- ပင်မစာမျက်နှာ
- ကားသတင်းများ
- [Tesla ၏ အောင်ပွဲကြီး] Tesla ၏ ရာနှုန်းပြည့်အလိုအလျောက်မောင်းနှင်စနစ် ကားတစ်စင်းမှာ customer က လာရောက်ယူဆောင်ရန် မလိုဘဲ စက်ရုံမှသည် customer ၏ နေအိမ်သို့ လူမပါဘဲ ၎င်းဘာသာ မောင်းနှင် ရောက်ရှိသွား
[Tesla ၏ အောင်ပွဲကြီး] Tesla ၏ ရာနှုန်းပြည့်အလိုအလျောက်မောင်းနှင်စနစ် ကားတစ်စင်းမှာ customer က လာရောက်ယူဆောင်ရန် မလိုဘဲ စက်ရုံမှသည် customer ၏ နေအိမ်သို့ လူမပါဘဲ ၎င်းဘာသာ မောင်းနှင် ရောက်ရှိသွား
- 321 views
Tesla သည် self-driving စနစ်နှင့် ပတ်သက်သည့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ပြီဖြစ်ကြောင်း Elon Musk က လူမှုကွန်ရက်တွင် ကြေညာသည်။Tesla ၏ ပထမဆုံး ရာနှုန်းပြည့် အလိုအလျောက် မောင်းနှင်စနစ်သုံး Model Y တစ်စင်းမှ စက်ရုံမှတစ်ဆင့် တက္ကဆပ်ပြည်နယ်ရှိ ဝယ်လက်၏ နေအိမ်သို့ ၎င်းဘာသာ မောင်းနှင်ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။
“ပထမဆုံး ရာနှုန်းပြည့် အလိုအလျောက်မောင်းနှင်စနစ်သုံး Tesla Model Y ကို စက်ရုံကနေ customer ရဲ့ အိမ်ရှိရာကို မြို့တွေ၊ အဝေးပြေးလမ်းမကြီးတွေကို ဖြတ်သန်းမောင်းနှင်ပြီး ပို့ဆောင်မှု ပြီးစီးခဲ့ပါပြီ” ဟု Elon Musk က X လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။Tesla သည် ရာနှုန်းပြည့် အလိုအလျောက် မောင်းနှင်စနစ်သုံး နည်းပညာကို ကြိုးစားနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ချပြနိုင်ခြင်းမရှိခဲ့ဘဲ နှောင့်နှေးနေခဲ့ခြင်း ဖြစ်သည်။
Tesla ၏ ကားများတွင် ရာနှုန်းပြည့် အလိုအလျောက် မောင်းနှင်စနစ်ကို ၂၀၁၇ နှစ်ကုန်တွင် အသုံးပြုနိုင်မည်ဟု Elon Musk ကတိပြုခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ထိုသို့ နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ပြီး ယခုအခါ Model Y ကို ၎င်းဘာသာ မောင်းနှင်စေကာ customer ၏ အိမ်သို့ ပို့ဆောင်ပေးနိုင်ခဲ့ခြင်းမှာ Tesla အတွက် ကြီးမားသည့် အောင်ပွဲတစ်ရပ်လည်း ဖြစ်သည်။
အဆိုပါ အောင်ပွဲနှင့် စပ်လျဉ်းပြီး Elon Musk က X လူမှုကွန်ရက်တွင် “ကားပေါ်မှာ လူတစ်ယောက်မှ ပါမသွားပါဘူး။ လမ်းတစ်လျှောက်လုံးမှာလည်း အဝေးကနေ ထိန်းချုပ်ပေးခဲ့မှု မရှိခဲ့ဘူး။ ရာနှုန်းပြည့် အလိုအလျောက် မောင်းနှင်မှုပါ။ ကျွန်တော်တို့ သိထားသလောက်အရ ဒါဟာ ကားပေါ်မှာ လူတစ်ယောက်မှ မပါဘဲ (ဒါမှမဟုတ်) အဝေးကနေ ထိန်းချုပ်မှုမရှိဘဲ အများပြည်သူသုံး အဝေးပြေးလမ်းမပေါ်မှာ ကမ္ဘာ့ပထမဆုံး မောင်းနှင်နိုင်မှု ဖြစ်ပါတယ်” ဟု ရေးသားဖော်ပြသည်။
Tesla သည် မောင်းသူမပါဘဲ customer ၏ အိမ်သို့ ကားပို့ဆောင်ပေးခဲ့ပုံ မိနစ် ၃၀ ကြာ ဗွီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ရာ အလိုအလျောက်မောင်းနှင်စနစ်သုံး Model Y သည် အဝေးပြေးလမ်းမကြီးပေါ်တွင် တစ်နာရီလျှင် မိုင် ၇၀ ကျော် အမြန်နှုန်းဖြင့် မောင်းနှင်ခဲ့သည်ကို တွေ့ရသည်။
Waymo အလိုအလျောက် မောင်းနှင်စနစ်သုံး ကားများသည်လည်း freeway များတွင် မောင်းသူမဲ့စနစ်ကို စမ်းသပ်ရန် ၂၀၂၄ ခုနှစ်အတွင်း ခွင့်ပြုချက်ရရှိထားသော်လည်း စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိသေးသည်။Waymo ၏ robotaxi များသည် အဝေးပြေးလမ်းမပေါ်တွင် မောင်းနှင့်ခွင့် မရသေးချေ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Tesla's first fully autonomous car drove itself to its new Texas owner, doing 72 mph on the highway, an engineer says (businessinsider)