- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်တွင် Buick က ရုပ်ပြောင်း Buick Electra E5 electric SUV ကို ဒေါ်လာ ၂၃၆၀၀ ဖြင့် စတင်မိတ်ဆက်
တရုတ်ပြည်တွင် Buick က ရုပ်ပြောင်း Buick Electra E5 electric SUV ကို ဒေါ်လာ ၂၃၆၀၀ ဖြင့် စတင်မိတ်ဆက်
- 304 views
Buick သည် ၎င်း၏ မော်ဒယ်သစ် Electra E5 electric SUV ကို တရုတ်ပြည်တွင် ဇွန်လ ၁၉ ရက်က တရားဝင် စတင်မိတ်ဆက်ခဲ့သည်။
Trim ၃ မျိုးလာပြီး ဈေးတန်းမှာ ယွမ် ၁၆၉၉၀၀ မှ ၁၈၉၉၀၀ ကြား (ကန်ဒေါ်လာ ၂၃၆၀၀ မှ ၂၆၄၀၀ ကြား) ရှိကာ CLTC range အနေဖြင့် ၅၁၅ ကီလို၊ ၅၄၅ ကီလိုနှင့် ၆၂၀ ကီလိုဟု အစားစား ရှိသည်။
ရုပ်ပြောင်းအနေဖြင့် ထွက်ရှိလာသော Buick E5 မှာ ယခင်ဗားရှင်းနှင့်ယှဉ်လျှင် upgrade ၄၇ ပြုလုပ်ထားသည်။
Electra E5 ၏ ရှေ့မျက်နှာမှာ ရိုးစင်းပြီး အနားမပြိုင်စတုဂံပုံ grille ရှိသည်။
ဘေးနှင့် နောက်ဘက် ဒီဇိုင်းမှာ ယခင်ဗားရှင်းနှင့် များစွာ မခြားနားချေ။
Upgrade ပြုလုပ်ထားသည်များအနက် အထင်ရှားဆုံးမှာ ဆွဲအား 180 kW (241 hp) နှင့် ရုန်းအား 330 Nm ရှိ မော်တာသုံးထားသော Ultium 2.0 multi-drive platform ဖြစ်သည်။
[ ၁။ ရုပ်ပြောင်း Buick Electra E5 electric SUV ၏ အခြေခံ အချက်အလက်များ]
■ စတင်မိတ်ဆက်မှု= June 19, 2025
■ ဈေးတန်း= ယွမ် ၁၆၉၉၀၀ မှ ၁၈၉၉၀၀ ကြား (ကန်ဒေါ်လာ ၂၃၆၀၀ မှ ၂၆၄၀၀ ကြား)
■ Trims= 3 variants (ဘက်ထရီနည်းပညာနှင့် range ကွာခြား)
■ ဈေးကွက်= တရုတ်ပြည် (ကမ္ဘာသို့ ဖြန့်ချိမည့်ကာလ မကြေညာသေး)
[2. ဒီဇိုင်းနှင့် Dimensions]
■ Design Language= Buick ၏ PURE Design
=အနားမပြိုင် စတုဂံပုံ grille
= ဘေးနှင့် နောက်ဘက်ဒီဇိုင်းမှာ ယခင်မော်ဒယ်နှင့် များစွာ မပြောင်းလဲ
■ အတန်းအစား= Medium-to-large SUV
■ Dimensions= အလျား 4,892 mm ၊ ဗျက် 1,905 mm ဖြစ်ပြီး အမြင့်မှာ 1,681 mm နှင့် 1,683 mm ဟု ၂ မျိုးလာသည်။
■ Wheelbase= 2,954 mm
[ ၃။ Performance နှင့် Powertrain]
■ Platform= Ultium 2.0 (GM ၏ EV architecture)
= မော်တာမှာ ဆွဲအား 180 kW / 241 hp နှင့် ရုန်းအား 330 Nm ရှိသည်။
= အမြင့်ဆုံးမြန်နှုန်းမှာ 180 km/h ဖြစ်
= အရှိန်တင်နိုင်မှု 0–100 km/h ကို ၇ ဒသမ ၄ စက္ကန့်အတွင်းရနိုင်
■ Driving Mode များ= Comfort, Sport, Anti-slip, Personalized
[၄။ ဘက်ထရီနှင့် Range]
■ Base trim တွင် LFP (Lithium Iron Phosphate) ဘက်ထရီသုံးထားပြီး 65 kWh အားရှိကာ ၅၁၅ ကီလို မောင်းနိုင်သည်။ စွမ်းအင် သုံးစွဲနှုန်းမှာ ကီလို ၁၀၀ လျှင် 13.7 kWh ဖြစ်သည်။
■ Mid trim တွင် Ternary Lithium ဘက်ထရီသုံးထားပြီး 68.4 kWh အားရှိကာ ၅၄၅ ကီလို မောင်းနိုင်သည်။ စွမ်းအင် သုံးစွဲနှုန်းမှာ ကီလို ၁၀၀ လျှင် 13.5 kWh ဖြစ်သည်။
■ Top trim (Flagship) တွင် Ultium CTP LFP ဘက်ထရီသုံးထားပြီး 76.8 kWh အားရှိကာ ၆၂၀ ကီလို မောင်းနိုင်သည်။ စွမ်းအင် သုံးစွဲနှုန်းမှာ ကီလို ၁၀၀ လျှင် 13.4 kWh ဖြစ်သည်။
■ အမြန်အားသွင်းစနစ်= ၁၀ မိနစ်အားသွင်းလျှင် ကီလို ၂၁၀ မောင်းနိုင် (Top trim)
[၅။ အတွင်းပိုင်းနှင့် နည်းပညာ]
■ Infotainment
=လက်မ ၃၀ 6K curved display ( trim တိုင်းတွင် standard အနေဖြင့် သုံးထား)
=Snapdragon 8155 chip
=eConnect OS သုံးထားပြီး Upgrade လုပ်ထားသည့် voice assistant နှင့် iOS 26 CarPlay တို့ support ပေးသည်။
■ ADAS စနစ်= eCruise Level 2
■ Audio စနစ်= စပီကာ ၁၄ လုံးပါ Bose system (top trim တွင်သာ)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: New Buick Electra E5 electric SUV with 620 km range launched starting at 23,600 USD in China (carnewschina)