- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်နိုင်ငံထုတ် EV ကား (၄၅) စီး ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာ
တရုတ်နိုင်ငံထုတ် EV ကား (၄၅) စီး ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာ
- 367 views
တရုတ်နိုင်ငံထုတ် EV ကား (၄၅) စီးဟာ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(သီလဝါ)နဲ့ Dry Port(KM) ကို ရောက်ရှိလာတဲ့အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်ပြီး အောက်တိုဘာလ (၁၁)ရက်နေ့ က သက်ဆိုင်ရာကုမ္ပဏီတွေကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။ တရုတ်နိုင်ငံထုတ် DAYUN YUEHU SI(VIP VERSION) အမျိုးအစား EV ကားအစီးရေ (၃၀) စီးနဲ့ NETA U အမျိုးအစား EV ကားအစီးရေ (၁၅) စီးဟာ ရန်ကုန်ဆိပ်ကမ်းတွေကို အသီးသီးရောက်ရှိလာတာဖြစ်ပါတယ်။
အဲဒီ EV ကားတွေဟာ အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ခွင့်ပြုချက်နဲ့ တင်သွင်းလာတာဖြစ်ပြီး အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားတာလည်းဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် (၉) လအတွင်း ပြည်တွင်းမှာ EV မော်တော်ယာဉ် အစီးရေ (၉၁၈)စီး မှတ်ပုံတင်ထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကရဲ့ လစဉ်ထုတ်ပြန်နေတဲ့ မော်တော်ယာဉ်မှတ်ပုံတင်စာရင်း အရသိရပါတယ်။ ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ လူစီး EV မော်တော်ယာဉ် (၉၁၆) စီးနဲ့ ကုန်တင်ယာဉ် (ဝန်ပေါ့) (၂)စီး တို့ကို မှတ်ပုံတင်ခွင့်ပြုပေးထားတာပါ။
ပြည်တွင်းမှာ စက်တင်ဘာလအထိ မှတ်ပုံတင်ထားတဲ့ EV ယာဉ်အမျိုးအမျိုး (၃၀၆၅) စီး ရှိတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com