Leapmotor ၏ ရောင်းချရမှု ပမာဏမှာ အစင်းရေ ၈၀၀,၀၀၀ သို့ ရောက်ရှိကာ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်လာ

  • 301 views

screenshot_20250618_084124_chrome-768x508.jpg

Leapmotor က ၎င်းတို့ကုမ္ပဏီ ရောင်းချပေးခဲ့သော ကားအစင်းရေပမာဏမှာ ၈၀၀,၀၀၀ အထိ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့သော ဇွန်လ ၁၈ ရက်က ကြေညာသည်။

ယခုနှစ် ဇန်နဝါရီမှ မေလအထိ ၅ လတာကာလအတွင်း Leapmotor က ပြည်ပသို့ တင်ပို့ရောင်းချခဲ့မှု ပမာဏမှာ အစင်းရေ ၁၇၂၀၀ ရှိခဲ့ပြီး တရုတ်ပြည်မှ စွမ်းအင်သစ် startup ကုမ္ပဏီများတွင် ထိပ်တန်း၌ ရပ်တည်နေသည်။

 

1000019873-768x900.jpg

(အစင်းရေ ၈၀၀၀၀၀ အထိ ရောင်းချထားရပြီဖြစ်ကြောင်း ဖော်ပြထားသည့် Leapmotor ၏ ပိုစတာကြီးကို တွေ့ရပုံ)

Leapmotor ကို ကျူးကျန်းမျင် (Zhu Jiangming) က ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

မစ္စတာကျူးသည် ၂၀၁၅ ခုနှစ် အစောပိုင်းကာလအတွင်း စပိန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် Renault က ထုတ်လုပ်သည့် လျှပ်စစ်ကားငယ်လေးများကို တွေ့မြင်ခဲ့ပြီးနောက် တရုတ်ပြည်၌ ထိုသို့သော လျှပ်စစ်ကားပုံစံမျိုးအတွက် ကြီးမားသည့်ဈေးကွက်ရှိနိုင်ကြောင်း သုံးသပ်ခဲ့သည်။

ယင်းနောက် ဟောင်ကောင်စတော့အိတ်ချိန်းတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၌ ရှယ်ယာများ စတင်ရောင်းချကာ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့သည်။

Leapmotor သည် Nio, Xpeng နှင့် Li Auto တို့ပြီးလျှင် အများပိုင်ပြုလုပ်လာသည့် စတုတ္ထမြောက် NEV startup ကုမ္ပဏီလည်း ဖြစ်သည်။

((Leapmotor ၏ နှစ်အလိုက်ရောင်းအား))

၂၀၂၂ ခုနှစ်= ၁၁၁၁၀၀ စင်း
၂၀၂၃ ခုနှစ်= ၁၄၄၁၀၀ စင်း
၂၀၂၄ ခုနှစ်= ၂၉၃၇၀၀ စင်း
Leapmotor သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ၎င်း၏ ပထမဆုံး လျှပ်စစ်ကားဖြစ်သော Leapmotor S01 ကို စတင်မိတ်ဆက်ခဲ့သော်လည်း ရောင်းအားမကောင်းခဲ့။

1000019871-800x526.jpg

(Leapmotor S01)

 

1000019869-800x427.jpg

(Leapmotor T03 )

၂၀၁၉ မှ ၂၀၂၁ ခုနှစ်အကြား အစင်းရေ ၃၀၀၀ အောက်သာ ရောင်းချခဲ့ရပြီး ၂၀၂၂ ခုနှစ်သို့ရောက်သောအခါ ဆက်လက်ထုတ်လုပ်ခြင်း မရှိတော့ချေ။

ယင်းနောက် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၁ ရက်တွင် ကီလို ၄၀၀ range ရှိသော T03 mini EV ကို ဈေးတန်း ယွမ် ၆၅၈၀၀ မှ ၇၅၈၀၀ ကြား (ကန်ဒေါ်လာ ၉၁၆၀ မှ ၁၀၅၅၀ ကြား) ဖြင့် ထုတ်လုပ်ရောင်းချခဲ့သည်။

T03 မှာ S01 နှင့်ယှဉ်လျှင် ရောင်းအားပိုကောင်းလာသည်။

1000019865-800x691.jpg

(2026 Leapmotor C16)

၂၀၂၀ ပြည့်နှစ်တွင် အစင်းရေ ၁၀၂၆၆ စင်း၊ ၂၀၂၁ ခုနှစ်တွင် ၁၁၃၉၁ စင်းနှင့် ၂၀၂၃ ခုနှစ်တွင် ၆၁၉၁၉ စင်း အသီးသီး ရောင်းခဲ့ရသည်။

လက်ရှိအားဖြင့် Leapmotor က ထုတ်လုပ်ရောင်းချပေးနေသည့် model ၆ ခုရှိရာ T03, C01, B10, C10, C11 နှင့် C16 တို့ ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Leapmotor reached 800,000 vehicles delivery milestone (carnewschina)