EV မော်တော်ယာဉ်များနှင့် EV ဆိုင်ကယ်များ ပြည်တွင်းသို့ထပ်မံဝင်ရောက်

  • 307 views

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့တင်သွင်းလာတဲ့ EV မော်တော်ယာဉ်တွေနဲ့ EV ဆိုင်ကယ်တွေဟာ ရန်ကုန်ဆိပ်ကမ်းကိုရောက်ရှိလာတဲ့အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်သတ်မှတ်ပြီး သက်ဆိုင်ရာကုမ္ပဏီတွေကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနက သိရပါတယ်။


အခုထပ်မံရောက်ရှိလာတဲ့ EV ယာဉ်တွေဟာ Grand Sirius Co., Ltd. ကတင်သွင်းလာတဲ့ NETA U အမျိုးအစားEV ကားတွေနဲ့ Myanmar Arr Thit Man Motor Co., Ltd. ကတင်သွင်းလာတဲ့ YADEA အမျိုးအစားEV ဆိုင်ကယ်တွေကိုဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀) ရက်နေ့က ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။

 


၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လ ကုန်အထိ EV မော်တော်ယာဉ်၊ EV ဆိုင်ကယ်နဲ့ EV သုံးဘီးယာဉ် အစီးရေ (၂၇၇၉) စီး မှတ်ပုံတင်ထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

 ပြီးခဲ့တဲ့ ဇူလိုင်လအထိတော့ ပြည်တွင်းမှာ မှတ်ပုံတင်ထားတဲ့ EV မော်တော်ယာဉ် အစီးရေ (၅၇၉) အထိ မှတ်ပုံတင်ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com