Chery က ကီလို ၂၀၀၀ range ရှိသော Fulwin A9L ကို ဇွန် ၂၅ တွင် presale စတင်ရောင်းချမည်

  • 623 views

e3bv8up4g5-large-1-2-800x446.jpg

Chery သည် ၎င်း၏ flagship PHEV ဆီဒင်ဖြစ်သော Fulwin A9L ကို ဇွန်လ ၂၅ ရက်တွင် presale စတင်ရောင်းချမည်ဖြစ်ပြီး တရုတ်ပြည်တွင် ဇူလိုင်လ အစောပိုင်း၌ တရားဝင် စတင်ဖြန့်ချိရန် စီစဉ်ထားသည်။

ထိုမော်ဒယ်ကို ယခင်က Fulwin A9 ဟု အမည်ပေးထားခဲ့ပြီး နောက်ပိုင်းတွင် အနည်းငယ် အမည်ပြောင်းလိုက်ခြင်းဖြစ်သည်။အတန်းအစားမှာ midsize-to-large ဆီဒင်ဖြစ်ကာ Rival များအနေဖြင့် BYD Han DM-i နှင့် Geely Galaxy Starshine 8 PHEV တို့ ရှိသည်။Fulwin A9L သည် fastback ဒီဇိုင်းဖြစ်ပြီး ရှေ့မျက်နှာစာတွင် အလုံပိတ် grille နှင့် LED မီးတန်းရှိသည်။

A9L တွင် Chery ၏ Kunpeng Super Hybrid Electric 6.0 system ကို အသုံးပြုထားပြီး ဂီယာမှာ DHT Pro ဖြစ်သည်။

1.5T အင်ဂျင်သုံးထားပြီး ဆွဲအား 160 kW နှင့် ရုန်းအား 310 Nm ရှိကာ 33.7 kWh လီသီယမ်အိုင်းယွန်း ဖော့စ်ဖိတ် ဘက်ထရီဖြစ်သော Kunpeng Blade Battery နှင့် ပေါင်းစပ်ထားသည်။မောင်းနှင်နိုင်မှု Range အနေဖြင့် လျှပ်စစ်သီးသန့်ဖြင့် ကီလို ၂၆၀ မောင်းနိုင်ပြီး combined range မှာ ကီလို ၂၀၀၀ ခန့်အထိ မောင်းနိုင်သည်။

6rid65bqx7-large-1-1-800x472.jpg

(ဘက်ထရီ အားအပြည့်၊ ဆီအပြည့်ဖြင့်)

တံခါးဘောင်များနှင့် ဒက်ရှ်ဘုတ်တို့တွင် သားရေတုများ၊ ခရိုမီယံဖြင့် မွမ်းမံထားမှုများ၊ ဒက်ရှ်ဘုတ်နှင့် center console ရှိ ခလုတ်တို့တွင် အကွက်ဖော်မျက်နှာပြင်ထားရှိပေးခြင်းများ အစရှိသည့် premium အသွင် ပြင်ဆင်ပေးထားမှုများ ရှိသည်။

Wheelbase ရှည်လျားသောကြောင့် နောက်ခန်းတွင် လိုက်ပါမည့်သူများအတွက် ခြေချရန်နေရာ ကျယ်ကျယ်ဝန်းဝန်းရှိသည်။

affe9ea6f86a4f348b0454fcd2254dfd-large-800x486.jpg

((၁။ ရောင်းချမှု))

■ Presale စတင်ရောင်းချမှု= ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက် (တရုတ်ပြည်)
■ တရားဝင် စတင်ဖြန့်ချိမည့်ကာလ= ၂၀၂၅ ဇူလိုင်လဆန်း
ရပ်တည်မှု= Flagship PHEV ဆီဒင်၊ midsize-to-large ကဏ္ဍကို ပစ်မှတ်ထားသည်။

u38565525344142671505fm253fmtautoapp120fjpeg-large-800x533.jpg

((၂။ ဒီဇိုင်းနှင့် Dimension))

■ အပြင်ပိုင်း
= အလုံပိတ် grille ၊ LED light bar (ရှေ့၊ နောက်) ၊ ငွေရောင်ဘန်ပါ
■ အရွယ်အစား
= 5,018/1,965/1,500 mm
= wheelbase 3,000 mm + 20-လက်မဘီး

cb8065380cd79123049c71a68d47be8db3b78063-large-800x519.jpg

((၃။ Powertrain နှင့် Range))

■ Hybrid စနစ်= Kunpeng Super Hybrid Electric 6.0 + DHT Pro ဂီယာဘောက်
■ အင်ဂျင်=1.5T (ဆွဲအား 160 kW / ရုန်းအား 310 Nm)
■ ဘက်ထရီ= 33.7 kWh LFP "Kunpeng Blade" (Chery ၏ နည်းပညာ)
■ Range
=260 km လျှပ်စစ်သီးသန့်ဖြင့် (EV mode)
= ကီလို ၂၀၀၀ combined (PHEV mode, fuel + charge)

1546d6846b-large-800x450.jpg

((၄။ အတွင်းပိုင်းနှင့် နည်းပညာ))

■ အရောင်ရွေးစရာ= အနက် -အနီ (သို့မဟုတ်) အညို -အဖြူ ၂ ရောင်စပ်
■ နောက်ခုံ သက်သောင့်သက်သာဖြစ်စေမှု= Long wheelbase + dual sunroof, extended seat cushions
■ Infotainment စနစ်= Snapdragon 8255 chip

p0eju70297-large-800x533.jpg

((၅။ အလိုအလျောက် မောင်းနှင်မှုစနစ်))

■ အသုံးပြုထားသော Hardware များ
= sensor 27 ခု (LiDAR, mmWave ရေဒါများ၊ ကင်မရာများ၊ ultrasonics)
=Orin Y 200T computing platform

((၆။ ဈေးကွက်နှင့် ဈေးနှုန်း))

■ ပစ်မှတ်ထားသော Audience= နည်းပညာ အဆင့်မြင့်မှု လိုလားသော အမျိုးသားလူငယ်များ
■ ဈေးတန်း= ယွမ် ၁၅၀,၀၀၀ မှ ၂၀၀,၀၀၀ ကြား (ကန်ဒေါ်လာ ၂၀,၇၀၀ မှ ၂၇,၆၀၀ ကြား)

u22629653265827882fm30app106fjpeg-large-800x534.jpg

((၇။ Chery ၏ ကမ္ဘာ့အဆင့် သမိုင်းမှတ်တိုင်))

■ Chery ၏ ဥက္ကဋ္ဌ Yin Tongyue က Chery သည် မကြာမီတွင် ကားအစင်းရေ ၅ သန်း တင်ပို့နိုင်သည့် ပထမဆုံး တရုတ်ပြည်မှ ကားထုတ်လုပ်သူဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Chery Fulwin A9L prepares for global launch with 2,000 km range; China presales start June 25 (carnewschina)