- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရှန်ဟိုင်းမြို့တွင် ဇူလိုင် ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် “ရှန်ဟိုင်း နိုင်ငံတကာ ကားထုတ်လုပ်ရေး နည်းပညာနှင့် ထုတ်ကုန်ပြပွဲကြီး” (AMTS) အကြောင်း
ရှန်ဟိုင်းမြို့တွင် ဇူလိုင် ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် “ရှန်ဟိုင်း နိုင်ငံတကာ ကားထုတ်လုပ်ရေး နည်းပညာနှင့် ထုတ်ကုန်ပြပွဲကြီး” (AMTS) အကြောင်း
- 310 views
“ရှန်ဟိုင်း နိုင်ငံတကာ ကားထုတ်လုပ်ရေး နည်းပညာနှင့် ထုတ်ကုန်ပြပွဲကြီး” (AMTS) ကို ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်းနိုင်ငံတကာ ကုန်စည်ပြပွဲစင်တာသစ် (SNIEC) တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားရန် စီစဉ်ထားသည်။
AMTS တွင် ကားဒီဇိုင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေး၊ EV နည်းပညာ၊ powertrain နည်းပညာ ၊ ကားအတွင်းအပြင် ဒီဇိုင်းနှင့် ထုတ်လုပ်ရေးကဏ္ဍ၊ လေဆာနည်းပညာ၊ စက်ရုပ်များ၊ ကားတပ်ဆင်ရေးစနစ်၊ အရည်အသွေး ထိန်းသိမ်းမှုနှင့် စစ်ဆေးမှု အစရှိသည်တို့အပါအဝင် ကားထုတ်လုပ်ရေး နည်းပညာနှင့် ထုတ်ကုန်များကို ပြသသွားမည် ဖြစ်သည်။ယခုပြပွဲကြီးမှာ စွမ်းအင်သစ် မော်တော်ကားများ ဒီဇိုင်းနှင့် ဆက်စပ်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်မှု လုပ်ငန်းစဉ်တို့ကို အဓိက ဦးတည်ထားသည်။
((HIGHLIGHTS))
ကုမ္ပဏီပေါင်း ၅၀၀ ကျော်က နောက်ဆုံးပေါ် ပစ္စည်းများနှင့် နည်းပညာများ ပါဝင်ပြသမည် ဖြစ်သည်။ ဤပြပွဲကြီးသည် နိုင်ငံတကာ ဈေးကွက်မြှင့်တင်ရေး အတွေ့အကြုံကောင်းများရရှိထားသည်။၁၂ ကြိမ်မြောက် ASGA Printing Award ဆုပေးပွဲနှင့် ၂၁ ကြိမ်မြောက် Golden Mesh Award ဆုပေးပွဲတို့ကို ယခုပြပွဲကြီးတွင် ပြုလုပ်သွားမည် ဖြစ်သည်။ပွဲစဉ်ပေါင်း ၃၇ ကြိမ်တိုင် အောင်အောင်မြင်မြင် ကျင်းပပြီးခဲ့ပြီးဖြစ်ကာ ကောင်းသတင်းများ ရရှိထားသည့် ပွဲကြီး ဖြစ်သည်။
((ပြပွဲတွင် ပြသသွားမည့် ထုတ်ကုန်အချို့))
● မော်တော်ယာဉ် ဒီဇိုင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍ
● ထုတ်ကုန်များ၊ အပေါ့စားပစ္စည်းများ
● ဒီဇိုင်း၊ နမူနာ၊ စမ်းသပ်ထုတ်လုပ်ရေး၊ အတိုင်းအတာနှင့် စမ်းသပ်ခြင်းများ
● EV နည်းပညာ
● Powertrain နည်းပညာ
● ဘက်ထရီ၊ မော်တာနှင့် လျှပ်စစ်ထိန်းချုပ်ရေးစနစ်နည်းပညာ
● ဆက်စပ်ပစ္စည်းအစိတ်အပိုင်းများ
● အတွင်းအပြင်ဒီဇိုင်းနှင့် ထုတ်လုပ်ရေးကဏ္ဍ
● မိုဒီဇိုင်းနှင့် ထုတ်လုပ်ရေး
● အရည်အသွေး ထိန်းချုပ်ရေးနှင့် စစ်ဆေးရေး နည်းပညာ
● ဝရိန်နည်းပညာ
● လေဆာနည်းပညာ
● ဆေးမှုတ် နည်းပညာ
● ကားတပ်ဆင်ခြင်းနှင့် ချိတ်ပိတ်ခြင်း နည်းပညာ
………..အစရှိသည်တို့အပြင် အခြားနည်းပညာနှင့် ထုတ်ကုန်များ ပါဝင်ပြသသွားမည် ဖြစ်သည်။
[ပြပွဲ အချက်အလက်များ]
● ပွဲတက်မည့် ခန့်မှန်းပရိသတ်ဦးရေ= ၇၀၃၄၀ ဦးအထက်
● ပါဝင်ပြသမည့် ကုမ္ပဏီပေါင်း= ၈၁၁ အထက်
● ပြပွဲနေရာ အကျယ်အဝန်း = ၈၀၅၀၁ စတုရန်းမီတာ
(ပွဲသို့ လာရောက်ကြည့်ရှုမည့်သူများအတွက် အချက်အလက်များ))
(၅ ဦးအထက် အုပ်စုလိုက် လာရောက်လေ့လာမည့်သူများအတွက် ခံစားခွင့်များ)
● အခမဲ့ ဝင်ခွင့်လက်မှတ်နှင့် VIP ဝင်ခွင့် (တန်းစီစောင့်ဆိုင်းရန် မလိုခြင်း)
● ပြပွဲတွင် အထူးကြိုဆိုဧည့်ခံခြင်း
● VIP နားနေဆောင်
● အုပ်စုလိုက် ဓာတ်ပုံရိုက်ကူးခွင့်
● သီးသန့် စီစဉ်ပေးထားသော ပွဲကြည့်လမ်းကြောင်း
● အခမဲ့ ကော်ဖီနှင့် နေ့လယ်စာတို့ အပါအဝင် အုပ်စုလိုက်အတွက် လက်ဆောင်ပစ္စည်း
● နောက်လာမည့် ပြပွဲများ ဦးစားပေးတက်ရောက်ခွင့်
((ပြပွဲကျင်းပမည့် ရက်စွဲနှင့် အချိန်))
● ဇူလိုင် ၉ ရက်= မနက် ၉ နာရီမှ ညနေ ၅ နာရီ
● ဇူလိုင် ၁၀ ရက်= မနက် ၉ နာရီမှ ညနေ ၅ နာရီ
● ဇူလိုင် ၁၁ ရက်= မနက် ၉ နာရီမှ ညနေ ၄ နာရီ
((ကြီးမှူးကျင်းပသည့် ကုမ္ပဏီ))
RX China
42F, Intercontinental Center, 100 Yutong Road, Jingan District,Shanghai 200070, P.R.China.
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Ref: All the provided information is sourced from an email CarsDB received. (Shanghai International Automotive Manufacturing Technology & Materials Exhibition 2025 - AMTS)