• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တရုတ်ပြည်တွင် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း အရောင်းရဆုံး ကားများစာရင်း၌ Geely Geome Xingyuan မှာ ထိပ်ဆုံးမှ ရပ်တည်နေပြီး ၎င်းနောက်တွင် BYD Seagull နှင့်Tesla Model Y တို့ရှိနေ

တရုတ်ပြည်တွင် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း အရောင်းရဆုံး ကားများစာရင်း၌ Geely Geome Xingyuan မှာ ထိပ်ဆုံးမှ ရပ်တည်နေပြီး ၎င်းနောက်တွင် BYD Seagull နှင့်Tesla Model Y တို့ရှိနေ

  • 487 views

001.jpg
တရုတ်ပြည်မှ မော်တော်ကားသတင်းမီဒီယာတစ်ခုဖြစ်သော Yiche က ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တာ ကာလအတွင်း အရောင်းရဆုံး ထိပ်တန်းကားမော်ဒယ် ၂၀ စာရင်းကို ထုတ်ပြန်လိုက်သည်။

အဆိုပါစာရင်းအရ ပြိုင်ဆိုင်မှုအလွန်ပြင်းထန်နေသော ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်ကြီးဖြစ်သော တရုတ်ပြည်ကားဈေးကွက် အပြောင်းအလဲ၊ အထူးသဖြင့် လျင်မြန်စွာဖွံ့ဖြိုးလာနေသော NEV ဈေးကွက်၏ အပြောင်းအလဲကို တွေ့ရသည်။အချက်အလက်များအရ တရုတ်ပြည်မှ ကားအမှတ်တံဆိပ်များ အလွန်အားကောင်းနေပြီး Geely ထုတ် Geome Xingyuan မော်ဒယ်မှာ ထိပ်ဆုံးမှ နေရာယူထားသည်။

အရောင်းရဆုံး ထိပ်တန်း ကားမော်ဒယ် ၁၀ နေရာတွင် စွမ်းအင်သစ်မော်တော်ကားများ ကြီးစိုးထားပြီး လျှပ်စစ်ကားစစ်စစ်နှင့် Hybrid တို့ ပါဝင်သည်။အရောင်းရဆုံး ထိပ်တန်း ကားအမှတ်တံဆိပ် ၂၀ စာရင်းတွင် တရုတ်ပြည်တွင်း ကားအမှတ်တံဆိပ်များသာ အများစုကြီးစိုးထားပြီး ဖက်စပ် (သို့မဟုတ်) ပြည်ပအမှတ်တံဆိပ် ၈ မျိုးသာ ပါဝင်သည်။

Geely Geome Xingyuan သည် ယခုနှစ် ပထမနှစ်ဝက်တာကာလအတွင်း အစင်းရေ ၂၀၄၉၄၀ ရောင်းချထားရပြီး ဈေးနှုန်းမှာ ယွမ် ၆၉၈၀၀ (ကန်ဒေါ်လာ ၉၉၀၀) မှ စသည်။Geely Geome Xingyuan ၏ ရောင်းအားမှာ ပြိုင်ဘက်များဖြစ်သော BYD Seagull နှင့် Tesla Model Y တို့ထက် အပြတ်အသတ် သာလွန်နေသည်။

အစင်းရေ ၂၀၀၀၀၀ အထက် ရောင်းရသော ကားမော်ဒယ်ဟူ၍ Geely Geome Xingyuan တစ်မျိုးတည်းသာ ရှိသည်။

BYD ထုတ် Seagull မှာ လစဉ်ရောင်းအား အစင်းရေ ၃၀၀၀၀ ခန့်ရှိပြီး ယခုနှစ် ပထမနှစ်ဝက်တွင် အစင်းရေ ၁၇၄၉၁၂ ရောင်းချထားရကာ ဒုတိယနေရာတွင် ရပ်တည်နေသည်။

Tesla Model Y မှာ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း အစင်ေးရ ၁၇၁၄၉၁ ရောင်းချရကာ တတိယနေရာတွင် ရှိနေသည်။ထိုသို့ တတိယနေရာတွင်ရှိနေသည်ဆိုသော်လည်း ယွမ် ၂၀၀၀၀၀ (ကန်ဒေါ်လာ ၂၈၀၀၀) အထက် premium လျှပ်စစ်ကားကဏ္ဍတွင်မူ အရောင်းရဆုံးမော်ဒယ်အဖြစ် သရဖူဆောင်းနေသည်။

လျှပ်စစ်ကားငယ်ဈေးကွက်ကို ဦးဆောင်နေသော Hongguang Mini EV မှာ ပထမနှစ်ဝက်ရောင်းအား အစင်းရေ ၁၇၁၀၆၄ ဖြင့် စတုတ္ထနေရာတွင် ရှိနေသည်။

((၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း အရောင်းရဆုံး ကားအမှတ်တံဆိပ် ၁၀ ခု))

● 01.Geely Geome Xingyuan = အစင်းရေ ၂၀၄၉၄၀
● 02.BYD Seagull= အစင်းရေ ၁၇၄၉၁၂
● 03.Tesla Model Y= အစင်းရေ ၁၇၁၄၉၁
● 04. Hongguang Mini EV= အစင်းရေ ၁၇၁၀၆၄
● 05. BYD Qin Plus= အစင်းရေ ၁၆၃၆၀၃
● 06. Xiaomi SU7= အစင်းရေ ၁၅၅၆၉၂
● 07. Geely Xingyue L= အစင်းရေ ၁၄၆၂၂၃
● 08. BYD Song Plus= အစင်းရေ ၁၃၇၃၂၄
● 09. Volkswagen Lavida= အစင်းရေ ၁၃၆၉၆၂
● 10. Nissan Sylphy= အစင်းရေ ၁၃၆၃၄၄

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Geely Geome Xingyuan crowned champion of China’s H1 2025 sales, BYD Seagull second, Tesla Model Y third