• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဆောင်းဟေကိုက ရုပ်ရှင်ထဲတွင် ၎င်း၏ မိခင်အဖြစ် ၃ ကြိမ် သရုပ်ဆောင်ဖူးသော မင်းသမီးကြီး၏ ရုပ်ရှင်ရိုက်ကွင်းသို့ မုန့်ကားတစ်စင်းကို ငွေအပြတ်ရှင်းကာ စေလွှတ်ပေးခဲ့

ဆောင်းဟေကိုက ရုပ်ရှင်ထဲတွင် ၎င်း၏ မိခင်အဖြစ် ၃ ကြိမ် သရုပ်ဆောင်ဖူးသော မင်းသမီးကြီး၏ ရုပ်ရှင်ရိုက်ကွင်းသို့ မုန့်ကားတစ်စင်းကို ငွေအပြတ်ရှင်းကာ စေလွှတ်ပေးခဲ့

  • 381 views

song-hye-kyo-big-gift-for-her-motherlovely-7892601.jpg

ကိုရီးယားသရုပ်ဆောင်တို့အကြား ငွေအပြတ်ရှင်းကာ မုန့်ကားစေလွှတ်ပေးခြင်း ခေတ်စားနေသည်။

ဆောင်းဟေကိုသည် ပြီးခဲ့သော ဇွန်လ ၂၀ ရက်က ရုပ်ရှင်ထဲမှ မိခင်ဖြစ်သူ Nam Ki-aw အတွက် မုန့်ကားတစ်စင်း စေလွှတ်ပေးခဲ့သည်။

ရုပ်ရှင်ထဲတွင် ဆောင်းဟေကို၏ မိခင်အဖြစ် အမြဲလိုလို သရုပ်ဆောင်ခဲ့သည့် မင်းသမီးကြီး Nam Ki-ae သည် SBS drama ဇာတ်လမ်းတွဲသစ်ဖြစ်သော Kissing for Nothing တွင် ပါဝင်ရိုက်ကူးသရုပ်ဆောင်လျက်ရှိရာ ၎င်း၏ ရိုက်ကွင်းနေရာသို့ ဆောင်းဟေကိုက မုန့်ကားတစ်စင်း စေလွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

မင်းသမီးကြီး Nam Ki-ae က မုန့်ကားနှင့်အတူ တွဲလျက်ဓာတ်ပုံရိုက်ကာ ဆောင်းဟေကိုအား ကျေးဇူးတင်ကြောင်း လူမှုကွန်ရက်တွင် ပို့စ်တင်ခဲ့သည်။

“ရင်ထဲမှ လှိုက်ခနဲ ခံစားရပါတယ်။ ကျေးဇူးတင်ပါတယ်။ ဟေကို” ဟု Nam Ki-ae က ရေးသားဖော်ပြခဲ့သည်။

ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ Nam Ki-ae သည် ဆောင်းဟေကို ငွေချေ စေလွှတ်ပေးလိုက်သော မုန့်ကားကြီးရှေ့တွင် တွဲဖက်သရုပ်ဆောင်များဖြစ်သော Jang Ki-yong, Ahn Eun-jin, Kim Jae-hyun တို့နှင့်အတူ ရပ်လျက် အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြသည်ကို တွေ့ရသည်။

ကားတွင် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲကာ ဆောင်းဟေကို၏ သတင်းစကားကို ဖော်ပြထားသည်။

song-hye-kyo-big-gift-for-her-motherlovely-7892602.jpg

“ဒါရိုက်တာ Jaehyun, Nam Ki-ae, Eun-jin နဲ့ Ki-yong တို့ရေ…။ ဇာတ်ကားကောင်း မျှော်နေပါ့မယ်” ဟု ဖော်ပြထားသည်။

ဆောင်းဟေကိုအပေါ် ထားရှိသည့် မေတ္တာတရားကို Nam Ki-ae က “ကျွန်မ နှလုံးသားမှာ နွေးထွေးမှု ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ ရိုက်ကွင်းပထမဆုံးနေ့မှာ အဓိပ္ပာယ်ရှိတဲ့လက်ဆောင်ကို ရခဲ့လို့ပါ။ ဆိုင်းဘုတ်ကြီးမှာ ကိုယ့်နာမည်နဲ့ ဓာတ်ပုံကို မြင်ရတာကလည်း အရမ်းပျော်ခဲ့ရပါတယ်။ သူက ချစ်စရာကောင်းတဲ့ သမီးလေးပါ။ ကျွန်မတို့နှစ်ယောက် ဇာတ်လမ်းတွဲ ၃ ခုမှာ သားအမိအနေနဲ့ သရုပ်ဆောင်ခဲ့ကြပါတယ်။ ကျေးဇူးတင်ပါတယ်။ ဟေကို…” ဟု ရေးသားဖော်ပြခဲ့သည်။

ဆောင်းဟေကိုနှင့် Nam Ki-ae တို့ သားအမိအဖြစ် ပထမဆုံး သရုပ်ဆောင်ခဲ့ကြသည့် ဇာတ်လမ်းတွဲမှာ The Descendants of the Sun (2016) ဖြစ်ပြီး ယင်းနောက်တွင် Boyfriend (2018) နှင့် We Are Breaking Up (2021) တို့တွင် သားအမိအဖြစ် သရုပ်ဆောင်ခဲ့ကြသည်။

ရုပ်ရှင်ဇာတ်လမ်းတွဲများ ရိုက်ကူးပြီးသွားချိန်တွင် ပြင်ပလောကတွင်လည်း ရင်းနှီးချစ်ခင်ခဲ့ကြသည့် ဆောင်းဟေကိုနှင့် Nam Ki-ae တို့ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြမှုမှာ ပရိသတ်များ၏ နှလုံးသားများကိုလည်း နွေးထွေးစေခဲ့သည်။

song-hye-kyo-big-gift-for-her-motherlovely-7892603.jpg

ကားတွင် ဖော်ပြထားသော ဓာတ်ပုံနှင့် ပတ်သက်ပြီး ပရိသတ်တစ်ဦးက မှတ်ချက်ပေးမှုကို Nam Ki-ae က တုံ့ပြန်ခဲ့သည်မှာ “သူက ဓာတ်ပုံထဲမှာ ကျွန်မကို ပိုလှအောင် လုပ်ပေးထားတယ်” ဟု ဆိုသည်။

Nam Ki-ae ရိုက်ကူးသရုပ်ဆောင်နေသည့် Kissing for Nothing ဇာတ်လမ်းတွဲမှာ ဘဝရပ်တည်မှု လွယ်ကူစေရေးအတွက် မိခင်တစ်ဦးအဖြစ် ဟန်ဆောင်ထားသည့် single အမျိုးသမီးတစ်ဦးအကြောင်း အချစ်ဟာသဇာတ်မြူးဖြစ်သည်။

အဆိုပါဇာတ်လမ်းကို ဒါရိုက်တာ Kim Jae-hyun (A 1,000 Won Lawyer) က ရိုက်ကူးပေးထားပြီး ၂၀၂၅ ဒုတိယနှစ်ဝက်တွင် ထုတ်လွှင့်ရန် စီစဉ်ထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Song Hye-kyo, a big gift for her mother..Lovely girl, thank you (sportschosun)