- ပင်မစာမျက်နှာ
- ကားသတင်းများ
- အီတလီတွင် အကျယ် ၁ ပေခွဲကျော်သာရှိသော ကမ္ဘာ့ကျဉ်းမြောင်းဆုံးကား Fiat Panda ချပြလာ၊ ကားပါကင်နေရာ စိတ်ပူသူများအတွက် အထူးသင့်တော်
အီတလီတွင် အကျယ် ၁ ပေခွဲကျော်သာရှိသော ကမ္ဘာ့ကျဉ်းမြောင်းဆုံးကား Fiat Panda ချပြလာ၊ ကားပါကင်နေရာ စိတ်ပူသူများအတွက် အထူးသင့်တော်
- 372 views
အီတလီတွင် ကားမော်ဒယ်သစ်တစ်ခု ချပြလာရာ ကာတွန်းကား (သို့မဟုတ်) ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲမှ မြင်ကွင်းတစ်ခုသဖွယ် မှတ်ထင်ရသည်။
အီတလီတွင် ချပြလာသော Fiat Panda မှာ ကမာ္ဘ့အကျဉ်းမြောင်းဆုံး လျှပ်စစ်ကားဖြစ်သော်လည်း အမှန်တကယ် စီးနင်းအသုံးပြုနိုင်သော မော်တော်ကား ဖြစ်သည်။ကားအကျယ်မှာ ၁၉ ဒသမ ၆ လက်မ ( ၁ ပေခွဲကျော်) သာရှိသည်။ ရှေ့ဘက်တွင် ယာဉ်မောင်းသူနှင့် နောက်တွင် အခြားတစ်ဦး လိုက်ပါနိုင်သည်။ သို့သော် အတော်ပိန်သူများသာ စီးနိုင်မည့်ကား ဖြစ်သည်။
Fiat Panda သည် အခြားပုံမှန်ကားများအတိုင်း ဘယ်ညာကွေ့နိုင်၊ ရှေ့နောက် မောင်းနိုင်သည်။ သို့သော် မြန်နှုန်းနှေးကွေးသည်။ယခုကားမှာ ကားပါကင်နေရာအတွက် စိတ်ပူသူများနှင့် အထူးသင့်တော်သည်။
ကား ၂ စင်းကြား အလွန်ကျဉ်းမြောင်းသောနေရာတွင်ပင် ဝင်ရပ်နိုင်သည်။Fiat Panda နှင့် စပ်လျဉ်းပြီး လူမှုကွန်ရက်တွင် သဘောထား အမျိုးမျိုးကွဲပြားနေကြသည်။အချို့ကမူ ယခုကားကို လက်တွေ့မဆန်ကြောင်း၊ အကျည်းတန်ကြောင်း၊ ရူးကြောင်ကြောင်နိုင်ကြောင်း မှတ်ချက်ပြုကြသည်။
(▲ Fiat Panda ကို အီတလီ မက္ကင်းနစ်တစ်ဦးဖြစ်သူ အသက် ၃၀ အရွယ်ရှိ အင်ဒရေ မာရာဇီက ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၃ မော်ဒယ် Fiat Panda တစ်စင်းမှ ပစ္စည်းများကို အသုံးပြုကာ ထုတ်လုပ်ထားခြင်း ဖြစ်သည်)
(▲ ကျဉ်းမြောင်းလှသော နေရာများတွင် ဝင်ရောက် ရပ်နားနိုင်သည်)
အီတလီနိုင်ငံ၊ မီလန်မြို့၏ တောင်ဘက် Pandino တွင် ကျင်းပသော Fiat Panda ၄၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်တွင် မာရာဇီက ယခုကားကို ဝင်ရောက်ပြသခဲ့ခြင်းဖြစ်သည်။လေနည်းနည်းပြင်းလျှင်ပင် ကားမှောက်သွားနိုင်ကြောင်း ပြောဆိုမှုများကို တုံ့ပြန်သည့်အနေဖြင့် မာရာဇီက လေထန်သော အခြေအနေတွင် တည်ငြိမ်စွာ မောင်းနှင်ပြခဲ့သည်။
ကားမှာ အလျား ၁၃၃ လက်မ (၁၁ ပေ) ၊ အနံ ၁၉ ဒသမ ၆ လက် ( ၁ ပေခွဲကျော်) နှင့် အမြင့် ၅၇ လက်မ (၆ ပေနီးပါး) ရှိကာ အလေးချိန်မှာ ၂၆၄ ကီလိုဂရမ်ရှိကြောင်း Design Boom က ဖော်ပြသည်။
(▲ ကားအကျယ်မှာ ၁၉ ဒသမ ၆ လက်မသာရှိပြီး အလွန်ပိန်သူများသာ စီးနိုင်မည် ဖြစ်သည်)
(▲ Pandino မြို့တွင် ကျင်းပသော Fiat Panda ၄၅ နှစ်ပြည့်ပွဲတော်တွင် မာရာဇီက ဝင်ရောက်ပြသခဲ့ခြင်း ဖြစ်သည်)
((ကမ္ဘာ့အကျဉ်းမြောင်းဆုံးကား၏ အချက်အလက်များ))
အလေးချိန်=၂၆၄ ကီလိုဂရမ်
အကျယ်= ၁၉ ဒသမ ၆ လက်မ
အမြင့်= ၅၇ လက်မ
အလျား=၁၃၃ လက်မ
အသုံးပြုသည့်စွမ်းအင် = လျှပ်စစ်
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: World's NARROWEST car is unveiled: Ultra-slim Fiat Panda is just 20 inches wide