- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်မှ ပြည်ပသို့ EV တင်ပို့မှု ၂၀၂၅ ခုနှစ် ပထမ ၅ လတာအတွင်း ၁၉ ရာခိုင်နှုန်း မြင့်တက်လာပြီး Chery, MG နှင့် Geely တို့က ဦးဆောင်နေ
တရုတ်ပြည်မှ ပြည်ပသို့ EV တင်ပို့မှု ၂၀၂၅ ခုနှစ် ပထမ ၅ လတာအတွင်း ၁၉ ရာခိုင်နှုန်း မြင့်တက်လာပြီး Chery, MG နှင့် Geely တို့က ဦးဆောင်နေ
- 568 views
တရုတ်ပြည်မှ ယခုနှစ် ပထမ ၅ လတာ ကာလအတွင်း ပြည်ပသို့ လျှပ်စစ်ကား (EV) တင်ပို့မှုမှာ ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ၁၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တရုတ်အစိုးရ အထွေထွေအကောက်ခွန်ဦးစီးဌာန (GAC) က ဇွန်လ ၉ ရက်တွင် ထုတ်ပြန်သည်။
ကားများ၊ ဆက်စပ်အစိတ်အပိုင်းများ၊ စက်ပစ္စည်းများ တင်ပို့မှုမှာ ယွမ် ၆ ဒသမ ၂၂ ထရီလီယံ (ကန်ဒေါ်လာ ၈၅၈ ဘီလီယံ) ဖိုးခန့်ရှိပြီး ပြီးခဲ့သောနှစ်ထက် ၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာသည်။ထိုပမာဏမှာ တရုတ်ပြည်၏ စုစုပေါင်း ပြည်ပပို့ကုန်ပမာဏ၏ ၅၈ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။
ပြည်ပပို့ကုန်ကဏ္ဍတွင် လျှပ်စစ်ကားများက ထိပ်ဆုံးမှ ဦးဆောင်နေပြီး ယင်းနောက်တွင် ဆောက်လုပ်ရေးသုံး စက်ယန္တရား (၁၀ ဒသမ ၇ ရာခိုင်နှုန်း)၊ သင်္ဘောများ (၁၈ ဒသမ ၉ ရာခိုင်နှုန်း) နှင့် စက်မှုလုပ်ငန်းသုံး စက်ရုပ်များ (၅၅ ဒသမ ၄ ရာခိုင်နှုန်း) အသီးသီးရှိသည်။
မော်တော်ကားတင်ပို့မှုတွင် Chery က ထိပ်ဆုံးမှ ဦးဆောင်နေပြီး ယခုနှစ် ပထမ ၅ လတာ ကာလအတွင်း အစင်းရေ ၂၅၀၈၀၀ တင်ပို့ခဲ့သည်။
MG (SAIC က ပိုင်ဆိုင်သည်) မှာ အစင်းရေ ၁၆၈၇၀၀ ဖြင့် ဒုတိယနေရာတွင် ရှိသည်။
ယင်းနောက်တွင် Geely က တတိယနေရာတွင် အစင်းရေ ၁၆၀၉၀၀ ဖြင့် ရပ်တည်နေသည်။
Geely က ပြည်ပသို့ တင်ပို့ခဲ့သော ကားများအနက် အစင်းရေ ၇၀၆၀၀ မှာ ဥရောပဈေးကွက်များသို့ ဖြစ်သည်။
စတုတ္ထနေရာတွင် BYD က အစင်းရေ ၁၅၉၃၀၀ ဖြင့် ရှိနေပြီး ယင်းအနက် ၆၁ ဒသ၉မ ၀၅ ရာခိုင်နှုန်းမှာ လျှပ်စစ်ကားများ ဖြစ်ကာ ကျန်ပမာဏမှာ PHEV များဖြစ်ရာ လျှပ်စစ်ကားများမှာ ပြည်တွင်းဈေးကွက်အောက် ပြည်ပဈေးကွက်ဝယ်လိုအား နည်းပါးသည်ကို တွေ့နိုင်သည်။
ပဉ္စမနေရာတွင် အစင်းရေ ၉၀၇၀၀ ဖြင့် Haval ရှိနေပြီး ဆဋ္ဌမနေရာတွင် Changan က အစင်းရေ ၈၂၁၀၀ ဖြင့် အသီးသီးရှိနေသည်။
ထိပ်တန်း ၁၀ နေရာတွင် ပါဝင်သော အခြား brand များအနေဖြင့် Roewe (၄၈၇၀၀ စင်း)၊ Jetour (၄၁၅၀၀ စင်း)၊ GAC ၏Trumpchi (၃၀၈၀၀ စင်း) နှင့် JAC (၂၇၂၀၀ စင်း) တို့ ဖြစ်ကြသည်။ခြုံငုံ၍ ကြည့်လျှင် အဆိုပါ ထိပ်သီး ကား brand ၁၀ ခုတွင် ၄ ခုမှာ အစင်းရေ ၁၅၀,၀၀၀ အထက် ၊ ၂ ခုမှာ ၅၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားနှင့် ကျန် brand ၄ ခုမှာ အစင်းရေ ၅၀,၀၀၀ အောက် တင်ပို့ခဲ့ကြခြင်း ဖြစ်သည်။
ယခုနှစ် ဇန်နဝါရီမှ မေလအထိ တရုတ်ပြည်၏ ကုန်သွယ်မှုပမာဏ (သွင်းကုန်၊ ပို့ကုန်) မှာ ယွမ် ၁၇ ဒသမ ၉၄ ထရီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၄၇ ထရီလီယံ) ဖိုးရှိပြီး နှစ်အလိုက် နှိုင်းယှဉ်လျှင် ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: China’s EV exports grow 19% in the first five months of 2025, led by Chery, MG, and Geely (carnewschina)