• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမေရိကန်ပြည်၊ ဝါရှင်တန်ပြည်နယ်တွင် မြန်နှုန်းတိုင်း ကင်မရာများ၊ ဒဏ်ငွေများ အသုံးပြုတော့မည်မဟုတ်ဘဲ ကားတိုင်းတွင် အမြန်နှုန်း ထိန်းချုပ်သည့် ကိရိယာများ တပ်ဆင်စေမည့် ဥပဒေပြဋ္ဌာန်းရန် စီစဉ်နေ

အမေရိကန်ပြည်၊ ဝါရှင်တန်ပြည်နယ်တွင် မြန်နှုန်းတိုင်း ကင်မရာများ၊ ဒဏ်ငွေများ အသုံးပြုတော့မည်မဟုတ်ဘဲ ကားတိုင်းတွင် အမြန်နှုန်း ထိန်းချုပ်သည့် ကိရိယာများ တပ်ဆင်စေမည့် ဥပဒေပြဋ္ဌာန်းရန် စီစဉ်နေ

  • 686 views

speed-limit-control-BEAM-750x422.jpg

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်တွင် မော်တော်ကားများ၌ မိမိမောင်းနှင်ရာ ဇုန်အလိုက် အမြန်နှုန်း ကန့်သတ်မည့် ကိရိယာ တပ်ဆင်စေရန် စီစဉ်လျက်ရှိသည်။ “မော်တော်ယာဉ် တာဝန်ခံမှုနှင့် ထိရောက်မှု ချိန်ညှိရေး ဥပဒေ” (Balancing Efficiency and Accountability in Mobility Act- BEAM Act) ဟု အမည်ပေးထားပြီး ၂၀၂၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဟု ဆိုသည်။ 

ဝါရှင်တန်ပြည်နယ်တွင် ၂၀၂၄ တစ်နှစ်တာအတွင်းတွင်ပင်လျှင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၇၃၁ဦး ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၈၀၉ ဦး သေဆုံးခဲ့သည်။၂၀၂၃ ခုနှစ်သည် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ကားအက်ဆီးဒင့်ကြောင့် သေဆုံးသူ အများဆုံးနှစ်လည်း ဖြစ်သည်။

 အန္တရာယ်များလာနေသော ကားအက်ဆီးဒင့်များကို အထူးအလေးထားကိုင်တွယ်သည့်အနေဖြင့် ယခုဥပဒေကို အကောင်အထည်ဖော်ရန် စီစဉ်လာခြင်းလည်း ဖြစ်ပြီး ယာဉ်တိုက်မှုများ လျှော့ချကာ လူ့အသက်များ ကယ်တင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

 ((BEAM Act အတည်ပြုမှုနှင့် ထောက်ခံမှု))

 နှစ်စဉ် လမ်းများပေါ်တွင် သေဆုံးရသူ ရာနှင့်ချီ၍ ရှိနေရာ လူ့အသက်များကို ကယ်တင်နိုင်ရန်နှင့် လူတိုင်း ဘေးကင်းနိုင်ရေး ရည်ရွယ်ကာ BEAM Act ကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေကို ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူး Bob Ferguson က လက်မှတ်ရေးထိုး အတည်ပြုခဲ့ပြီး မဆင်မခြင် မြန်နှုန်းမြင့် မောင်းနှင်မှုကြောင့် သေဆုံးခဲ့ရသူတို့၏ မိသားစုဝင်များက ထောက်ခံခဲ့ကြသည်။

((ဥပဒေမှာ ဘာတွေပါလဲ))

ကားများတွင် တပ်ဆင်ရမည့် ကိရိယာမှာ “intelligent speed assistance” ဟု ခေါ်ပြီး GPS ကို အသုံးပြုကာ မောင်းနှင်သွားမည့် နေရာများ၏ အမြန်နှုန်း ကန့်သတ်ချက်အတိုင်း ကားကို ထိန်းချုပ်ထားမည် ဖြစ်သည်။ အကယ်၍ အမြန်နှုန်း ကန့်သတ်ချက် 40 km/h သတ်မှတ်ထားသော လူနေရပ်ကွက်တစ်ခုတွင် မောင်းနေချိန်၌ 48 (သို့မဟုတ်) 55 km/h အထိ မောင်းချင်သည်ဆိုပါကလည်း ယခုစနစ်က သင့်အား အမြန်နှုန်း တင်ခွင့်ပေးမည် မဟုတ်ချေ။

အကယ်၍ လီဗာကို နင်းပါကလည်း အလုပ်ဖြစ်မည် မဟုတ်ချေ။သို့သော် ယခုကိရိယာကို ဖြုတ်ထားရန် (သို့မဟုတ်) စနစ်ကို ကျော်ခွရန် ကြိုးစားမည်ဆိုလျှင် ဒဏ်ငွေ ချမှတ်ခံရမည် ဖြစ်သည်။

 ((ဥပဒေပြဋ္ဌာန်းရခြင်းအကြောင်း))

အထက်တွင် ဆိုခဲ့ပြီးဖြစ်သည့်အတိုင်း ဝါရှင်တန်ပြည်နယ်တွင် ယာဉ်မတော်တဆမှု များပြားသည်။ အထင်ရှားဆုံးဖြစ်ရပ်မှာ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း Chase Jones အမည်ရှိသူတစ်ဦးက မဆင်မခြင် မောင်းနှင်မှုကြောင့် အသက် ၁၂ နှစ်မှ ၁၃ နှစ်ကြားရှိ ကလေး ၃ ဦးနှင့် လူကြီးတစ်ဦး သေဆုံးခဲ့ရမှု ဖြစ်သည်။

ယခင်ကလည်း မဆင်မခြင်မောင်းနှင်ခဲ့သည့် မှတ်တမ်းများရှိသည်။ သူသည် လူသေမှုများအတွက် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံလိုက်ရသည်။ သို့သော် အမြန်နှုန်း ကန့်သတ်ထိန်းချုပ်သည့် ကိရိယာသာရှိပါက အဆိုပါ ၄ ဦးလုံး၏ အသက်များအပြင် အခြားပြည်သူများစွာတို့၏ အသက်များ ဆုံးရှုံးခဲ့ရမည် မဟုတ်ချေ။ 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: No fines or speed cameras – this US state is imposing new regulations that will require speed limiters to be installed in vehicles to curb speeding