- ပင်မစာမျက်နှာ
- ကားသတင်းများ
- စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအား ပြင်ဆင်ဖွဲ့စည်း
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအား ပြင်ဆင်ဖွဲ့စည်း
- 361 views
(၂၀၂၂)က ဖွဲ့စည်းထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ကိုဖျက်သိမ်းပြီး အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၃ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ပြည်ပကနေ တင်သွင်းသုံးစွဲနေရတဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကို ပိုမိုထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့နဲ့ အရည်သွေးပြည့်မီဖို့၊ ဈေးနှုန်းတည်ငြိမ်ဖို့ကို ရည်ရွယ်ဖွဲ့စည်းတာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌ အဖြစ် စွမ်းအင်ဝန်ကြီးဌာနက ဒုတိယဝန်ကြီးက တာဝန်ယူဆောင်ရွက်ပြီး အတွင်းရေးမှူးအနေနဲ့ အမြဲတမ်းအတွင်းဝန်နဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်တို့က တာဝန်ယူဆောင်ရွက်မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဖွဲ့ဝင်တွေအနေနဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ၊ စွမ်းအင်ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချူပ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချူပ်တို့ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com