- ပင်မစာမျက်နှာ
- ကားသတင်းများ
- အီတလီရဲတပ်ဖွဲ့က Lamborghini Huracan ကို ဒရကြမ်းမောင်းကာ အချိန်မီခွဲစိတ်ကုသရန် လိုအပ်နေသော ကျောက်ကပ်တစ်ခုကို ဆေးရုံတစ်ခုမှ အခြားတစ်ခုသို့ အချိန်မီ ပို့ဆောင်ပေးခဲ့ပုံ
အီတလီရဲတပ်ဖွဲ့က Lamborghini Huracan ကို ဒရကြမ်းမောင်းကာ အချိန်မီခွဲစိတ်ကုသရန် လိုအပ်နေသော ကျောက်ကပ်တစ်ခုကို ဆေးရုံတစ်ခုမှ အခြားတစ်ခုသို့ အချိန်မီ ပို့ဆောင်ပေးခဲ့ပုံ
- 387 views
အီတလီရဲတပ်ဖွဲ့က ပြိုင်ကားတစ်စင်းဖြင့် ဒရကြမ်းမောင်းနှင်ခဲ့ပုံ နာမည်ကြီးနေသည်။သို့သော် လူဆိုးလိုက်ဖမ်းခြင်းမဟုတ်၊ အသက်တစ်ချောင်းကို ကယ်တင်ရန် ဖြစ်သည်။
Lamborghini Huracán ဖြင့် ကီလိုမီတာ ၄၈၀ ခန့် ဝေးကွာသော ဆေးရုံ ၂ ခုအကြား အချိန် ၃ နာရီအတွင်း အရောက်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
(ပါ့ဒိုဗာမှ ရောမသို့ ။ တစ်နာရီလျှင် ၂၃၀ ကီလို))
ကြားရသည်မှာ စွန့်စားခန်း ရုပ်ရှင်များသဖွယ်ပင်။ သို့သော် လက်တွေ့အပြင်လောကတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပါ့ဒိုဗာ ဆေးရုံ (Padua Civil Hospital) (Padua မှာ ပါ့ဒိုဗာဟု အသံထွက်သည်) မှသည် ရောမမြို့ရှိ Policlinico Gemelli ဆေးရုံ (အီတလီတွင် ဒုတိယအကြီးဆုံး) သို့ ကျောက်ကပ်အစားထိုး ခွဲစိတ်ရန် စောင့်စားနေသည့် လူနာအတွက် အထူးအရေးပေါ် တာဝန်ဖြင့် ကျောက်ကပ်ပို့ဆောင်ပေးရန် ရဲတပ်ဖွဲ့က Lamborghini Huracan ပြိုင်ကားကို အသုံးပြုခဲ့သည်။ဆေးရုံ ၂ ခုကြား အကွာအဝေးမှာ ၅၀၀ ကီလိုမီတာခန့်ရှိသည်။
Huracan ၏ စွမ်းဆောင်ရည်ကောင်းခြင်းအပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် တစ်နာရီလျှင် ကီလို ၂၃၀ နှုန်းဖြင့် မောင်းနှင်နိုင်ခဲ့ခြင်း ဖြစ်သည်။ကားရှေ့ခန်းတွင် အထူးဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသော ရေခဲသေတ္တာဖြင့် ကျောက်ကပ်ကို သယ်ဆောင်လာခဲ့သည်။ကားပေါ်တွင် နှလုံးနှိုးစက်နှင့် အခြားဆေးပစ္စည်းများလည်း ပါဝင်သည်။ယခုကဲ့သို့ ပို့ဆောင်မှုမှာ အီတလီရဲတပ်ဖွဲ့ (Polizia di Stato) အတွက် ပထမဆုံး မဟုတ်ချေ။၂၀၂၃ ခုနှစ်ကလည်း အရေးပေါ်ခွဲစိတ်ကုသမည့် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုကို ၇၀၀ ကီလိုမီတာ ခရီးအား ၄ နာရီ ၄၅ မိနစ် မောင်းနှင်ကာ ပို့ဆောင်ပေးခဲ့ဖူးသည်။
Lamborghini သည် ၂၀၀၄ ခုနှစ်မှ စတင်ပြီး အီတလီရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ အရေးပါသော mission များအတွက် အီတလီရဲတပ်ဖွဲ့အား Lamborghini ကားများ ထောက်ပံ့ကူညီပေးခဲ့သည်။လက်တွဲဆောင်ရွက်ခဲ့သည့် နှစ် ၂၀ ကာလအတွင်း ဆေးဘက် mission ပေါင်း ၂၀၀ ကျော် ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါ mission များကို Lamborghini ထုတ် ကားအမျိုးမျိုးဖြင့် ဆောင်ရွက်ခဲ့ရာ Gallardo, Gallardo LP 560-4, Huracán LP 610-4 တို့အပြင် မကြာသေးမီက ထုတ်လုပ်ခဲ့သော Urus Performante တို့ အပါအဝင် ဖြစ်သည်။
အဆိုပါ ကားများကို ရဲတပ်ဖွဲ့အတွက် အထူးပြင်ဆင်ပေးမှုများ ပြုလုပ်ထားရာ အမိုးမှ အချက်ပြမီး၊ လုံခြုံရေး equipment ၊ အင်တာနက် ချိတ်ဆက်ထားသော tablet ၊ ကျည်ကာ ကိုယ်ထည်တို့အပြင် ဆေးဘက်ဆိုင်ရာ အထူးအခန်းလည်း ပါဝင်သည်။အီတလီ ရဲတပ်ဖွဲ့၏ Huracán တွင် 610 hp naturally-aspirated V10 အင်ဂျင်သုံးထားသည်။Four-wheel drive ဖြစ်ပြီး chassis မှာ အလူမီနီယံ၊ ကာဗွန်ဖိုက်ဘာတို့ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားသည်။အမြန်နှုန်း တင်နိုင်စွမ်းမှာ 0 to 100 km/h ကို ၃ ဒသမ ၂ စက္ကန့်အတွင်း ရနိုင်သည်။
((Mission Hightlights))
● မောင်းနှင်ရသည့် ခရီး= ကီလို ၅၀၀ (ပါ့ဒိုဗာမှ ရောမ)
● ကြာချိန်= ၃ နာရီ (ပျမ်းမျှအမြန်နှုန်း တစ်နာရီလျှင် ၁၆၇ ကီလိုမီတာ။ အမြန်ဆုံးနေရာတွင် ၂၃၀ ကီလိုမီတာ)
● သယ်ဆောင်သည့်ပစ္စည်း= အစားထိုးကုသမည့် ကျောက်ကပ် (ရှေ့စက်ခန်းမှ ရေခဲသေတ္တာအတွင်း ထားရှိသည်)
● ပို့ဆောင်ရမည့်နေရာ= ရောမမြို့မှ Policlinico Gemelli ဆေးရုံ
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Urgent mission: the Italian police used their Lamborghini to cover 500 km in just 3 hours!