- ပင်မစာမျက်နှာ
- ကားသတင်းများ
- Toyota နှင့် FAW တို့ ဖက်စပ်ထုတ်လုပ်သော bZ5 coupe SUV ကို တရုတ်ပြည်တွင် စတင်ဖြန့်ချိ
Toyota နှင့် FAW တို့ ဖက်စပ်ထုတ်လုပ်သော bZ5 coupe SUV ကို တရုတ်ပြည်တွင် စတင်ဖြန့်ချိ
- 605 views
တရုတ်ပြည်တွင် ထုတ်လုပ်သော Toyota bZ5 fastback SUV ကို တရုတ်ပြည်ရှိ မြို့ကြီးပေါင်း ၁၀၀ တွင် စတင်ဖြန့်ချိနေပြီ ဖြစ်သည်။
ဈေးနှုန်းမှာ ယွမ် ၁၂၉၈၀၀ (ကန်ဒေါ်လာ ၁၈၀၇၅) မှ စသည်။bZ5 တွင် BYD ၏ ဘက်ထရီကို အသုံးပြုထားပြီး ကီလို ၆၃၀ အထိ မောင်းနိုင်ကာ ဆွဲအား 200 kW (268 hp) ရှိသည်။Toyota bZ5 သည် fastback crossover ဖြစ်ပြီး တရုတ်ပြည်တွင် ဇွန်လ ၁၀ ရက်က စတင် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
bZ5 ကို FAW နှင့် Toyota တို့ ဖက်စပ် ထုတ်လုပ်ခြင်း ဖြစ်သည်။
bZ5 တွင် BYD ၏ နည်းပညာများကိုလည်း အသုံးပြုထားရာ LFP battery လည်း အပါအဝင် ဖြစ်သည်။
bZ5 ၏ rival များအနေဖြင့် Tesla Model Y, Deepal S07 နှင့် Leapmotor C10 တို့ ရှိနေသည်။
bZ5 ကို ဇွန် ၁၀ တွင် စတင်ရောင်းချကာ ၆ ရက်အတွင်း ဖြန့်ချိပေးခဲ့ခြင်း ဖြစ်သည်။
bZ5 သည် ၂၀၂၃ ခုနှစ် ရှန်ဟိုင်းကားပြပွဲတွင် ချပြခဲ့သော bZ Sports Crossover နမူနာကားမှ ဆင်းသက်လာခြင်း ဖြစ်သည်။
((၁။ ယေဘုယျ သုံးသပ်ချက်))
■ မော်ဒယ်= Toyota bZ5 (fastback/coupe-style SUV)
■ မိတ်ဆက်မှုနှင့် ဖြန့်ချိမှု
= ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် စတင်မိတ်ဆက်ပြီး ၆ ရက်အကြာတွင် တရုတ်ပြည်တစ်ဝန်းရှိ မြို့ပေါင်း ၁၀၀ တွင် ဖြန့်ချိ
■ ဈေးတန်း= ယွမ် ၁၂၉၈၀၀ မှ ၁၉၉၈၀၀ ကြား (ကန်ဒေါ်လာ ၁၈၀၇၅ မှ ၂၇၈၂၀ ကြား)
((၂။ အရေးပါသော မိတ်ဖက်များ))
■ ထုတ်လုပ်သူ= FAW-Toyota (ဖက်စပ်)
■ ဘက်ထရီနည်းပညာ= BYD ၏ LFP ကို FinDreams မှ ရယူ (BYD ၏ လုပ်ငန်းခွဲ)
■ ထုတ်လုပ်မှု= Toyota, FAW နှင့် BYD တို့ ပူးပေါင်းထုတ်လုပ်သည်။
((၃။ Specifications နှင့် Feature များ))
■ အရွယ်အစား
=4,780/1,866/1,510 mm နှင့် wheelbase 2,880 mm (Tesla Model Y အောက် အနည်းငယ် သေးငယ်)
■ ဒီဇိုင်း
=Fastback SUV ဒီဇိုင်း၊ ၂၁ လက်မဘီး၊ flush တံခါးလက်ကိုင်၊ အမိုးပေါ် LiDAR
■ အတွင်းပိုင်း
= ၁၅ ဒသမ ၆ လက်မ floating screen၊ round စတီယာရင်၊ compact gear shifter ၊ LCD instrument panel
=Feature များ- အပူပေးထိုင်ခုံများ၊ surround-view ကင်မရာများ၊ adaptive cruise control နှင့် JBL audio စနစ်
((၄။ ဘက်ထရီနှင့် Performance))
■ ဘက်ထရီ ရွေးချယ်စရာ
= 65.28 kWh- ကီလို ၅၅၀ range
=73.984 kWh- ကီလို ၆၃၀ range
■ မော်တာ= ရှေ့မော်တာ 200 kW (268 hp)
((ဈေးကွက်ရပ်တည်မှုနှင့် ပြိုင်ဘက်များ))
■ ပစ်မှတ်ထားသောဈေးကွက်=တရုတ်ပြည်သီးသန့် (ပြည်ပသို့ တင်ပို့ရန် မကြေညာသေး)
■ ပြိုင်ဘက်များ= Tesla Model Y, Deepal S07 နှင့် Leapmotor C10
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Toyota bZ5 coupe SUV started deliveries in China with BYD battery (carnewschina)