- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်တွင် ကျင်းပနေသော ၂၂ ကြိမ်မြောက် ချန်ချွင်း နိုင်ငံတကာ ကားပြပွဲကြီးအကြောင်း
တရုတ်ပြည်တွင် ကျင်းပနေသော ၂၂ ကြိမ်မြောက် ချန်ချွင်း နိုင်ငံတကာ ကားပြပွဲကြီးအကြောင်း
- 314 views
တရုတ်ပြည် အရှေ့မြောက်ပိုင်း ကျီးလင်ပြည်နယ်၏ မြို့တော်ဖြစ်သော ချန်ချွင်းမြို့တွင် ပြီးခဲ့သော စနေနေ့က “၂၂ ကြိမ်မြောက် ချန်ချွင်း နိုင်ငံတကာ ကားပြပွဲ (22nd CIAE)” ကို စတင်ကျင်းပနေသည်။
ချန်ချွင်းကားပြပွဲကြီးတွင် ကမ္ဘာတလွှားရှိ ကားကုမ္ပဏီပေါင်း ၁၁၈ ခုက ၎င်းတို့၏ နောက်ဆုံးပေါ်နည်းပညာ များကို ပြသနေသည်။
ယခုနှစ် ပြပွဲဧရိယာမှာ စတုရန်းမီတာ ၁၇၀၀၀၀ ရှိပြီး ပင်မပြပွဲခန်းမကြိး ၄ ခု၊ Feature ဇုန် ၃ ခု၊ နောက်ဆုံးပေါ်ကားများနှင့် နည်းပညာများကို လက်တွေ့စမ်းသပ်ကြည့်နိုင်သည့် interactive experience နေရာ ၂ ခု၊ outdoor ပြပွဲနေရာ ၁ ခုတို့ ပါဝင်သည်။
(▲ ၂၂ ကြိမ်မြောက် ချန်ချွင်းနိုင်ငံတကာ ကားပြပွဲကြီးတွင် ဂျာမန် ကားကုမ္ပဏီ Audi ၏ ပြခန်းကို ဝင်ရောက် ကြည့်ရှုလေ့လာနေသူများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်က တွေ့ရပုံ။ ၁၀ ရက်တာ ကျင်းပမည့် ကားပြပွဲကြီးဖြစ်ပြီး ပြည်တွင်းပြည်ပ ကားကုမ္ပဏီပေါင်း ၁၁၈ ခု ဝင်ရောက်ပြသနေသည်။ ဓာတ်ပုံ- Xinhua/Yan Linyun)
(▲ ၂၂ ကြိမ်မြောက် ချန်ချွင်းနိုင်ငံတကာ ကားပြပွဲကြီးတွင် ပြသထားသော Hongqi ကားမော်ဒယ်တစ်ခုကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်က တွေ့ရပုံ။ ဓာတ်ပုံ- Xinhua/Yan Linyun)
(▲ ၂၂ ကြိမ်မြောက် ချန်ချွင်းနိုင်ငံတကာ ကားပြပွဲကြီးသို့ လာရောက်လေ့လာသူများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်က တွေ့ရပုံ။ ဓာတ်ပုံ- Xinhua/Yan Linyun)
(▲ ၂၂ ကြိမ်မြောက် ချန်ချွင်းနိုင်ငံတကာ ကားပြပွဲကြီးတွင် ပြသထားသော Xiaomi SU7 တစ်စင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်က တွေ့ရပုံ။ ဓာတ်ပုံ- Xinhua/Yan Linyun)
(▲ ၂၂ ကြိမ်မြောက် ချန်ချွင်းနိုင်ငံတကာ ကားပြပွဲကြီးတွင် Li Auto ၏ ကားပြခန်းသို့ ဝင်ရောက် လေ့လာနေသူများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်က တွေ့ရပုံ။ ဓာတ်ပုံ- Xinhua/Yan Linyun)
(▲ ၂၂ ကြိမ်မြောက် ချန်ချွင်းနိုင်ငံတကာ ကားပြပွဲကြီးတွင် ပါဝင်ပြသထားသော Hongqi Tiangong 05 လျှပ်စစ်ကားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်က တွေ့ရပုံ။ ဓာတ်ပုံ- Xinhua/Yan Linyun)
(▲ ၂၂ ကြိမ်မြောက် ချန်ချွင်းနိုင်ငံတကာ ကားပြပွဲကြီးတွင် Hongqi ၏ ကားပြခန်းသို့ ဝင်ရောက်လေ့လာ နေသူများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်က တွေ့ရပုံ။ ဓာတ်ပုံ- Xinhua/Yan Linyun)
(▲ ၂၂ ကြိမ်မြောက် ချန်ချွင်းနိုင်ငံတကာ ကားပြပွဲကြီးတွင် ကမ္ဘာလှည့်ခရီးသည်တို့က Xiaomi YU7 တစ်စင်းအား ကြည့်ရှုလေ့လာနေသည်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်က တွေ့ရပုံ။ ဓာတ်ပုံ- Xinhua/Yan Linyun)
Ref: 22nd Changchun International Auto Expo kicks off in NE China's Jilin
Photo Credit-Xinhua/Yan Linyun