ဝီလ်စမစ်၏ ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းတန် ကားအိမ်

  • 442 views

capi_98ec17dcd22237937372b4343bdf2b88_0550789f4ec8b2663f9a1592df8ebedd.jpg

ဟောလိဝုဒ်ကြယ်ပွင့် ဝီလ်စမစ်သည် ကန်ဒေါ်လာ သန်း ၅၄၀ ခန့် ချမ်းသာကြောင်း ခန့်မှန်းရပြီး ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းတန်ကြေးရှိ ၂ ထပ်ကားအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

 

capi_98ec17dcd22237937372b4343bdf2b88_add894cc6b83168dc419c3e39c296d11.jpeg

(ဝီလ်စမစ်၏ ကားအိမ်အတွင် အထပ် ၂ ထပ်ပါဝင်သည်။ ဓာတ်ပုံ-YouTube/Ridiculous Rides)

ဝီလ်စမစ်သည် အဆိုပါ နှစ်ထပ် ကားအိမ်ကို Anderson Mobile Estates ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ကားအိမ်ကို ဒီဇိုင်းရေးဆွဲပေးခဲ့သူ Ron Anderson က ပြောသည်မှာ “ဒီကားဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး၊ အမြင့်မားဆုံး၊ အကျယ်ဝန်းဆုံးနဲ့ luxury အဖြစ်ဆုံး ကားအိမ်ဖြစ်ပါတယ်” ဟု ဆိုသည်။

“ဝီလ်စမစ်က ကျွန်တော့်ကို ဆက်သွယ်လာပြီး…ဘယ်သူနဲ့မှ မတူတဲ့ ထူးခြားတာတစ်ခု လိုချင်တယ် လို့ပြောတော့…ကျွန်တော်က…ရတာပေါ့…လို့ ပြန်ပြောခဲ့ပါတယ်”
The Heat ဟု အမည်ပေးထားသော ၂၂ ဘီးကားကြီးတွင် ကိုယ်ပိုင်ရုပ်ရှင်ရုံပါဝင်ကာ ၁၀၀ လက်မ ရုပ်သံစက်ကြီးလည်း ရှိသည်။

 

capi_98ec17dcd22237937372b4343bdf2b88_0078ba09567c1202230ba09c2132747e.jpeg
(ဧည့်ခန်းနေရာ။ ဓာတ်ပုံ-YouTube/Ridiculous Rides)

capi_98ec17dcd22237937372b4343bdf2b88_888f8aa47db2a5acb97a53fe6b4b06d5.jpeg

(အိပ်ခန်းနေရာကို ရုံးခန်းအဖြစ်လည်း ပြောင်းလဲအသုံးပြုနိုင်သည်။ ဓာတ်ပုံ- YouTube/Ridiculous Rides)


((ကားအိမ်၏ အချက်အလက်များ))

● ဈေးနှုန်း= ကန်ဒေါ်လာ ၂ ဒသမ ၅ သန်း
● အရွယ်အစား= ၂ ထပ်၊ ကြမ်းခင်းဧရိယာ ၁၁၁ ဒသမ ၅ စတုရန်းမီတာ၊ ၂၂ ဘီး
● ဖျော်ဖြေရေး= လူ ၃၀ ဦးဆန့် ရုပ်ရှင်ရုံ၊ ၁၀၀ လက်မ ရုပ်မြင်သံကြားစက်၊ ရုပ်မြင်သံကြားစက် ၁၄ လုံး
● မီးဖိုဆောင်= ဒေါ်လာ ၃၀၀၀၀၀ သုံးစွဲကာ စိတ်ကြိုက်ပြင်ဆင်ထားသည်။
● ရေချိုးခန်း= ဒေါ်လာ ၃၈၀၀၀ သုံးစွဲ ဆောက်လုပ်ထားပြီး smart glass door, sauna shower နှင့် သီးခြား အိမ်သာတို့ ပါဝင်သည်။
● ပရိဘောဂများ= ဒေါ်လာ ၄၆၂၀၀၀ သုံးစွဲထားပြီး သားရေထည်ပစ္စည်းများ ပါဝင်သည်။
● နည်းပညာပိုင်း= ဒေါ်လာ ၁၉၂၅၀၀ သုံးစွဲကာ အဆင့်မြင့်နည်းပညာများ ထည့်သွင်းထားသည်။
● အခြား Amenities များ= ရုံးခန်းနေရာ၊ အပေါ်ထပ်တွင် အမိုးနေရာ ချဲ့ထွင်နိုင်စွမ်းရှိ၊ Professional အဆင့် မိတ်ကပ်အလှပြင်ခန်း 

capi_98ec17dcd22237937372b4343bdf2b88_4e6f1119ffafc914340ebe117a3d7de3.jpeg

(မီးဖိုဆောင်နေရာ။ ဓာတ်ပုံ-YouTube/Ridiculous Rides)

capi_98ec17dcd22237937372b4343bdf2b88_75af42c4536f0db55c8fdcf73c9368a4.jpeg

(ဒုတိယထပ်သို့ တက်သည့်လှေကား။ ဓာတ်ပုံ-YouTube/Ridiculous Rides)

capi_98ec17dcd22237937372b4343bdf2b88_2fc724c22d37f1bc8166574e29c4beda.jpeg

(လူ ၃၀ ဦးဆန့် ရုပ်ရှင်ရုံတွင် ၁၀၀ လက်မ ရုပ်သံစက်ကြီးရှိသည်။ ဓာတ်ပုံ-YouTube/Ridiculous Rides)

capi_98ec17dcd22237937372b4343bdf2b88_1de70e31ec8f0c1294d84edc256c9df9.jpeg

(ဝီလ်စမစ်၏ ကြွယ်ဝမှုမှာ ဒေါ်လာ သန်း ၅၄၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။ ဓာတ်ပုံ-Instagram/willsmith)


ဝီလ်စမစ်သည် လက်ရှိအားဖြင့် ကယ်လီဖိုးနီးယားပြည်နယ်၊ Calabasas ရှိ ဒေါ်လာ ၆၆ သန်းတန် စံအိမ်တွင် နေထိုင်လျက်ရှိသည်။

 

capi_98ec17dcd22237937372b4343bdf2b88_b47ac973de4353588ae74c51e47b7ff9.jpeg
(Men in Black ဇာတ်ကားတွင် ဝီလ်စမစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဓာတ်ပုံ- Instagram/ afrocentricfilmscollaborative)

capi_98ec17dcd22237937372b4343bdf2b88_e96153f3e2c5f07970fc5ed6a4be4a29.jpeg

(ဝီလ်စမစ်သည် အော်စကာဆုပေးပွဲတွင် ဟိုးလေးတကြော်ဖြစ်ခဲ့ပြီးနောက်ပိုင်း ဂီတဘက်တွင် အာရုံစိုက်နေဟန် ရသည်။ ဓာတ်ပုံ- Instagram/willsmith)

capi_98ec17dcd22237937372b4343bdf2b88_71a827f86bba6067813dcf5940c878f2.jpeg

(ဝီလ်စမစ်၏ ဒေါ်လာ ၆၆ သန်းတန် စံအိမ်။ ဓာတ်ပုံ-Google Earth)

capi_98ec17dcd22237937372b4343bdf2b88_9ebf65844a97e99efcd08d7862abb40d_102510848eae.jpg

(ဝီလ်စမစ်၏ ကားအိမ်)

capi_98ec17dcd22237937372b4343bdf2b88_6a87fe35c50f03319814f138624c5d8e_10251095d517_1025109469da.jpeg

(ဒေါ်လာ ၂ ဒသမ ၅ သန်း တန်ကြေးရှိသည်။ ဓာတ်ပုံ-YouTube/Ridiculous Rides)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Inside Will Smith’s $3.8 million motorhome that’s better than most houses

Photo Credit- Instagram/ afrocentricfilmscollaborative, Instagram/willsmith, Google Earth, YouTube/Ridiculous Rides