- ပင်မစာမျက်နှာ
- ကားသတင်းများ
- Mark Zuckerberg နေ့စဉ်စီးသော Cadillac CT5-V Blackwing အကြောင်း Mark Zuckerberg က မည်သို့သောကားများ စီးသည်ဟု သင်ထင်ပါသနည်း။
Mark Zuckerberg နေ့စဉ်စီးသော Cadillac CT5-V Blackwing အကြောင်း Mark Zuckerberg က မည်သို့သောကားများ စီးသည်ဟု သင်ထင်ပါသနည်း။
- 332 views
အသက် ၁၉ နှစ်အရွယ် ၂၀၀၄ ခုနှစ်တွင် Facebook ကို စတင်တည်ထောင်ခဲ့သူ Zuckerberg သည် ယနေ့အခါတွင် ဟောလိဝုဒ် ထိပ်သီး အကျော်အမော်တစ်ဦးသဖွယ် လျှမ်းလျှမ်းတောက်လူသိများသူဖြစ်နေပြီး သူ၏ ချမ်းသာကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၈၄ ဒသမ ၆ ဘီလီယံအထိ ရှိနေပြီ ဖြစ်သည်။
Meta ၏ စီအီးအို၊ အသက် ၄၀ အရွယ်သာရှိသေးသူ Zuckerberg တွင် ထူးခြားသော ဝါသနာများ ရှိနေရာ တန်ဖိုးကြီးနာရီများ စုဆောင်းခြင်း၊ UFC လက်ဝှေ့ပွဲများကြည့်ခြင်းနှင့် ကားများစုဆောင်းခြင်းတို့ ပါဝင်သည်။ ပြီးခဲ့သောနှစ်အတွင်း Mark Zuckerberg နှင့် ဇနီးဖြစ်သူ ပရစ်ဆီလာတို့သည် Porsche 911 GT3 Touring နှင့် Porsche Cayenne Turbo GT “Minivan” တို့ ဝယ်ယူခဲ့ပြီး ကယ်လီဖိုးနီးယားအခြေစိုက် နာမည်ကြီး ကားဝပ်ရှော့ဖြစ်သော West Coast Customs စိတ်ကြိုက်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
Mark Zuckerberg သည် မကြာသေးမီက ထုတ်လွှင့်ခဲ့သော of ‘This Past Weekend with Theo Von’ ဟူသော Podcast အစီအစဉ်တွင် ၎င်းနေ့စဉ်စီးသောကားအကြောင်း ထုတ်ဖော်ပြောပြခဲ့သည်။(မှတ်ချက်။ “This Past Weekend with Theo Von” podcast အစီအစဉ်ကို YouTube, Spotify, Apple Podcasts နှင့် Google Podcasts တို့မှတစ်ဆင့် ထုတ်လွှင့်သည်)
ထိုအစီအစဉ်တွင် Theo Von က Mark Zuckerberg ကို မည်သို့သောကားမျိုး စီးသနည်းဟု မေးရာ Zuckerberg က လက်ရှိစီးနေသည်မှာ Cadillac CT5-V Blackwing ဖြစ်ကြေင်း ပြောပြခဲ့သည်။Blackwing မှာ manual ဖြစ်ကြောင်း၊ မိမိအနေဖြင့် manual ကားများ စီးရခြင်းကို သဘောကျကြောင်းလည်း Zuckerberg က ပြောပြသည်။
Cadillac က ထုတ်သော performance ဆီဒင်များတွင် CT5-V Blackwing မှာ အကောင်းဆုံး ဖြစ်သည်။
Cadillac ၏ V စီးရီး lineup တွင်ပါသော ကားတစ်စီးဖြစ်သည့်အားလျော်စွာ supercharged 6.2LV8 အင်ဂျင်သုံးထားပြီး ဆွဲအား 668 hp ထွက်ပြီး ရုန်းအားမှာ 659 lb-ft ရှိသည်။0 to 60 mile မြန်နှုန်းကို ၃ ဒသမ ၄ စက္ကန့်အတွင်း ရနိုင်ပြီး အမြင့်ဆုံးမြန်နှုန်းမှာ 200 mph ဖြစ်သည်။ပုံမှန်ထက် စက်သံကျယ်လောင်ကာ မြန်ဆန်သော ကားဖြစ်ရာ ယနေ့ခေတ် အလွန်ဆိတ်ငြိမ်လှသော performance ကားများကြားတွင် တစ်မျိုးတစ်ဖုံ ထူးခြားကွဲထွက်နေစေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Mark Zuckerberg’s Daily Driver Is A 668HP Cadillac CT5-V Blackwing (dupontregistry)