- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်ပြည်၊ ဖလော်ရီဒါတွင် ကားအမြန်မောင်းသူများကို ထောင်ဒဏ်ချမှတ်တော့မည်
အမေရိကန်ပြည်၊ ဖလော်ရီဒါတွင် ကားအမြန်မောင်းသူများကို ထောင်ဒဏ်ချမှတ်တော့မည်
- 315 views
အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်တွင် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်ကာ ကားအမြန်မောင်းသူများ အပေါ် စစ်ကြေညာလိုက်ပြီ ဖြစ်သည်။
အများပြည်သူသုံး လမ်းမများအပေါ် ကားပြိုင်ကွင်းသဖွယ် သဘောထားမောင်းနှင်နေသူများအား ဆက်လက်သည်းခံတော့မည်မဟုတ်ဟုဆိုသည်။ထို့ကြောင့် ထိုသို့မောင်းနှင်တတ်သူများထဲတွင် ပါဝင်နေသည်ဆိုပါက သင့်အနေဖြင့် သတိထားရတော့မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုလျှင် ဇူလိုင်လ ၁ ရက်မှစပြီး ကားအမြန်မောင်းသူများနှင့် ပတ်သက်သည့်ဥပဒေမှာ စတင်အသက်ဝင်လာမည်ဖြစ်ရာ ဒေါ်လာ ၁၀၀၀ အထိ ဒဏ်ငွေ ချမှတ်ခံရမည့်အပြင် အလွန်အကဲ မြန်နှုန်းမြင့် မောင်းနှင်သူများဆိုလျှင် ထောင်ဒဏ်ပင် ချမှတ်ခံရမည် ဖြစ်သည်။အဆိုပါဥပဒေကို “Super Speeder Law” ဟု ခေါ်ဝေါ်နေကြသည်။
ဥပဒေ၏ ရည်ရွယ်ချက်မှာ မတော်တဆမှုများ လျှော့ချနိုင်ရန်ဖြစ်ပြီး တရားသူကြီးရှေ့မှောက် မရောက်လိုသူများအနေဖြင့် မိမိကိုယ်မိမိ ဆင်ခြင်ကြရန် ဖြစ်သည်။ပြစ်ဒဏ်မှာ ပြင်းထန်လွန်းသည်ဟု ထင်ရသော်လည်း ထိုသို့လုပ်ဆောင်ရန် လိုအပ်ကြောင်း မှတ်ချက်ပေးသူ များစွာရှိသည်။
ယင်းဥပဒေပြဋ္ဌာန်းရန် ဦးဆောင်သူမှာ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ် ဖြစ်ပြီး လမ်းပေါ်သေဆုံးရမှုများမြင့်တက်နေမှုကို လျှော့ချနိုင်ရန်ဖြစ်သည်။
((ဥပဒေမှာ ဘာပြောထားလဲ))
ထိထိရောက်ရောက် အရေးယူမှုများ ကြုံရတော့မည် ဖြစ်သည်။ဇူလိုင်လ ၁ ရက်မှစပြီး သတ်မှတ်မြန်နှုန်းထက် 50 mph ကျော်လွန်မောင်းနှင်သူ (သို့မဟုတ်) မြန်နှုန်း 100 mph ကျော်လွန်သည်အထိ မောင်းနှင်သူများအနေဖြင့် □ ဒဏ်ငွေ ဒေါ်လာ ၅၀၀ သော်လည်းကောင်း □ ရက် ၃၀ အထိ ထောင်ဒဏ်သော်လည်းကောင်း □ ဒဏ် ၂ ရပ်လုံးသော်လည်းကောင်း ချမှတ်ခံရတော့မည် ဖြစ်သည်။ထိုပြစ်ဒဏ်သတ်မှတ်ချက်မှာ ပထမအကြိမ် ကျူးလွန်သူများအတွက်သာဖြစ်သည်။
မိစ္ဆာအတွက် ကရုဏာမရှိဟူသော သမ္မာကျမ်းစာပါသည့်အတိုင်း ပထမအကြိမ် ကျူးလွန်သူများသည်ပင်လျှင် ထောင်ဒဏ်ကျခံနိုင်ချေရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။
ထပ်မံကျူးလွန်ပါက ဒဏ်ငွေ ဒေါ်လာ ၁၀၀၀ အပြင် ထောင်ဒဏ် ရက် ၉၀ ကျခံရမည်ဟု ဆိုသည်။၅ နှစ်တာ အတွင်း ထပ်မံကျူးလွန်လျှင် လိုင်စင် ၁ နှစ် ပိတ်သိမ်းခံရမည်ဖြစ်သည်။ပထမအကြိမ် ကျူးလွန်သူများ သည်ပင်လျှင် တရားရုံးတွင် အမှုရင်ဆိုင်ရမည် ဖြစ်သည်။ပြစ်ဒဏ်မည်မျှ ချမှတ်ခံရမည်ဆိုခြင်းမှာ သင်ကျူးလွန်သော အပြစ်၏ ပြင်းထန်မှုအပေါ်တွင် မူတည်သည်။
((ဥပဒေပြဋ္ဌာန်းလာရစေသည့်အကြောင်းရင်း))
ဖလော်ရီဒါတွင် ၂၀၂၄ တစ်နှစ်တာအတွင်းတွင်ပင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၃၁၀၀ ဦးရှိခဲ့သည်။
အမြဲစည်းကမ်းချိုးဖောက်ကာ သတ်မှတ်မြန်နှုန်းထက် ကျော်လွန်မောင်းနှင်လေ့ရှိသူတစ်ဦးကြောင့် Anthony Reznick အမည်ရှိ ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ရမှုမှာ ယခုဥပဒေဖြစ်ပေါ်လာရခြင်း၏ လတ်တလော အကြောင်းရင်း ဖြစ်သည်။
ထိုဖြစ်ရပ်တွင် ယာဉ်တိုက်မှုကျူးလွန်သူမှာ ပြစ်ဒဏ်ကျခံရခြင်းမရှိခဲ့သောကြောင့် လူမှုကွန်ရက်အပြင် သတင်းမီဒီယာတို့တွင်ပါ ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်လာကြသည်။ထို့ကြောင့် ထိုအဖြစ်မျိုး ထပ်မံမဖြစ်ပွားစေရန် ယခုဥပဒေကို ပြဋ္ဌာန်းလာရခြင်းလည်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: No warning, no fine—this new law in the US can land you straight in jail for a traffic violation (unionrayo)