- ပင်မစာမျက်နှာ
- ကားသတင်းများ
- အိန္ဒိယမှာ ဈေးအကြီးဆုံး ကားနံပါတ်ပြားကို ဘယ်သူပိုင်ထားတာလဲ
အိန္ဒိယမှာ ဈေးအကြီးဆုံး ကားနံပါတ်ပြားကို ဘယ်သူပိုင်ထားတာလဲ
- 621 views
အိန္ဒိယနိုင်ငံ၏ ဈေးအကြီးဆုံး ကားနံပါတ်ပြားကို ပိုင်ဆိုင်ထားသူမှာ မူကက်ရှ် အမ်ဘာနီမဟုတ်။ အဒါနီ မဟုတ်။ ဂေါသမ်း ဆင်ဂါနီယာမဟုတ်။ သို့ဆိုလျှင် မည်သူ ပိုင်ဆိုင်ထားသနည်း။
အိန္ဒိယ၏ ဈေးအကြီးဆုံး ကားနံပါတ်ပြားကို ဝယ်ယူထားသူမှာ ကီရာလာပြည်နယ်မှ နည်းပညာလုပ်ငန်းရှင် စီအီးအိုတစ်ဦးဖြစ်ပြီး သူ၏ Lamborghini Urus တွင် တပ်ဆင်အသုံးပြုရန် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Litmus7 ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ ဗီနူး ဂိုပါလာ ကရစ်ရှ်နန် (Venu Gopalakrishnan) Mercedes-Benz G63 AMG တစ်စင်းကိုလည်း ရူပီး ၄ ဒသမ ၂ ကုဋေဖြင့် ဝယ်ယူထားသည်။ဗီနူးက အဆိုပါကားပေါ်တွင် မိသားစုအတူလိုက်ပါစီးနင်းကြပုံ ဗွီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။
ဗွီဒီယိုဖိုင်ထဲတွင် ဗီနူးတို့ မိသားစုသည် Mercedes-Benz ရယူရမည့်နေရာသို့ Lamborghini Urus Performante ဖြင့် သွားရောက်ခဲ့ကြသည်ကို တွေ့ရသည်။အဆိုပါကားတွင် အသုံးပြုထားသည့် နံပါတ်မှာ အိန္ဒိယတွင် ဈေးအကြီးဆုံး ကားနံပါတ်ပြား ဖြစ်သည်။သတင်းများအရ ထိုကား၏ ကားနံပါတ် ‘KL 07 DG 0007’ ကို ဗီနူးက ရူပီး ၄၇ သိန်းဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ဗီနူးသည် ဂိတ်ပေါက်ဝတွင် စောင့်ဆိုင်းနေခဲ့ပြီး Mercedes-Benz G63 AMG တစ်စင်း ရောက်ရှိလာသည်။ ဗီနူးက စာရွက်စာတမ်းကိစ္စများ လုပ်ဆောင်ပြီးချိန်တွင် သူ၏ brand-new SUV ကို ဗွီဒီယိုရိုက်ကူး ပြသခဲ့သည်။ ဗီနူး၊ သူ၏ မိဘများ၊ ဇနီးနှင့် ကလေးတို့က ကား၏ cover ကို ဖယ်ရှားလိုက်ပြီးနောက် G-Wagen ကားသစ်ကို ကြည့်ရှုကြသည်။
((Mercedes-Benz G63 AMG))
ဗီနူး၏ Mercedes-Benz G63 AMG မှာ စစ်စိမ်းရောင် ဖြစ်သည်။အလွိုင်းမှာ တောက်ပြောင်သော အနက်ရောင်ဖြစ်ပြီး အတွင်းပိုင်းတွင်လည်း အနက်ရောင်လည်သာများ သုံးထားသည်။seat entertainment လည်း ထည့်သွင်းထားရာ passenger များအတွက် screen ၂ ခု ပါဝင်သည်။
4.0-liter twin-turbocharged V8 အင်ဂျင်သုံးထားပြီး ဆွဲအား 585 bhp နှင့် ရုန်းအား 850 Nm ရှိသည်။Transmission မှာ 9-speed DCT ဖြစ်သည်။
((ဗီနူး ပိုင်ဆိုင်ထားသော ကားများ))
((Rolls-Royce Ghost Series II Black Badge))
ဗီနူး၏ Rolls-Royce Ghost Series II Black Badge မှာ အိန္ဒိယ၏ ဈေးအကြီးဆုံးနှင့် အိန္ဒိယတွင် ပထမဆုံးလည်း ဖြစ်ပြီး ရူပီး ၁၈ ကုဋေ ပေးခဲ့ရသည်။
Black Diamond နှင့် Gunmetal Grey အရောင်များ ပေါင်းစပ်ထားသည်။
((Lamborghini Huracan Sterrato))
ဗီနူးတွင် Lamborghini Huracan Sterrato တစ်စင်းလည်း ရှိပြီး ကိုချင်မြို့တွင် ပထမဆုံး စီးနိုင်သူ ဖြစ်သည်။ ဤကားသည် Huracan များအနက် hardcore ပိုဖြစ်သော off-roader ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Meet man, who is owner of India’s most expensive number plate, not Mukesh Ambani, Adani, Gautam Singhania, he is CEO of….