Bugatti ၏ သူဌေးစီးသော Volkswagen Golf R32 အကြောင်း

  • 635 views

vw-golf-r32.jpg

Bugatti ၏ မိခင်ကုမ္ပဏီဖြစ်သော Rimac Group ကို တည်ထောင်သူ ခရိုအေးရှားနိုင်ငံသား မိတ် ရီမက်စ် (Mate Rimac) (ခရိုအေးရှား အသံထွက်အားဖြင့် မာတေ့ ရီမတ်စ်) သည် စိတ်လှုပ်ရှားဖွယ် လျှပ်စစ်ကား အချို့ကို ထုတ်လုပ်ကာ နာမည်ကြီးခဲ့သူ ဖြစ်သည်။

ရီမက်စ်သည် အသက် ၁၈ နှစ်အရွယ် ၂၀၀၆ ခုနှစ်တွင် ၁၉၈၄ မော်ဒယ် BMW E30 323i တစ်စင်းကို ဝယ်ယူခဲ့ပြီးနောက် ကားပြိုင်ပွဲတစ်ခုတွင် အင်ဂျင်မှာ မီးလောင်ပေါက်ကွဲသွားခဲ့သည်။

နီကိုလာ တက်စ်လာ၏ တီထွင်မှုများကို လေးစားအားကျသော ရီမက်စ်က သူ၏ BMW E30 ကို လျှပ်စစ်ကားအဖြစ် ပြောင်းလဲခဲ့သည်။ ၎င်းထက်ဝါရင့်သူတို့က ပြိုင်ကားလောကထဲသို့ လျှပ်စစ်ကား ယူဆောင်လာသော ရီမက်စ်ကို လှောင်ပြောင်ခဲ့ကြသည်။

2005-67703-new-volkswagen-golf-r321.jpg

နောင်အခါ ရီမက်စ်၏ ဆန်းသစ်ထုတ်လုပ်မှုများတွင် ကမ္ဘာ့ပထမဆုံး လျှပ်စစ်ပြိုင်ကားများတွင် ပါဝင်သော Rimac Concept One နှင့် Rimac Nevera တို့လည်း အပါအဝင်ဖြစ်သည်။

Rimac Nevera သည် အမြန်နှုန်းတင်နိုင်စွမ်း ကမ္ဘာ့စံချိန်များအပြင် အမြန်ဆုံးနောက်ပြန်မောင်းနိုင်သောကား (၁၇၁ ဒသမ ၃ mph) အဖြစ် စံချိန်တင်ထားသည်။

Rimac Nevera သည် ဂျာမနီရှိ ကားစမ်းသပ်ကွင်းတစ်ခုတွင် တစ်ရက်တည်းဖြင့် ကမ္ဘာ့စံချိန် ၂၃ ခု တင်ခဲ့ရာ ယနေ့တိုင် မည်သူမှ မဖြတ်ကျော်နိုင်သေးချေ။

((ရီမက်စ် ဝယ်ယူစုဆောင်းထားသော ကားများ))

လွန်ခဲ့သော နှစ်များအတွင်း ရီမက်စ်သည် မော်တော်ကားများစွာ ဝယ်ယူစုဆောင်းခဲ့ရာ M5 E39 နှင့် M3 E30 Sport Evolution တို့လည်း အပါအဝင်ဖြစ်သည်။

ခရိုအေးရှား လုပ်ငန်းရှင် ရီမက်စ်ကို Z4 M Coupe မှသည် F90 M5 Competition ကဲ့သို့ကားများ မောင်းနေသည်ကို တွေ့ကြဖူးသည်။

ရီမက်စ်သည် M3 CSL E46 နှင့် V-10 အင်ဂျင်သုံး M6 E64 တို့လည်း ပိုင်ဆိုင်ထားရာ Bugatti ၏ ပိုင်ရှင်ဖြစ်သော်လည်း BMW များကို နှစ်သက်မြတ်နိုးသူဖြစ်ကြောင်း ထင်ရှားနေသည်။

သို့သော် ရီမက်စ်၏ ကားဂိုဒေါင်တွင် BMW များအပြင် အခြား အမှတ်တံဆိပ်တစ်ခုလည်း ရှိနေရာ Volkswagen ဖြစ်၏။

2005-67698-new-volkswagen-golf-r321.jpg

အသက် ၃၇ နှစ်အရွယ်သာရှိသေးသော Bugatti ၏ စီအီးအို ရီမက်စ်သည် five-door ကားဖြစ်သော Golf R32 MkV တစ်စီးပိုင်ဆိုင်ထားသည်။

ယခင်က VW သည် VR-6 အင်ဂျင်သုံး six-speed manual ဂီယာ၊ three-door ကား ထုတ်လုပ်ဖူးသည်။

ရီမက်စ်က အဆိုပါကားကို သဘောကျသော်လည်း အတွင်းပိုင်းကို အရည်အသွေးမြှင့်တင်ပြီး ဆက်သွယ်ရေး နည်းပညာများ ဖြည့်စွက်လိုက်ပါက အံ့မခန်းကားတစ်စင်းဖြစ်လာမည်ဟု ရီမက်စ်ကယုံကြည်သည်။

ရီမက်စ်သည် နောင်အခါတွင် VW နှင့် ဖက်စပ်ပူးပေါင်းကာ Bugatti ကားများထုတ်လုပ်သော Bugatti Rimac ၏ မိခင်ကုမ္ပဏီ Rimac Group ကို တည်ထောင်သူ ဖြစ်လာသည်။

2005-67692-new-volkswagen-golf-r32-interior1.jpg

Bugatti ကို VW က ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

VW က Bugatti လျှပ်စစ် SUV ထုတ်လုပ်ရန် ကြံရွယ်ခဲ့သော်လည်း ရီမက်စ်ကမူ ငြင်းပယ်ခဲ့ပြီး Bugatti ၏ အနှစ်သာရမှာ ပြိုင်ကားသာဖြစ်သောကြောင့် SUV များ မထုတ်လုပ်ရန် VW ကို ပြောခဲ့ကာ Tourbillon ကို ထုတ်လုပ်ခဲ့သည်။

Tourbillon မှ 8.3-liter V-16 အင်ဂျင်သုံးထားသော hybrid ကား ဖြစ်သည်။

2005-67700-new-volkswagen-golf-r321.jpg

((Volkswagen Golf R32 ၏ performance))

● အင်ဂျင်= 3.2-liter VR6
● ပါဝါ= 250 PS (184 KW, 247 bhp)
● ရုန်းအား= 320 Nm (236 lb-ft)
● အမြင့်ဆုံးမြန်နှုန်း= 250 kmph (155 mph)
● အမြန်နှုန်း တင်နိုင်စွမ်း= 0-100 kmph ကို ၆ ဒသမ ၅ စက္ကန့်အတွင်းရနိုင်
● ဂီယာ= 6-speed manual

2005-67687-new-volkswagen-golf-r321.jpg

2005-67689-new-volkswagen-golf-r321.jpg

2005-67702-new-volkswagen-golf-r321.jpg

2005-67701-new-volkswagen-golf-r321.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Bugatti's Boss Owns and Drives a Volkswagen Golf R32 (motor1)