တရုတ်ပြည်တွင် Nissan ၏ လျှပ်စစ်ဆီဒင်ဖြစ်သော N7 မှာ အစင်းရေ ၂၀,၀၀၀ ကျော် အမှာစာ ရရှိ

  • 490 views

weixin-image_20250616143503-1-768x454.jpg

Nissan ၏ all-electric N7 ဆီဒင်မှာ ထူးခြားသည့် ရောင်းအားမှတ်တိုင်တစ်ခုသို့ ရောက်ရှိခဲ့သည်။

တရုတ်ပြည်တွင် စတင်ချပြလိုက်ပြီးနောက်ပိုင်း ရက်ပေါင်း ၅၀ အတွင်း အစင်းရေ ၂၀,၀၀၀ ကျော် အမှာစာ ရရှိနေသည်။

d22c1fa73f2442d79e09624af4afcc8b-large-1-768x436.jpeg

N7 ကို ဧပြီလ ၂၇ ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး ဈေးနှုန်းမှာ ယွမ် ၁၁၉၉၀၀ (ကန်ဒေါ်လာ ၁၄၀၀၀ ခန့်) မှစကာ Variant ၅ မျိုးလာသည်။mid-size EV ကဏ္ဍတွင် တန်ဖိုးသင့် အတန်းအစားထဲတွင် ပါဝင်သည်။ N7 သည် Dongfeng Nissan ၏ စွမ်းအင်သစ် မော်တော်ယာဉ်လုပ်ငန်းခွဲမှ ပထမဆုံး ထုတ်လုပ်သည့် လျှပ်စစ်ဆီဒင်ဖြစ်သည်။Nissan နှင့် Dongfeng တို့ က လျှပ်စစ်ကားသို့ ကူးပြောင်းမှု အရှိန်အဟုန်မြှင့်တင်ရေး မဟာဗျူဟာဖြင့် ထုတ်လုပ်ခဲ့သည့် မော်ဒယ် ဖြစ်သည်။

ဤမော်ဒယ်ကို မူလက တရုတ်ပြည်ဈေးကွက်အတွက်သာ ရည်မှန်းခဲ့သော်လည်း Nissan က N7 အား ဂျပန်သို့ တင်ပို့ရန်လည်း ကြံရွယ်နေသည်။ တရားဝင်အတည်ပြုချက်ကား မရသေးချေ။

6c34ef216dc1b49ea5baebcfb8969940-large-1-768x576.jpeg

 

((၁။ ရောင်းအားနှင့် ဈေးနှုန်း))

■ ရက် ၅၀ အတွင်း အစင်းရေ ၂၀၀၀၀ အမှာစာ ရရှိထား (စတင်မိတ်ဆက်မှု ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇)
■ ဈေးနှုန်း= အနိမ့်ဆုံး ယွမ် ၁၁၉၉၀၀ (ကန်ဒေါ်လာ ၁၄၀၀၀) မှ စပြီး တန်ဖိုးသင့် mid-size EV ဖြစ်သည်။
■ Variant ၅ မျိုးလာပြီး အမှာစာ မှာယူထားမှုများ၏ ၆၀ ရာခိုင်နှုန်းမှာ "Max" trim ကို မှာယူခြင်းဖြစ်သည်။

70c1b61ac7244a8a82072bbeaf34fe78-large-1-768x547.jpg

((၂။ Specifications))

■ Powertrain
=မော်တာတစ်လုံးဖြစ်ကာ ဆွဲအား 160 kW သို့မဟုတ် 200 Kw ရွေးချယ်နိုင်သည်။
= လီသီယမ် အိုင်းယွန်းဖော့စ်ဖိတ် ဘက်ထရီသုံးထားပြီး range အနေဖြင့် ကီလို ၅၁၀ မှ ၆၃၅ ကြားရှိသည်။
■ အားသွင်းမှု
= အမြန်အားသွင်းစနစ်ဖြင့် ၁၄ မိနစ် (၃၀ မှ ၈၀ ရာခိုင်နှုန်းအထိ)
= လျှပ်စစ်ပစ္စည်းများ (ဥပမာ-portable air con) အတွက် 6.6 kW အား အသုံးပြုနိုင်သည်။

f0ce72a03c164968987a8c2d2d898c2a-large-1-800x504.jpg

((၃။ နည်းပညာနှင့် Feature များ))

■ Infotainment စနစ်
= NISSAN OS သုံးထားသော ၁၅ ဒသမ ၆ လက်မ 2.5K touchscreen
=Entry-level တွင် Snapdragon 8155 chip သုံးထားပြီး
=Max trim တွင် Snapdragon 8295P ကို သုံးထားသည်။
■ အလိုအလျောက် မောင်းနှင်မှုစနစ်
= Level 2+ ADAS** (Momenta နှင့် ပူးပေါင်း ထုတ်လုပ်ခြင်းဖြစ်သည်။)

173173769200375a-large-800x533.jpg

((၄။ ဒီဇိုင်းပိုင်း))

■ အပြင်ပိုင်း
=full-width LED မီးတန်း၊ LEDs မီးလုံး ၇၀၀ ကျော်/ OLEDs မီးလုံး ၈၀၀ ကျော် ပါဝင်ကာ နှုတ်ဆက်စကား၊ သတိပေးချက် အစရှိသည်တို့ ဖော်ပြနိုင်သော "Magic Canvas" light bar
= ၁၉ လက်မဘီး
■ Dimensions
= အလျား 4,930 mm ရှိမည်ဖြစ်ပြီး wheelbase မှာ 2,915 mm ရှိမည်ဖြစ်သည်။

dim1706x1280_88476ae5754d11920ea94ebdc8b513_700-large-800x600.jpg

((၅။ ဈေးကွက်နှင့် အနာဂတ်စီမံကိန်း))

=ပြိုင်ဆိုင်မှု ပြင်းထန်သော တရုတ်ပြည် EV ဈေးကွက်တွင် N7 မှာ ဝယ်လိုအားကောင်းနေသည်။
= ကမာ့္ဘဈေးကွက်သို့ ချဲ့ထွင်မည့် အလားအလာရှိသည်။ (ဂျပန်ဈေးကွက်ကို စဉ်းစားနေသည်)
= တန်ဖိုးသင့်၊ နည်းပညာစုံသော EV များအကြား N7 မှာ အားကောင်းသော brand ဖြစ်လာနိုင်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Nissan N7 secures over 20,000 orders in 50 days in China ((carnewschina)