- ပင်မစာမျက်နှာ
- ကားသတင်းများ
- မင်းသားကြီး အာနိုး၏ Bugatti Veyron Grand Sport Vitesse အရောင်းဈေးကွက် ပြန်ရောက်လာ
မင်းသားကြီး အာနိုး၏ Bugatti Veyron Grand Sport Vitesse အရောင်းဈေးကွက် ပြန်ရောက်လာ
- 526 views
ပြိုင်ကားနယ်ပယ်၏ ဂန္ထဝင်အဆန်ဆုံးမော်ဒယ်များတွင် Bugatti Veyron လည်းတစ်ခုအပါအဝင် ဖြစ်သည်။
သို့သော် ရှားပါးပြိုင်ကားချင်းယှဉ်လျှင်ပင် ယခုအရောင်းဈေးကွက်ဝင်လာသည့် Bugatti Veyron ကဲ့သို့ ကားမျိုးအလွန်နည်းပါးမည် ဖြစ်သည်။
ဟောလိဝုဒ်ကြယ်ပွင့်ကြီး အာနိုး ရှဝါဇနက်ဂါသည် တချိန်က ၂၀၁၅ မော်ဒယ် Bugatti Veyron Grand Sport Vitesse တစ်စင်း ပိုင်ဆိုင်ခဲ့ဖူးသည်။
အာနိုးသည် ယခင်က ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုအခါ အသက် ၇၇ နှစ်အရွယ် ရှိပြီဖြစ်သည်။
မင်းသားကြီးအာနိုးသည် Bugatti Veyron ကို လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ဝယ်ယူပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပြန်လည်ရောင်းထုတ်ခဲ့သည်။
ယခုအခါ မင်းသားကြီးအာနိုး၏ Bugatti Veyron ကို အမေရိကန်ပြည်၊ ကွန်နက်တီကပ်ပြည်နယ် အခြေစိုက် ကားအရောင်းကုမ္ပဏီတစ်ခုဖြစ်သော Miller Motorcars က ရောင်းချပေးရန် စီစဉ်နေသည်။
(( မင်းသားကြီး အာနိုး၏ Bugatti Veyron)
Veyron Grand Sport Vitesse ကို ၉၂ စင်းသာ ထုတ်လုပ်ထားကာ မင်းသားကြီးအာနိုး ပိုင်ဆိုင်ခဲ့သောကားမှာ ၇၄ စင်းမြောက်ဖြစ်ပြီး ပြင်သစ်နိုင်ငံ၊ Molsheim မြို့တွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
ထုတ်လုပ်ခဲ့သော ၉၂ စင်းအနက် အမေရိကန်ပြည်သို့ ၂၂ စင်းသာ တင်ပို့ရောင်းချခဲ့သည်။
လက်မ ၂၀ chrome wheel များ အသုံးပြုထားသောကားမှာ ယခင်ပိုင်ရှင် မင်းသားကြီးအာနိုးကဲ့သို့ပင် powerful ဖြစ်မှုနှင့် ရှားပါးမှုကို ထင်ဟပ်ပြသနေသည်။
အတွင်းပိုင်းတွင် သားရေနှင့် ကာဗွန်ဖိုက်ဘာထိုင်ခုံများသုံးထားသည်။
လက်တင်နှင့် center console တို့တွင်မူ Vitesse ပန်းထိုးလက်ရာများ တွေ့ရမည် ဖြစ်သည်။
ယခုကားကို ဂျာမနီနိုင်ငံ၊ အေဟာ လက်စီယန် (Ehra-Lessien) မြို့ရှိ VW ၏ ထိပ်တန်းလျှို့ဝှက် စမ်းသပ်ဝန်းတွင် စမ်းသပ်မောင်းနှင်ခဲ့ရာ အမြင့်ဆုံးမြန်နှုန်း 254 mph ရှိခဲ့ပြီး ထိုခေတ်က ကမ္ဘာ့အမြန်ဆုံး convertible အဖြစ် စံချိန်တင်ခဲ့သည်။
အင်ဂျင်မှာ quad-turbocharged 8.0-liter W16 အင်ဂျင်သုံးထားသည်။
OG EB 16.4 Veyron မှာ 1,001 hp ရှိပြီး မင်းသားကြီး အာနိုး၏ Veyron Grand Sport Vitesse မှာ ဆွဲအား 1,200 hp ရှိကာ ရုန်းအား 1,106 pound-feet ရှိပြီး 7-speed dual-clutch transmission မှတဆင့် လေးဘီးလုံးသို့ ပါဝါပို့ပေးသည်။
မြန်နှုန်းအမြင့်ဆုံးဟူသော စံချိန်မှာ ဖြတ်ကျော်ခံလိုက်ရပြီဖြစ်သော်လည်း အခြား Bugatti ဖြစ်သော Mistral က စံချိန်တင်ထားခြင်းဖြစ်ကာ 282 mph ဖြင့် ဖြစ်သည်။
Bugatti Veyron တစ်စင်း၏ လက်ရှိ ပေါက်ဈေးမှာ ဒေါ်လာ ၁ ဒသမ ၈ သန်းမှ ဒေါ်လာ ၂ သန်းကြားရှိသော်လည်း မင်းသားကြီးအာနိုး၏ ယခုကားမှာမူ ဟောလိဝုဒ်ထိပ်သီးကြယ်ပွင့် ပိုင်ဆိုင်ခဲ့သည့် သမိုင်းကြောင်းကြောင့် ပိုမိုဈေးကြီးဖွယ်ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Arnold Schwarzenegger’s Bugatti Veyron Grand Sport Vitesse Is Back On The Market