- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်ပြည်၊ နက်ရှ်ဗီးလ်မြို့မှာ အမြန်နှုန်းကန့်သတ်ချက် မိုင် ၂၀ ၊ ၂၅ မိုင် မသတ်မှတ်ဘဲ ထူးထူးဆန်းဆန်း ၂၄ မိုင် သတ်မှတ်ထားရတဲ့ အကြောင်းရင်း
အမေရိကန်ပြည်၊ နက်ရှ်ဗီးလ်မြို့မှာ အမြန်နှုန်းကန့်သတ်ချက် မိုင် ၂၀ ၊ ၂၅ မိုင် မသတ်မှတ်ဘဲ ထူးထူးဆန်းဆန်း ၂၄ မိုင် သတ်မှတ်ထားရတဲ့ အကြောင်းရင်း
- 570 views
အမေရိကန်ပြည်တွင် အမြန်နှုန်း ကန့်သတ်ချက်များထားရှိရာ၌ ၅ (သို့မဟုတ်) ၁၀ ၏ မြှောက်လဒ်ကိန်းများသာ ထားရှိလေ့ရှိသည်။
ထိုသို့ ကျင့်သုံးသည်မှာ ကာလကြာမြင့်ခဲ့ပြီလည်း ဖြစ်သည်။အဓိကအကြောင်းရင်းမှာ ၅ (သို့မဟုတ်) ၁၀ ၏ မြှောက်လဒ်ကိန်းများကိုသာ ဖော်ပြပေးသည့် speedometer များသာ ကားများတွင် အသုံးပြုထားသောကြောင့် ဖြစ်သည်။
သို့သော် အမေရိကန်ပြည်၊ တင်နက်ဆီပြည်နယ်အပါအဝင် အချို့နေရာများတွင် ထူးဆန်းသော အမြန်နှုန်း ကန့်သတ်မှုများ ရှိနေသည်။တင်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးလ်မြို့သို့ ရောက်လျှင် Opry Mills Drive လမ်းမှ Opry Mills Mall သို့ ကားဖြင့် သွားကြည့်ပါ။
ထိုအခါ “အမြန်နှုန်းကန့်သတ်ချက်-တစ်နာရီ ၂၄ မိုင်” ဟုသော ထူးခြားသည့် ဆိုင်းဘုတ်တစ်ခုကို တွေ့ရမည် ဖြစ်သည်။လူနေ နေရာများတွင် အများဆုံးတွေ့ရသည့် အမြန်နှုန်းကန့်သတ်ချက်မှာ 25 mph ဖြစ်ပြီး စာသင်ကျောင်းများအနီးတွင်မူ 20 mph ဆိုင်းဘုတ်များကို တွေ့ရလေ့ရှိသည်။သို့သော် 24-mph ကန့်သတ်ချက်ကိုမူ မည်သည့်နေရာတွင်မှ တွေ့ဖူးကြမည် မဟုတ်ချေ။
နက်ရှ်ဗီးလ်မှ ဆိုင်းဘုတ်မှာ ကားပါကင်နေရာတစ်ခု၏ အစပ်တွင် ဖြစ်ဟန်ရသည်။
အဆိုပါ အမြန်နှုန်းကန့်သတ်ချက် ဆိုင်းဘုတ်မှာ အများပြည်သူပိုင် နေရာတစ်ခုဆိုခြင်းထက် ပုဂ္ဂလိကပိုင် အဆောက်အအုံတစ်ခုတွင် ဖြစ်နိုင်သည်။ပုဂ္ဂလိက အိမ်ခြံမြေပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ ခြံဝန်းအတွင်း အစိုးရ သယ်ယူပို့ဆောင်ရေးဌာနက ချမှတ်ထားသော မူဝါဒများကို လိုက်နာစရာ မလိုချေ။၎င်းတို့အနေဖြင့် မိမိသင့်လျော်သည်ဟု ယူဆသော အမြန်နှုန်း ကန့်သတ်ချက်များ ထားရှိနိုင်သည်။
သင်၏ ခြံဝန်းအတွင်း 24-mph ဖြစ်စေ ၊ 42-mph ဖြစ်စေ သင်ကြိုက်သလို သတ်မှတ်နိုင်သည်သာ ဖြစ်သည်။ထို့အပြင် ဖြတ်သန်းသွားလာခွင့်မပြုဟူသော ဆိုင်းဘုတ်မျိုးလည်း တပ်နိုင်သေးသလို၊ ခြံဝန်းထဲမှ လမ်းများကိုလည်း ကြိုက်သလို နာမည်ပေးနိုင်သည်။ သင့်အိမ်ခြံဝန်း၊ သင့်စည်းကမ်းပင်။
Opry Mills Drive လမ်းမှာ ပုဂ္ဂလိကပိုင် ခြံမြေတစ်ခု၏ ဝန်းအတွင်းမှ ဖြတ်သန်းသွားသောလမ်းတစ်ခု ဖြစ်ဟန်ရသည်။
(▲ 24 mph ဆိုင်းဘုတ်ရှိသော နေရာများကို Google Maps တွင် ပြသထားပုံ။ Google Maps)
((ရည်ရွယ်ချက်))
24-mph အမြန်နှုန်း ကန့်သတ်မှု၏ ရည်ရွယ်ချက်မှာ သင်၏ ဆိုင်းဘုတ်ကို သတိထားမိစေရန် ဖြစ်သည်။
ကားမောင်းလာရင်း လမ်းတွင် တွေ့ရမြဲဖြစ်သော 25-mph ဆိုင်းဘုတ်တစ်ခု တွေ့သည်ဆိုပါစို့။ သင်သည် ဆိုင်းဘုတ်တွေ့ပြီး တစ်စက္ကန့်အကြာတွင်ပင် ထိုဆိုင်းဘုတ်ကို သတိရတော့မည် မဟုတ်ချေ။သို့သော် 24-mph ဆိုင်းဘုတ်မှာမူ ထူးဆန်းနေသောကြောင့် သင့်အနေဖြင့် speedometer ကို ကြည့်ဖြစ်သွားနိုင်သည်။
(▲ 17 mph ဆိုင်းဘုတ်တစ်ခုကို တွေ့ရပုံ။ ဓာတ်ပုံ- The Drive)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Why This Road Has a 24-MPH Speed Limit. Not 20, Not 25, but 24
Photo Credit-The Drive