နီကိုလပ်ကေ့ဂျ် စီးခဲ့သော Cadillac CTS-V ဝက်ဂွန်း လေလံတင်ရာ စက္ကန့် ၆၀ အတွင်း ရောင်းထွက်ခဲ့

  • 1174 views

55393f25-074e-5391-8b13-c11f0e250000.jpg

အော်စကာဆုရှင် ရုပ်ရှင်မင်းသား နီကိုလပ်ကေ့ဂျ်သည် တစ်ချိန်က ၂၀၁၃ မော်ဒယ် Cadillac CTS-V ဝက်ဂွန်းတစ်စင်း ပိုင်ဆိုင်ခဲ့ဖူးသည်။

ကားမှာ အနက်ရောင်ဖြစ်ပြီး manual ကားတစ်စီးဖြစ်ကာ စုစုပေါင်း ၅၁၄ စင်းသာ ထုတ်လုပ်ထားသော မော်ဒယ် ဖြစ်သည်။အမေရိကန် ကားလေလံဝက်ဘ်ဆိုက်ဖြစ်သော Bring A Trailer တွင် လေလံတင် ရောင်းချခဲ့ရာ ကန်ဒေါ်လာ ၇၆,၀၀၀ ရရှိခဲ့သည်ဟု ဆိုသည်။ကမ္ဘာကျော်တစ်ဦး ပိုင်ဆိုင်ခဲ့သောကား ဖြစ်သော်လည်း စံချိန်တင်ဈေးနှုန်း မရခဲ့ချေ။

c1f57725-6f0d-5c9f-a1d2-11400d350000.jpg

၂၀၁၃ ခုနှစ်က Cadillac CTS-V အသစ်တစ်စင်း၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၇၁၀၆၅ ဖြစ်ရာ ယခုဈေးနှုန်းမှာ မူရင်းဈေးထက် ဒေါ်လာ ၅၀၀၀ ခန့်သာ ဈေးပိုရခဲ့ခြင်းဖြစ်သည်။

ဂန္ထဝင်ကားများ၏ လေလံရလဒ်များကို ဖော်ပြသော  http://Classic.com  ၏ ဖော်ပြချက်အရ Cadillac CTS-V ကို လေလံတင်ကြမှုများအနက် အမြင့်ဆုံးရခဲ့သည့်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၂၁၀၀၀ ဖြစ်ပြီး ၂၀၂၂ ခုနှစ်က ပြုလုပ်ခဲ့သည့် လေလံတွင်ဖြစ်ကြောင်း ဖော်ပြသည်။

be6bcee8-ca12-58aa-a071-a71eed650000.jpg

နီကိုလပ်ကေ့ဂျ်၏ ကားမှာ မိုင် ၃၀၀၀၀ ကျော်စီးထားပြီး ၆ လတာအတွင်း ဈေးအမြင့်ဆုံးရခဲ့သည့် ကားများ စာရင်းတွင် နံပါတ် ၄ နေရာတွင်သာရှိသည်။

Cadillac CTS-V ၏ 2nd gen ကို ၂၀၀၈ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး ကနဦးတွင် ဆီဒင်နှင့် coupe တို့ ထုတ်လုပ်ခဲ့ကာ ၂၀၀၉ နှစ်ကုန်ပိုင်းတွင် ဝက်ဂွန်းကို ဆက်လက်ထုတ်လုပ်သည်။ပုံမုန် CTS များ ထုတ်လုပ်ပြီး တစ်နှစ်အကြာတွင် performance ကို ဦးစားပေးသော V မော်ဒယ်များ ထုတ်လုပ်ခဲ့သည်။သို့သော် ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အကြား Cadillac CTS-V ဝက်ဂွန်း အစင်းရေ ၂၀၀၀ ဝန်းကျင်သာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။CTS-V ဝက်ဂွန်းပိုင်ဆိုင်သူတစ်ဦးမှာ high-performance ကားကို ကိုင်တွယ်နိုင်သည့် အထူးကျွမ်းကျင်မှုရှိရန် လိုအပ်မည် ဖြစ်သည်။

78dea3a0-7625-5d56-b1bf-d67db6550000.jpg

6.2-litre supercharged LSA V8 အင်ဂျင်တပ်ဆင်ထားပြီး ဆွဲအား 415kW နှင့် ရုန်းအား 747Nm ရှိကာ ဂီယာမှာ six-speed manual ဖြစ်သည်။

ယခုကားကို စတင်ရောင်းချချိန်က သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ (EPA) ၏ သတ်မှတ်ချက်အရ အမေရိကန်တွင် ဝယ်ယူရရှိနိုင်သော စတေရှင် ဝက်ဂွန်းများအနက် fuel-efficient အနည်းဆုံးအဖြစ် ဖော်ပြခံရသည်။

နီကိုလပ်ကေ့ဂျ်၏ CTS-V ကို လေလံတင်ရောင်းချရာတွင် ဖော်ပြခဲ့သည့် စာရွက်စာတမ်းများအရ မူရင်းပိုင်ရှင်မှာ နီကိုလပ်ကေ့ဂျ်ဖြစ်ကြောင်း ဖော်ပြထားသည်။လေလံပွဲတွင် ပါဝင်လေလံဆွဲသူ ၆ ဦးရှိခဲ့သည်။

dc0e5fc4-1116-5eed-b34e-bf4b50450000.jpg

 

71919bff-3fe6-5dbb-a889-87e2da650000.jpg

 

2ec13ebb-e961-55ff-b142-82c836950000.jpg

33e59348-c9ac-5ade-b9ec-dd759aa50000.jpg

b207055d-4da6-5a2d-ac6a-ddc82c350000.jpg

ef1e70e2-3e25-5df3-a8a9-7f11d2850000.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Gone in 60 Seconds – ex-Nicolas Cage Cadillac CTS-V wagon sells at auction