းလဲရာတွင် 80 kWh မှ 120 kWh အထိ ဘက်ထရီအမျိုးမျိုး အသုံးပြုပြီး ဆွဲအားမှာ 375hp အထိ ရှိသည်။ထိုသို့ လျှပ်စစ်ကားအဖြစ် ပြောင်းလဲမှုမှာ ဈေးမသက်သာလှ။လျှပ်စစ်ကားအဖြစ် ပြောင်းလဲထားသော ဂန္ထဝင် Range Rover တစ်စင်းမှာ ပေါင် ၂၄၅၀၀၀ (ဒေါ်လာ ၃၂၆၅၂၄) အထိ ပေးရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: David Beckham Buys A Car Company (carbuzz)