တရုတ်ပြည်တွင် Chery က ၂၀၂၆ မော်ဒယ် Tiggo 7 Sport နှင့် Tiggo 7 Plus တို့ကို ဈေးနှုန်း ကန်ဒေါ်လာ ၁၂၂၅၀ မျှဖြင့် စတင်ရောင်းချပေးလာ

  • 641 views

weixin-image_20250617212639-large-768x421.jpg

Chery သည် ၂၀၂၆ မော်ဒယ် Tiggo 7 Sport နှင့် Tiggo 7 Plus SUV များကို တရုတ်ပြည်တွင် တရားဝင် စတင်ရောင်းချပေးလာသည်။

တန်ဖိုးသင့်ကားများ ရှာဖွေနေသည့် ဝယ်လက်များကို ပစ်မှတ်ထားသည့် မော်ဒယ်များဖြစ်သည်။Tiggo 7 Sport မှာ ဈေးနှုန်း ယွမ် ၈၇၉၀၀ (ကန်ဒေါ်လာ ၁၂၂၅၀ ခန့်) မှစပြီး Tiggo 7 Plus မှာ ဈေးနှုန်း ယွမ် ၉၁၉၀၀ (ကန်ဒေါ်လာ ၁၂၈၀၀ ခန့်) မှ စသည်။Tiggo 7 Sport တွင် 1.5-litre turbocharged အင်ဂျင်သစ် သုံးထားပြီး ဆွဲအား 115 kW နှင့် ရုန်းအား 230 Nm ရှိသည်။ဂီယာမှာ 6-speed wet dual-clutch ဖြစ်သည်။ထို့အပြင် 1.6T version လည်းလာပြီး ထိုဗားရှင်းတွင် ဆွဲအား 145 kW နှင့် ရုန်းအား 290 Nm ရှိကာ ဂီယာမှာ 7-speed DCT ဖြစ်သည်။

Chery Sport edition မှာ လူငယ်ဆန်ပြီး Tiggo 7 Plus မှာ မိသားစုစီးရန် ပိုမိုသင့်တော်သည်။ထို မော်ဒယ် ၂ မျိုးလုံးမှာ တရုတ်ပြည်၏ compact SUV ကဏ္ဍတွင် ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းသော မော်ဒယ်များ ဖြစ်လာဖွယ် ရှိသည်။

 

w800_m0_yichecar_3558e524-b4e9-4e6b-8bdf-7aad6a00b367-jpg-large-768x457.jpeg

(Tiggo 7 Sport)

((၁။ ၂၀၂၆ မော်ဒယ် Chery Tiggo 7 Sport ၏ ဈေးနှုန်း))

 

■ မော်ဒယ်များ

= Tiggo 7 Sport– ယွမ် ၈၇၉၀၀ (ကန်ဒေါ်လာ ၁၂၂၅၀) မှ စသည်။
=Tiggo 7 Plus –ယွမ် ၉၁၉၀၀ (ကန်ဒေါ်လာ ၁၂၈၀၀) မှ စသည်။
■ ပစ်မှတ်ထားသောဈေးကွက်- တရုတ်ပြည်၏ ပြိုင်ဆိုင်မှုပြင်းထန်သော compact SUV ကဏ္ဍတွင် တန်ဖိုးသင့်ကားရှာနေသော customer များ

 

w800_m0_yichecar_5d3c711b-2c42-42cb-9e30-901e4d159aab-jpg-large-768x445.jpeg

(Tiggo 7 Sport)

((၂။ Tiggo 7 Sport ၏ အဓိကအချက်အလက်များ))

 

[Performance]

■ အင်ဂျင်ရွေးချယ်စရာ
= 1.5T Turbo အင်ဂျင်သစ်- ဆွဲအား 115 kW (154 HP) / ရုန်းအား 230 Nm torque
= ရှိရင်းစွဲ 1.6T Turbo အင်ဂျင်- ဆွဲအား 145 kW (194 HP) / ရုန်းအား 290 Nm
ရပ်တည်မှု= sporty ဆန်ပြီး လူငယ်များကို ဦးတည်

[ဒီဇိုင်းပိုင်း]
■ အပြင်ပိုင်း
=Split ရှေ့မီးကြီးများ၊ အနားမပြိုင် စတုဂံပုံ grille ၊ floating roof ၊ မြှုပ်ထားသော တံခါးလက်ကိုင်များ
= ၁၈ လက်မ အလွိုင်း
= အရောင်ရွေးစရာ- Glacier Silver, Cangyan Grey
ကား၏ စတိုင်မှာ ယခင်က Chery နှင့် ဖက်စပ်လက်တွဲခဲ့သော Land Rover နှင့် ဆင်သည်။

 

dcp_4305109e630e5ca24d9dd0353b5abf14tplv-f042mdwyw7-original_480_0-large-768x512.jpeg

(Tiggo 7 Sport)

[အတွင်းပိုင်းနှင့် နည်းပညာ]

■ ဒက်ရှ်ဘုတ်= ၁၃ ဒသမ ၂ လက်မ touchscreen နှင့် ၁၀ ဒသမ ၂၅ လက်မ digital cluster
■ Feature သစ်များ
= ယာဉ်မောင်းခုံတွင် လေဝင်လေထွက်နှင့် အပူပေးစနစ်၊ ၅၄၀ ဒီဂရီ ကင်မရာ၊ auto climate control
=Premium Trim တွင် ပါဝင်သည်များ- Panoramic sunroof ၊ 50W wireless charging

((၃။ Tiggo 7 Plus ၏ အဓိကအချက်အလက်များ))

■ Powertrain= 1.5T အင်ဂျင်နှင့် CVT (simulates 9 gears)
■ ဒီဇိုင်း= စိန်ပွင့်အသွင် grille ၊ flush door handles ၊ full-width LED taillights
■ အတွင်းပိုင်း
=၂၄ ဒသမ ၆ လက်မ dual-screen cockpit နှင့် LION 5.0 infotainment စနစ်
=Top Trim တွင်ဆိုလျှင် Ventilated passenger seat ၊ electric tailgate နှင့် panoramic sunroof တို့ ပါလာသည်။

 

dcp_10936bb5ff37a90f7a25de13ce4c134ctplv-f042mdwyw7-original_480_0-large-800x533.jpeg

(Tiggo 7 Sport)

[ဈေးကွက်အခြေအနေ]

■ ရောင်းအား= Tiggo 7 series မှာ အစင်းရေ ၂၈၈၀ ရောင်းချထားရပြီး တရုတ်ပြည်၏ compact SUV ကဏ္ဍတွင် နံပါတ် ၄၀ နေရာ၌ ရပ်တည်နေသည်။
■ ပြိုင်ဘက်များ= Haval H6, Geely Boyue နှင့် Changan CS55

 

dcp_56987e07f781a97e24142e5c99511bc7tplv-f042mdwyw7-original_480_0-large-800x533.jpeg

(Tiggo 7 Sport)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: 2026 Chery Tiggo 7 Sport channels Land Rover design, launches with Tiggo 7 Plus from 12,250 USD (carnewschina)