- ပင်မစာမျက်နှာ
- ကားသတင်းများ
- တိုယိုတာက RAV4, Highlander နှင့် Sienna တို့ကို တရုတ်ပြည်တွင် ပြောင်းရွှေ့ထုတ်လုပ်တော့မည်
တိုယိုတာက RAV4, Highlander နှင့် Sienna တို့ကို တရုတ်ပြည်တွင် ပြောင်းရွှေ့ထုတ်လုပ်တော့မည်
- 544 views
တိုယိုတာသည် next-generation ကားများကို Xiaomi, Huawei, Momenta တို့နှင့် မိတ်ဘက်လက်တွဲကာ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
တိုယိုတာသည် တရုတ်ပြည်တွင် မိတ်ဖက်လက်တွဲမှုကို FAW ၏ Hongqi brand အပြင် GAC နှင့် BYD တို့အထိ တိုးချဲ့လာသည်။သို့အတွက် ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်ဖြစ်သော တရုတ်ပြည်တွင် Toyota က တရုတ်ပြည်တွင်း ထုတ်လုပ်မှုများ ပိုမိုကြီးမားစွာ ပြုလုပ်လာတော့မည် ဖြစ်သည်။
သတင်းတစ်ရပ်အရ တိုယိုတာက ဖက်စပ်ထုတ်လုပ်မှုများမှာ BZ စီးရီး လျှပ်စစ်ကားများအပြင် နယ်ပယ်ချဲ့ထွင်လာခဲ့ပြီ ဖြစ်သည်။RAV4, Highlander နှင့် Sienna တို့ကဲ့သို့ တိုယိုတာ၏ legacy model များကိုလည်း တရုတ်ပြည်တွင် ထုတ်လုပ်တော့မည် ဖြစ်သည်။ထိုသို့ထုတ်လုပ်ရာတွင် အရေးပါသော နည်းပညာများကို တရုတ်ပြည်မှ မိတ်ဖက်များက ပံ့ပိုးပေးမည်ဟု ဆိုသည်။
တိုယိုတာ၏ မဟာဗျူဟာမှာ အနည်းဆုံး ၂၀၂၇ ခုနှစ်အထိ ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းရေးဖြစ်ပြီး ထိုမဟာဗျူဟာအတွက် ယခုကဲ့သို့ တရုတ်ပြည်မှ ထိပ်သီးကုမ္ပဏီများနှင့် မိတ်ဖက်လက်တွဲ ထုတ်လုပ်ရန် စီစဉ်လာခြင်းလည်း ဖြစ်သည်။
ယခုမဟာဗျူဟာကို အကောင်အထည်ဖော်ခဲ့ပြီးနောက်ပိုင်း တရုတ်ပြည်တွင် ထုတ်လုပ်ခဲ့သော ကားမော်ဒယ် အများအပြားရှိလာရာ FAW Toyota bZ5, GAC Toyota bZ3X နှင့် မကြာမီ ထွက်ရှိလာမည့် bZ7 တို့ အပါအဝင် ဖြစ်သည်။
BYD က bZ5 အတွက် လျှပ်စစ်ကား ပစ္စည်းအစိတ်အပိုင်းများ ထောက်ပံ့ပေးသည်။
bZ3X နှင့် bZ7 တို့ ထုတ်လုပ်မှုတွင်မူ GAC မှာ အခရာ ဖြစ်သည်။
ထို့အပြင် တိုယိုတာသည် FAW Toyota မော်ဒယ်သစ်ကို Hongqi က ထုတ်လုပ်သော NEV platform ဖြင့် ထုတ်လုပ်ထားသေးသည်။
Toyota သည် “One R&D” မဟာဗျူဟာဖြင့် FAW Toyota, GAC Toyota, BYD Toyota တို့အပြင် ၎င်း၏ ကိုယ်ပိုင် IEM (Intelligent Electric Vehicle R&D Centre) တို့တွင် သုတေသနနှင့် ဖွံ့ဖြိုးမှု စီမံကိန်းများ လုပ်ဆောင်နေသည်။
တိုယိုတာ၏ တရုတ်ပြည်နှင့် စပ်လျဉ်းသော မဟာဗျူဟာအရွေ့ကို အနှစ်ချုပ်လေ့လာကြည့်မည်ဆိုပါက….
((၁။ မဟာဗျူဟာမြောက် ပူးပေါင်းမှုနှင့် တရုတ်ပြည်တွင်းတွင် ထုတ်လုပ်ခြင်း))
■ မိတ်ဘက်သစ်များ= တိုယိုတာသည် ကားများတွင် smart နည်းပညာများ ပေါင်းစပ်ရေးအတွက် တရုတ်ပြည်မှ နည်းပညာထိပ်သီးများ (Xiaomi, Huawei, Momenta) နှင့် မိတ်ဖက် လက်တွဲခဲ့သည်။
▬ Xiaomi = AIoT (အင်တာနက်အသုံးပြုသော device များကို AI နည်းပညာပေါင်းစပ်ပေးကာ အလိုအလျောက် ဆုံးဖြတ်ချက်ချမှုများ လုပ်ဆောင်နိုင်စွမ်းရှိစေခြင်း)
▬ Huawei= HarmonyOS 5.0 + AI voice assistant
▬ Momenta= Next-gen အလိုအလျောက် မောင်းနှင်စနစ်
■ ဖက်စပ်လုပ်ငန်းများ ချဲ့ထွင်ခြင်း=ယခင်က EV များတွင်သာ ဖက်စပ်လုပ်ကိုင်ခြင်းများ ရှိနေရာမှ FAW (Hongqi brand), GAC နှင့် BYD တို့နှင့် ပူးပေါင်းဆောင်ရွက်လာခြင်း
((၂။ ထုတ်လုပ်မှု အရွေ့))
■ တိုယိုတာ၏ Legacy Model များကို တရုတ်ပြည်တွင်းတွင် ထုတ်လုပ်ရန်= Core ICE/hybrid မော်ဒယ်များဖြစ်သော RAV4, Highlander, Sienna တို့ကို တရုတ်ပြည်မှ နည်းပညာနှင့် platform များအသုံးပြုကာ တရုတ်ပြည်တွင် ပြန်လည်ထုတ်လုပ်မည် ဖြစ်သည်။
■ EV ထုတ်လုပ်မှု ချဲ့ထွင်ခြင်း= တိုယိုတာသည် ယခင်က တရုတ်ပြည်တွင် bZ series (ဥပမာ-BYD ၏ ပစ္စည်းအစိတ်အပိုင်းများဖြင့် ထုတ်လုပ်ထားသော bZ3X, bZ5 တို့အပြင် မကြာမီ ထွက်ရှိလာမည့် bZ7) တို့ကိုသာ ထုတ်လုပ်ခဲ့သော်လည်း ယခုအခါ Hongqi ၏ NEV platform ဖြင့် FAW Toyota ကို ထုတ်လုပ်လာသည်။
■ PHEV/REEV ဗားရှင်းများ= GAC Toyota သည် plug-in hybrid (PHEV) နှင့် Highlander/Sienna တို့၏ range-extended variant များ ထုတ်လုပ်မည် ဖြစ်သည်။
((၃။ သုတေသနနှင့် ဖွံ့ဖြိုးရေးဖွဲ့စည်းပုံအသစ်))
■ RCE Framework (Regional Chief Engineer) = ဗဟိုချုပ်ကိုင်မှုမရှိသော ဆုံးဖြတ်ချက် ချနိုင်မှုစနစ်ကြောင့် တရုတ်ပြည်မှ ထုတ်လုပ်ရေးအဖွဲ့များအနေဖြင့် တရုတ်ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်မှုများကို ဦးဆောင်မှု ပေးနိုင်မည်ဖြစ်သည်။ (၂၀၂၅ ခုနှစ်၊ ဧပြီလတွင် စတင်အကောင်အထည်ဖော်)
■ One R&D မဟာဗျူဟာ= FAW Toyota, GAC Toyota, BYD Toyota နှင့် Toyota ၏ ကိုယ်ပိုင် IEM (Intelligent EV Center) တို့၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနများကို ပေါင်းစည်းထားသည်။
((၄။ တိုယိုတာအတွက် ရရှိလာမည့် အကျိုးကျေးဇူးများ))
■ ထုတ်လုပ်မှု ပိုမိုမြန်ဆန်လာခြင်း= တရုတ်ပြည်တွင်း မိတ်ဖက်များဖြင့် ထုတ်လုပ်ခြင်းကြောင့် ထုတ်လုပ်နိုင်မှုအချိန် တိုတောင်းသွားသည်။ (ဥပမာ-bZ5/bZ3X တို့ကို ပုံမှန်ထက် ၃ နှစ် ဆောလျင်စွာ ထုတ်လုပ်နိုင်ခဲ့)
■ ကုန်ကျစရိတ် သက်သာခြင်း= မိတ်ဖက်တို့၏ အရှိန်ရပြီးသား Platform များ၊ ဒီဇိုင်းများနှင့် နည်းပညာများ (ဥပမာ-BYD ၏ EV ပစ္စည်းအစိတ်အပိုင်းများ၊ Huawei ၏ OS) တို့ကို အသင့်အသုံးပြုနိုင်
■ ဈေးကွက်နှင့် ကိုက်ညီသော ထုတ်ကုန်ရခြင်း= မော်တော်ယာဉ်များကို တရုတ်ပြည်မှ customer တို့အကြိုက် ထုတ်လုပ်နိုင်ခြင်း (smart feature များ၊ PHEV များနှင့် AI နည်းပညာ ထည့်သွင်းမှု)
((၅။ ပိုမိုကြီးမားသည့် အခြားသက်ရောက်မှုများ))
■ ယှဉ်ပြိုင်နိုင်စွမ်း=တိုယိုတာ၏ legacy model များကို တရုတ်နည်းပညာများဖြင့် ပေါင်းစပ်ပေးခြင်းအားဖြင့် ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်ဖြစ်သော တရုတ်ပြည်တွင် တရုတ်ပြည်သူတို့အကြိုက်ကို ထင်ဟပ်ပေးမည့် ထုတ်ကုန်များ ရရှိလာစေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: New chapter for RAV4, Highlander, and Sienna: Toyota shifts development to China (carnewschina)