- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD က Xia minivan ကို ပြည်ပဈေးကွက်တွင် M9 ဟူသော အမည်ဖြင့် ဖြန့်ချိမည်ဖြစ်ပြီး ပထမဆုံးအသုတ်မှာ သင်္ဘောတင်ပို့ရန် အသင့်ဖြစ်နေ
BYD က Xia minivan ကို ပြည်ပဈေးကွက်တွင် M9 ဟူသော အမည်ဖြင့် ဖြန့်ချိမည်ဖြစ်ပြီး ပထမဆုံးအသုတ်မှာ သင်္ဘောတင်ပို့ရန် အသင့်ဖြစ်နေ
- 620 views
BYD က Xia plug-in hybrid minivan ကို ပြည်ပဈေးကွက်များတွင် “BYD M9” ဟူသော အမည်ဖြင့် ရောင်းချမည် ဖြစ်သည်။
M9 ပထမအသုတ်မှာ သင်္ဘောတင်ပို့ရန် အသင့်ဖြစ်နေပြီဖြစ်ပြီး ပထမဆုံးဈေးကွက်မှာ မက္ကဆီကို ဖြစ်ဖွယ်ရှိသည်။
BYD Xia minivan ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လက ကျင်းပခဲ့သော Chengdu ကားပြပွဲတွင် ပထမဆုံး ချပြခဲ့သည်။
Xia ဟူသောအမည်မှာ တရုတ်ပြည်၏ ပထမဆုံးမင်းဆက်အမည်ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် BYD Xia သည် တရုတ်ပြည်တွင်း ဈေးကွက်သို့ တရားဝင်ရောက်ရှိလာခဲ့ပြီး ဈေးတန်းမှာ ယွမ် ၂၄၉၈၀၀ မှ ၃၀၉၈၀၀ ကြား (ကန်ဒေါ်လာ ၃၄၇၅၀ မှ ၄၃၁၀၀ ကြား) ဖြစ်သည်။
မက္ကဆီကိုမှ ဘလော့ဂါတစ်ဦးဖြစ်သူ Daniel Chavarría တင်ခဲ့သော ဗွီဒီယိုဖိုင်တွင် လိုင်စင် နံပါတ်ပြားနေရာ၌ “BYD M9” ဟူသော စာတန်းကို တွေ့ရသည်။
(BYD M9 ကို တွေ့ရပုံ။ ဓာတ်ပုံ-screenshots from Daniel Chavarría’s video)
(BYD M9 ကို တွေ့ရပုံ။ ဓာတ်ပုံ-screenshots from Daniel Chavarría’s video)
BYD M9 သည် M-series ၏ flagship model အဖြစ် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်သည်။
(BYD M9 ပထမအသုတ်မှာ ပြည်ပသို့ တင်ပို့တော့မည် ဖြစ်သည်။)
The first batch of the BYD M9 ပထမသုတ်ကို ရှန်ဟိုင်းမြို့တွင် သင်္ဘောတင်ပို့ ထွက်ခွာရန် စီစဉ်နေသည့် အနေအထားများ တွေ့မြင်နေရသည်။
ကားတင်သင်္ဘောကြီး ၂ စင်းခန့်တွင် အရောင်အသွေးစုံ minivan များ တင်ထားသည်ကို တွေ့ရသည်။
ယခုအသုတ်မှာ ရောင်းချရန် မဟုတ်သေးဘဲ အရောင်းပြခန်းများတွင် display အနေဖြင့် ထားရှိမည့်ကားများ ဖြစ်ဖွယ်ရှိသည်။
BYD က M9 ကို ယခုနှစ် တတိယ ၃ လပတ်တွင် စတင်ရောင်းချရန် စီစဉ်ထားသည်။
((BYD M9 (Xia) ၏ အချက်အလက်များ))
((Dimension နှင့် အပြင်ပိုင်း))
● 5,145/1,970/1,805 mm (L/H/W)
● Wheelbase- 3,045 mm
● ကိုယ်ထည်ဒီဇိုင်း- Large MPV (7-seater)
● ဒီဇိုင်း Feature များ
=နဂါးရုပ်စတိုင် ကြီးမားသော ခရိုမီယံ grille
= မီးလင်း BYD လိုဂိုပါသော LED taillights
= နောက်တံခါးများမှာ ဆလိုက်တံခါးများဖြစ်သောကြောင့် ဝင်ထွက်ရ လွယ်ကူ
(( Powertrain နှင့် Performance ))
● အင်ဂျင်= 1.5L turbocharged ဓာတ်ဆီ (154 HP)
● လျှပ်စစ်မော်တာ= 268 HP)
● ဘက်ထရီ ရွေးချယ်စရာ-
=20.4 kWh (CLTC range: ~100 km)
=36.6 kWh (CLTC range: ~180 km)
(( အတွင်းပိုင်းနှင့် Feature များ))
● ထိုင်ခုံ အခင်းအကျင်း= 2+2+3
● Infotainment
= ၁၅ ဒသမ ၆ လက်မ rotating central touchscreen
= ၁၂ ဒသမ ၃ လက်မ digital instrument cluster
= ၁၂ ဒသမ ၃ လက်မ front passenger entertainment screen
(( Luxury Amenity များ))
=နောက်ခုံ ခေါက်စားပွဲများ
= အပူအအေး storage box
= နောက်ခန်းတွင် Ceiling-mounted entertainment screen
(( ဈေးနှုန်း- တရုတ်ပြည်ဈေးကွက်))
● BYD Xia (M9) = ယွမ် ၂၄၉၈၀၀ မှ ၃၀၉၈၀၀ ကြား ( ကန်ဒေါ်လာ ၃၄၇၅၀ မှ ၄၃၁၀၀ ကြား)
● ပြိုင်ဖက်= Denza D9 (BYD ၏ premium MPV ၊ ယွမ် ၃၃၉၈၀၀ မှ ၄၆၉၈၀၀ ကြား)
(( ကမ္ဘာ့ဈေးကွက် -BYD M9))
● ပထမဆုံး ဈေးကွက် မက္ကဆီကို (၂၀၂၅ ခုနှစ်၊ တတိယ ၃ လပတ်တွင် စတင်ရောင်းချဖွယ်ရှိ)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD Xia minivan will go overseas under M9 name – the first batch is ready for shipment (carnewschina)